Author: admin
-
မန္တလေးမှာ မိုးသည်းလို့ ငလျင်ထိထားတဲ့ အဆောက်အအုံပြိုကျပြီး လူနှစ်ဦးထိခိုက် ■ချမ်းမြသာစည်၊ကံရွာရပ်ကွက်ဗလီမှာဝတ်ပြုဖို့ ယာယီဆောက်လုပ်ထားတဲ့ အဆောက်အဦပြိုကျ
မန္တလေးမှာ မိုးသည်းလို့ ငလျင်ထိထားတဲ့ အဆောက်အအုံပြိုကျပြီး လူနှစ်ဦးထိခိုက် ■ချမ်းမြသာစည်၊ကံရွာရပ်ကွက်ဗလီမှာဝတ်ပြုဖို့ ယာယီဆောက်လုပ်ထားတဲ့ အဆောက်အဦပြိုကျ မေ ၁၀၊ ၂၀၂၅။Scorpio၊ကဖေး/People’s Spring မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ငလျင်ထိထားတဲ့ အဆောက်အအုံတချို့ ပြိုကျလို့ လူနှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၁၀ရက် ညနေ ၃နာရီခွဲခန့်က မန္တလေးမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မဟာအောင်မြေမြို့နယ်၊ ၇၄လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ အဆောက်အအုံတစ်ခု ပြိုကျပြီး လူထိခိုက်မှုရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ” လူနှစ်ဦးကယ်ဆယ်ပြီး တယောက်မှာစိုးရိမ်ရတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ချမ်းမြသာစည်မြို့နယ်၊ ကံရွာရပ်ကွက် ဗလီမှာလည်း ဝတ်ပြုဖို့ ယာယီဆောက်လုပ်ထားတဲ့ အဆောက်အဦပြိုကျတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဆောက်အဦး…
-
မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းကျခြင်းနှင့် မိုးသီးကြွေမှုတို့ကြောင့် အဆောက်အဦးပြိုကျခြင်းနှင့် အမိုးများ လွှင့်ကျခြင်းတို့ဖြစ်ပွားကာ လူတချို့ ထိခိုက်
မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းကျခြင်းနှင့် မိုးသီးကြွေမှုတို့ကြောင့် အဆောက်အဦးပြိုကျခြင်းနှင့် အမိုးများ လွှင့်ကျခြင်းတို့ဖြစ်ပွားကာ လူတချို့ ထိခိုက် ရန်ကုန်၊ မေ ၁၀ မန္တလေးတွင် ယနေ့ မွန်းလွဲပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းကျခြင်းနှင့် မိုးသီးကြွေမှုတို့ကြောင့် အဆောက်အဦတစ်ခုပြိုကျခြင်းနှင့် အမိုးတချို့ လွှင့်ကျခြင်းတို့ဖြစ်ပွားကာ လူတချို့ ထိခိုက်ခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် လူမှုကွန်ရက်တွင် သတင်းများဖော်ပြထားမှုကြောင့် သိရှိရသည်။ ယနေ့ မွန်းလွဲ ၃ နာရီအချိန်မှစတင်၍ မန္တလေးတစ်မြို့လုံးတွင် မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ မိုးသီးများ ကြွေခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ထိုသို့ မိုးလေကျစဉ် ၇၄ လမ်း ၃၇×၃၈ လမ်းအနီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသော အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး လူတချို့ ထိခိုက်ခဲ့ကြောင်း၊ ၁ ဦးမှာမူ…
-
ငလျင်ဒဏ်သင့်နေပြည်တော်၌ ဖျက်ရမည့် အနီရောင်အဆင့် အဆောက်အဦ ၅၀၀ကျော်ရှိ
ငလျင်ဒဏ်သင့်နေပြည်တော်၌ ဖျက်ရမည့် အနီရောင်အဆင့် အဆောက်အဦ ၅၀၀ကျော်ရှိ မေ ၁၀၊၂၂၀၂၅။ရဲခေါင်/People’s Spring စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်၌ ငလျင်ဒဏ်ကြောင့် ဖျက်ရမည့် အနီရောင်အဆင့် အဆောက်အဦ ၅၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးမောင်ဌေးက ပြောသည်။ ယနေ့(မေ ၁၀ ရက်)ပြုလုပ်သည့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီးနောက်ပိုင်း ကနဦးလေ့လာတွေ့ရှိမှုများ တင်ပြဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း အသိပေးခဲ့သည်။ “မတ်လ ၂၈ ရက်မှဖြစ်လာတော့ မြန်မာနိုင်ငံတော်ကနေ ဖွဲ့စည်းပေးထားတဲ့ ကျွန်တော်တို့အဖွဲ့တွေကသွားရပါတယ်။ဆောက်လုပ်ရေးဝန်ကြီးကနေဦးစီးပြီးတော့ အရောင်သုံးမျိုးပေါ့ဗျာ။ခင်ဗျားတို့လည်း သိပြီးသားပေါ့။မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အပါအဝင် အထပ်မြင့်ကော်မတီရော အားလုံးပါဝင်တယ်။နေ ပြည်တော်မှာဆို အနီရောင်ဆိုပြီး ပြထားတဲ့ဖျက်ရမယ်ဆိုတဲ့ အဆောက်အဦးတွေကို သေချာအောင်ပြန်စစ်ရပါတယ်။အဆောက်အဦပေါင်း ၅၀၀ ကျော်ရှိတယ်။ကျွန်တော်တို့ အသင်းချုပ်က ၁၁၅ ခုလောက်စစ်ပေးခဲ့တယ်။နောက်ထပ်လည်းအထပ်မြင့်ကော်မတီက သွားပါလိမ့်မယ်။မန္တလေးလည်းသွားနေတယ်။စစ်ကိုင်းလည်း ကျွန်တော်တို့ လုပ်နေပါတယ်။အင်းလေးဒေသ မှာလည်း ကျွန်တော်တို့ပါ ပါတယ်”ဟု…
