Author: admin

  • မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

    မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

    by

    in

    မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရက်ရှည်ကင်းပုန်းဝပ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၃ ကြိမ်တိုင် ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ MPDF – DEMO တပ်ခွဲထံက သိရပါတယ်။ ဒါ့အပြင် ပြည်သူကို ဖမ်းဆီးကာ ဓားစာခံလုပ်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို စောင့်ကြိုပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ လွတ်မြောက်လာတဲ့ ဓားစာခံပြည်သူတွေထံက သိရကြောင်း MPDF – DEMO က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို DEMO၊ မုံရွာခရိုင်အမှတ်(၁)တပ်ရင်း၊…

  • အမေရိကန်က NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ကို ပစ်မှတ်ထားဟု စစ်ကောင်စီက စွပ်စွဲချက်ထုတ်ပြန်၊ MNDAA ၊ TNLA နှင့် NUG တို့ စစ်ရေးမဟာ မိတ်ဖွဲ့ထားဟု စစ်ကောင်စီက ထိုးနှက်

    အမေရိကန်က NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ကို ပစ်မှတ်ထားဟု စစ်ကောင်စီက စွပ်စွဲချက်ထုတ်ပြန်၊ MNDAA ၊ TNLA နှင့် NUG တို့ စစ်ရေးမဟာ မိတ်ဖွဲ့ထားဟု စစ်ကောင်စီက ထိုးနှက်

    by

    in

    အမေရိကန်က NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ကို ပစ်မှတ်ထားဟု စစ်ကောင်စီက စွပ်စွဲချက်ထုတ်ပြန်၊ MNDAA ၊ TNLA နှင့် NUG တို့ စစ်ရေးမဟာ မိတ်ဖွဲ့ထားဟု စစ်ကောင်စီက ထိုးနှက် ရန်ကုန်၊ စက်တင်ဘာ ၂၆ အမေရိကန်နိုင်ငံသည် NUG ကို နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ ထုတ်ပေးပြီး တရုတ်ကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက စွပ်စွဲထုတ်ပြန်လိုက်ပြီး MNDAA ၊ TNLA နှင့် NUG တို့သည်လည်း စစ်ရေးမဟာမိတ်ဖွဲ့ထားကြောင်း ထိုးနှက်ပြောဆိုသည်။ MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူတို့သည် NUG နှင့်…

  • KTV မှာ အကြွေးမပေးတဲ့ အုပ်ချုပ်ရေးမှူး ဓားထိုးခံရ

    KTV မှာ အကြွေးမပေးတဲ့ အုပ်ချုပ်ရေးမှူး ဓားထိုးခံရ

    by

    in

    KTV မှာ အကြွေးမပေးတဲ့ အုပ်ချုပ်ရေးမှူး ဓားထိုးခံရ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂၅ ရက် ဧရာ၀တီတိုင်း၊ မြောင်းမြမြို့မှာ စက်တင်ဘာ ၂၄ ရက်နေ့ ညက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဟာ KTV မှာ အကြွေးမပေးတာကြောင့် ဓားထိုးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တည်းဖြတ်/ထုတ်လုပ် – ဧရာဝတီတိုင်းမ် မြောင်းမြတွင် အုပ်ချုပ်ရေးမှူးတစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂၅ ရက် ဧရာ၀တီတိုင်း၊ မြောင်းမြမြို့တွင် စက်တင်ဘာ ၂၄ ရက်နေ့ ညက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရကြောင်း ဒေသခံများထံက သိရသည်။ ဓားဖြင့်ထိုးခံရသူမှာ မဲကျော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသက်ပိုင်ဟုသိရပြီး ည ၁၂နာရီ ၃၀ခန့်က သီရိမြင့်မိုရ် တည်းခိုခန်းတွင်ရှိနေစဉ်…

  • သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး၊ အမျိုးသမီးများအပါအဝင် ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရ

    သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး၊ အမျိုးသမီးများအပါအဝင် ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရ

    by

    in

    သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး၊ အမျိုးသမီးများအပါအဝင် ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရ ရန်ကုန်| စက်တင်ဘာ ၂၆ ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈နာရီ ဝန်းကျင်အချိန် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ရာ ကလေး၊ အမျိုး သမီးများ အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီက သံတွဲမြို့တော်ခန်းမနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးများ အပါအဝင် ယင်းပတ် ဝန်းကျင်ရှိ နေအိမ်များအပေါ်သို့ လေကြောင်းမှတစ်ဆင့် ဗုံးများကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်နှင့် အဆောက် အအုံများလည်း ပျက်စီးမှုများပြားကြောင်း၊ ပြည်သူများ သေဆုံးမှုနှင့် ထိခိုက်မှုလည်း များပြားကြောင်း သိရှိရသည်။…

  • ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

    ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

    by

    in

    ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ စက်တင်ဘာ ၂၆၊ ၂၀၂၄ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှာ တစ်အိမ်ထောင် စစ်မှုထမ်းကြေး ၃သိန်း တောင်းခံနေတဲ့ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးသိန်းဦးကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းပြီး လေသေနတ် ၁လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်။ စက်တင်ဘာ ၂၄ရက်၊ ညနေပိုင်းက ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူး သိန်းဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲ ဝင်ရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့ သူကိုဝင်ဖမ်းဖို့ခေါ်တဲ့အခါမှာ လေသေနတ် ၁ဖက်၊ ဓား ၁ဖက် ကိုင်ပြီး အိမ်ထဲကထွက်လာတယ်။ အဲ့ဒါ လက်နက်တွေချခိုင်းတာ မချဘဲနေလို့ ပစ်ခတ်လိုက်ရတာပါ”…

  • မန္တလေး၊တံတားဦး၊ မုံရွာအပါအဝင် ​ဒေသအချို့၌ စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ်များအားလိုက်လံဖမ်းဆီးနေ

    မန္တလေး၊တံတားဦး၊ မုံရွာအပါအဝင် ​ဒေသအချို့၌ စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ်များအားလိုက်လံဖမ်းဆီးနေ

    by

    in

    မန္တလေး၊တံတားဦး၊ မုံရွာအပါအဝင် ​ဒေသအချို့၌ စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ်များအားလိုက်လံဖမ်းဆီးနေ အင်ကြင်း/People’s Spring မန္တလေး၊ မုံရွာ အစရှိသည့် မြို့ကြီးများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့၌ စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် အဓမ္မလိုက်လံဖမ်းဆီးခေါ်ဆောင်နေကြောင်း​ဒေသခံများက​​ပြောသည်။ ▪︎တံတားဦး မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် စစ်ကောင်စီက စက်တင်ဘာ ၂၅ရက်နံနက်ပိုင်းမှစတင်ကာ တံတားဦးမြို့ပေါ်နှင့် ကျေးရွာများ၊ အင်းဝမြို့ဟောင်းအတွင်းရှိ ရပ်ကွက်များမှ အမျိုးသားများအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေသဖြင့် အများအပြားဖမ်းဆီးခံ​နေရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းကပင် အင်းဝမြို့ဟောင်းရှိ ရပ်ကွက်များမှ အမျိုးသားဆယ်ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း၊ အလားတူ တံတားဦးမြို့ပေါ်နှင့်ကျေးရွာများကိုပါ လိုက်လံဖမ်း​ဆီးခဲ့ရာ တစ်ရာထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။ “လမ်းပေါ်တက်တဲ့သူမှန်သမျှ အကုန်ဆွဲတာ။ လကုန်အထိ ဆွဲမယ်ပြောတယ်။ မနေ့ညတုန်းကလည်း…

  • ရန်ကုန်တိုင်းအတွင်းမှ အုပ်ချုပ်ရေးမှူးများ သန်းခေါင်စာရင်း ကောက်ယူချိန်နှင့် တာဝန်ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြဘဲ ရပ်ရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် တိုင်းစစ်ကောင်စီက မှာကြား

    ရန်ကုန်တိုင်းအတွင်းမှ အုပ်ချုပ်ရေးမှူးများ သန်းခေါင်စာရင်း ကောက်ယူချိန်နှင့် တာဝန်ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြဘဲ ရပ်ရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် တိုင်းစစ်ကောင်စီက မှာကြား

    by

    in

    ရန်ကုန်တိုင်းအတွင်းမှ အုပ်ချုပ်ရေးမှူးများ သန်းခေါင်စာရင်း ကောက်ယူချိန်နှင့် တာဝန်ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြဘဲ ရပ်ရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် တိုင်းစစ်ကောင်စီက မှာကြား ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လာမည့်အောက်တိုဘာလ သန်းခေါင်စာရင်းကောက် ယူချိန်နှင့် ရပ်ရွာတာဝန်ထမ်းများကို ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြရန်နှင့် ရပ်ရွာ တာဝန် များ ထမ်းဆောင်ချိန်တွင်လည်း ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် ရန်ကုန်တိုင်းစစ်ကောင်စီက မှာကြားချက်ထုတ်ပြန်ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးကြည်ထွန်းနှင့် ရာအိမ်မှူး ဆွေမြင့်အောင်တို့ ပစ်ခတ်ခံ၍ သေဆုံးသွားခဲ့ခြင်း၊ Non-CDM ဝန်ထမ်းများ၊ သန်းခေါင်စာရင်းနှင့်ရွေးကောက်ပွဲမဲစာရင်း ကောက်ယူသူများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုသော ကြေညာချက်များ ထွက်ပေါ်လာသည့်အတွက် ရန်ကုန်တိုင်းစစ်ကောင်စီက ထိုသို့…

  • တံတာဦးတွင် ဗိုလ်မှူးသန်းနိုင်ဦး၏ အမိန့်ဖြင့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး၊ ယနေ့တွင်လည်း  ပေါ်တာဆွဲ ဖမ်း ဆီးမှုများ လုပ်နေ

    တံတာဦးတွင် ဗိုလ်မှူးသန်းနိုင်ဦး၏ အမိန့်ဖြင့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး၊ ယနေ့တွင်လည်း ပေါ်တာဆွဲ ဖမ်း ဆီးမှုများ လုပ်နေ

    by

    in

    တံတာဦးတွင် ဗိုလ်မှူးသန်းနိုင်ဦး၏ အမိန့်ဖြင့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး၊ ယနေ့တွင်လည်း ပေါ်တာဆွဲ ဖမ်း ဆီးမှုများ လုပ်နေ ရန်ကုန်၊ စက်တင်ဘာ ၂၆ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးသန်းနိုင်ဦး၏ အမိန့်ဖြင့် အောက်တိုဘာလအတွင်း စတင်မည့် စစ်မှုထမ်း အပတ် စဉ် ၆ အတွက် လူငယ် ၁၀၀ ကျော်ကို ယမန့်နေ့တွင် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများနှင့် မြို့နယ်စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။ တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှု ထမ်းသင်တန်းများအတွက် လိုအပ်သော လူ ငယ်အရေအတွက် စုဆောင်းပေးနိုင်ခြင်းမရှိသဖြင့် တံတားဦးမြို့နယ် တာ၀န်ခံ ဗိုလ်မှူးသန်းနိုင်ဦးက ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ရန်…

  • ရန်ကုန်လေဆိပ်တွင် ယမန်နေ့ ” ပြည်ပသို့ အလည်အပတ် သွားမည်” ဟု ဖြေဆိုသူအများစုကို အထောက်အထားအပြည့်အစုံရှိသည့်ကြားမှ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်း၊ စစ်မှုထမ်းအပတ်စဉ် ၆ ခေါ်ယူမည်ဖြစ်၍  စီမံချက်အရ ယာယီတင်းကျပ်စိစစ်ဟုဆို