-
မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျစွာ အာမခံပေးရန် တရုတ်သမ္မတတောင်းဆိုမှု မင်းအောင်လှိုင်က အစွမ်းကုန် အာမခံပေးသွားမည်ဟု တုံ့ပြန်
မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျစွာ အာမခံပေးရန် တရုတ်သမ္မတတောင်းဆိုမှု မင်းအောင်လှိုင်က အစွမ်းကုန် အာမခံပေးသွားမည်ဟု တုံ့ပြန် ရန်ကုန်၊ မေ ၁၀ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျစွာ အာမခံ ပေးရန် တရုတ်သမ္မတရှီကျင့်ပင်က တောင်းဆိုလိုက်ပြီး အကြမ်းဖက် မင်းအောင်လှိုင်ကလည်း အစွမ်း ကုန် အာမခံပေးသွားမည်ဟု တုံ့ပြန်ပြောဆိုသည်။ ယမန်နေ့ တရုတ်သမ္မတနှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောဆိုကြခြင်းဖြစ်ကြောင်း တရုတ် ဆင်ဟွာသတင်းဌာနက သတင်းဖော်ပြသည်။ တရုတ်သမ္မတက မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ အာမခံပေးရန်၊အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုးမြှင့် တိုက်ဖျက်ရန်…
-
မြန်မာကို ခရီးမသွားသင့်သည့် အနီရောင်အဆင့်နိုင်ငံအဖြစ် အမေရိကန် ထပ်မံသတ်မှတ်
မဇ္ဈိမ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံကို ခရီးမသွားသင့်သည့် နိုင်ငံများအဖြစ် ယင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မေလ ၈ရက်က ထပ်မံဖော်ပြလိုက်သည်။ အမေရိကန်သည် ခရီးသွားလာရန်မသင့်သော နိုင်ငံများကို အဆင့် (၁ )မှ (၄ )အထိ သတ်မှတ်လေ့ရှိပြီး အဆင့် (၄ )က အမြင့်ဆုံးသတိပေးချက်ဖြစ်သည်။ အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်နိုင်ခြေရှိသော နေရာများကို အဆင့် (၄) အဖြစ် သတ်မှတ်လေ့ရှိသည်။ အမေရိကန်က အဆင့် (၁) အပြာရောင်၊ အဆင့် (၂ )အဝါရောင်၊ အဆင့် (၃) လိမ္မော်ရောင်၊ အဆင့် (၄ )အနီရောင် တို့ကို ထုတ်ပြန်ပြီး၊ နိုင်ငံများကို ခရီးသွားလာမှုနှင့် ပတ်သက်ပြီး အဆင့်သတ်မှတ်လေ့ရှိသည်။ အနီရောင် အဆင့် (၄ )သည်…
-
ရုရှားနည်းပညာဖြင့် နူကလီးယားဓာတ်အားစက်ရုံ စစ်တပ်က တည်ဆောက်ရန်ရှိနေမှု မြန်မာနှင့်ထိုင်းပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်ဟု KNU က ထုတ်ပြန်
ရုရှားနည်းပညာဖြင့် နူကလီးယားဓာတ်အားစက်ရုံ စစ်တပ်က တည်ဆောက်ရန်ရှိနေမှု မြန်မာနှင့်ထိုင်းပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်ဟု KNU က ထုတ်ပြန် ရန်ကုန်၊ မေ ၁၀ ရုရှားနည်းပညာဖြင့် အနူမြူဓာတ်အားပေးစက်ရုံ စစ်ကောင်စီက တည်ဆောက်မည့် အခြေအနေကြောင့် မြန်မာနှင့်ထိုင်းပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း KNU က မေလ ၉ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။ မေလ ၉ ရက်နေ့ ၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထီးခီးဒေသကို KNLA က ပြန်လည် သိမ်းပိုက်ပြီးနောက် ထီးခီးစစ်ရေး အခြေအနေနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်တလျှောက် နေထိုင်သော ထိုင်းပြည်သူမျာသို့ အသိပေးကြေညာချက်တစ်ရပ်ကို မြိတ်-ထားဝယ်ခရိုင် KNU က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။…
-
တရုတ်စီမံကိန်း ဘေးကင်းရေး အစွမ်းကုန် အာမခံပေးမည်ဟု စစ်ခေါင်းဆောင်က တရုတ်သမ္မတကိုပြော
တရုတ်စီမံကိန်း ဘေးကင်းရေး အစွမ်းကုန် အာမခံပေးမည်ဟု စစ်ခေါင်းဆောင်က တရုတ်သမ္မတကိုပြော 001 မဇ္ဈိမ။ ။ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုအား အစွမ်းကုန် အာမခံပေးသွားမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမှုတွင်ပြောကြောင်း တရုတ်ပိုင်သတင်းဌာန ဆင်ဟွာက မေလ -၉ ရက်နေ့ ညပိုင်းတွင် ရေးသားသည်။ စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတတို့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် နှစ် ၈၀ ပြည့် ရုရှားအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်စဉ်ကာလအတွင်း မေလ ၉ ရက်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဘက်က မြန်မာရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ အာမခံပေးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က…