    ရန်ကုန်လေဆိပ်တွင် ယမန်နေ့ ” ပြည်ပသို့ အလည်အပတ် သွားမည်” ဟု ဖြေဆိုသူအများစုကို အထောက်အထားအပြည့်အစုံရှိသည့်ကြားမှ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်း၊ စစ်မှုထမ်းအပတ်စဉ် ၆ ခေါ်ယူမည်ဖြစ်၍ စီမံချက်အရ ယာယီတင်းကျပ်စိစစ်ဟုဆို

    by

    in

    ရန်ကုန်လေဆိပ်တွင် ယမန်နေ့ ” ပြည်ပသို့ အလည်အပတ် သွားမည်” ဟု ဖြေဆိုသူအများစုကို အထောက်အထားအပြည့်အစုံရှိသည့်ကြားမှ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်း၊ စစ်မှုထမ်းအပတ်စဉ် ၆ ခေါ်ယူမည်ဖြစ်၍ စီမံချက်အရ ယာယီတင်းကျပ်စိစစ်ဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာလ ၂၅ ရက်နေ့ ပြည်ပသို့ အလည်အပတ် ထွက်ခွာသူများကို အ ထောက်အထားအပြည့်အစုံ ပြသနိုင်သည့်တိုင် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်းကြောင်း လေဆိပ်မှ လှည့်ပြန်လာရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသူများအနက်မှ အကြောင်းအရာ မရှိဘဲ “အလည်အပတ် သွားမည်ဟု” ဟု ဖြေဆိုသူများ ရန်ကုန်လေဆိပ်တွင် လေယာဉ်ပေါ် တက်ခွင့်မပေးကြောင်း၊ အသွားအပြန်လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊…

  • ပြင်ဦးလွင် ခရီးစဉ်ကို လျှို့ဝှက်သွားလာခဲ့သည့် စစ်ခေါင်းဆောင်က စစ်လက်ရုံးဗိုလ်လောင်းများကို စိစစ်ရွေးချယ်ခဲ့

    ပြင်ဦးလွင် ခရီးစဉ်ကို လျှို့ဝှက်သွားလာခဲ့သည့် စစ်ခေါင်းဆောင်က စစ်လက်ရုံးဗိုလ်လောင်းများကို စိစစ်ရွေးချယ်ခဲ့

    by

    in

    ပြင်ဦးလွင် ခရီးစဉ်ကို လျှို့ဝှက်သွားလာခဲ့သည့် စစ်ခေါင်းဆောင်က စစ်လက်ရုံးဗိုလ်လောင်းများကို စိစစ်ရွေးချယ်ခဲ့ ဧရာဝတီတိုင်းမ် စက်တင်ဘာ ၂၅ ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်လက်ရုံးရွေးချယ်ပွဲသို့ ၎င်းကိုယ်တိုင်သွား ရောက်ရွေးချယ်ခဲ့ကြောင်း သိရသည်။ စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA အပတ်စဉ် (၆၇) နှင့် စက်တင်ဘာ ၂၄ ရက်နေ့တွင် တပ်မတော်နည်းပညာတက္က သိုလ် DSTA အပတ်စဉ် (၂၇) မှ ဗိုလ်လောင်းများကို စိစစ်ရွေးချယ်ပေးခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြထားသည်။ “စစ်ခေါင်းဆောင်ကိုယ်တိုင် ရုတ်တရက်ရောက်လာပြီး ရွေးချယ်ပွဲကို ကိုယ်တိုင်လုပ်သွားတာ။ ပြောရရင် ဒုချုပ်လုပ်မယ်ထင်ထားတာ။ သူလာမယ်ဆိုတဲ့ သတင်းလည်းမရဘူး။ ရှေ့ရက်တွေကတည်း ကတော့ နယ်မြေရှင်းလင်း လမ်းကြောင်းချတာတော့ရှိတာပေါ့ နော်။ ကြိုတင်အကြောင်း…