-
လေထုမငြိမ်သက်မှုဖြစ်ပေါ်နေ၍ မေ ၁၀ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးကြီးနိုင်မည်
လေထုမငြိမ်သက်မှုဖြစ်ပေါ်နေ၍ မေ ၁၀ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးကြီးနိုင်မည် ဧရာဝတီတိုင်းမ် မေ ၉ ရက် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်သက်မှုဖြစ်ပေါ်နေ၍ မေ ၁၀ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းနေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က သတိပေးထားသည်။ အထူးသဖြင့် ငလျင်ဘေးဒဏ် ခံခဲ့ရသည့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ မိုးအနည်းငယ်ရွာသွန်းမှုမှ မိုးပို၍သည်းထန်နိုင်သည်ဟု မိုး/ဇလက ဆိုထားသည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့၌လည်း နေရာအနှံ့ မိုးထစ်ချုန်းပြီး ရွာနိုင်သည့်အပြင်၊ အချို့နေရာများ၌…
-
မြန်မာ့နိုင်ငံရေးတွင် သတိကြီးကြီး အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ရန် တရုတ်သမ္မတရှီကျင့်ပင်က မင်းအောင်လှိုင်ကို တိုက်တွန်း 🟥 မင်းအောင်လှိုင် ရုရှားယနေ့ ထွက်ခွာပြီး ညပိုင်း နေပြည်တော် ပြန်လည် ရောက်ရှိမည်
မြန်မာ့နိုင်ငံရေးတွင် သတိကြီးကြီး အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ရန် တရုတ်သမ္မတရှီကျင့်ပင်က မင်းအောင်လှိုင်ကို တိုက်တွန်း 🟥 မင်းအောင်လှိုင် ရုရှားယနေ့ ထွက်ခွာပြီး ညပိုင်း နေပြည်တော် ပြန်လည် ရောက်ရှိမည် ရန်ကုန်၊ မေ ၁၀ မြန်မာ့နိုင်ငံရေးတွင် သတိကြီးကြီး အနာဂတ်အတွက် အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ရန် တရုတ်သမ္မတရှီကျင့်ပင်က မင်းအောင်လှိုင်ကို တိုက်တွန်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ningက သတင်းထုတ် ပြန်သည်။ ယမန်နေ့ ရုရှားနိုင်ငံ၊ မော်စကိုတွင် အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်နှင့်တွေ့ဆုံခွင့်ရရှိခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် တရုတ်သမ္မတက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် သတိကြီးစွာ၊ အနာဂတ်အတွက် အမျှော် အမြင်ကြီးစွာဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ တရုတ်အနေဖြင့် ငလျင်ဘေးကြောင့် ပြိုကျပျက်စီးမှုများ ပြန်လည် တည်ဆောက်ရေး ကူညီမည်ဖြစ် ကြောင်း၊…
-
အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်းမြိုသိမ်းတိုက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပကဖ ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပ
အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်းမြိုသိမ်းတိုက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပကဖ ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပ အမ်း တိုက်ပွဲများအတွင်း စစ်ကိုင်း ပကဖမှ ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ … မေ ၉၊ ၂၀၂၅ အာရက္ခတပ်တော်(AA) နဲ့အတူ ရခိုင်ပြည်နယ် အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်း မြို့သိမ်းတိုက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဆိုပါ အမ်းမြို့တိုက်ပွဲဝင် အောင်ပွဲရ ရဲဘော်တွေကို စစ်ကိုင်းတိုင်း ပကဖမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ခဲ့ပြီး၊ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ကြေးများပေးအပ်ကာ ရဲဘော်များမှ ဂုဏ်ပြုဦးညွှတ်အလေးပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။…