Author: admin
-
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့… မေ ၁၄ ၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဦးမောင်မောင်ဆွေက တပ်ရင်း (၉၀၁) ရဲဘော်တွေနဲ့ တွေ့ဆုံရာမှာ ရဲဘော်တွေရဲ့ တော်လှန်ရေးအပေါ် အာရုံစိုက်ပါဝင်တိုက်ပွဲဝင်နေမှုကို လေးစားပြီး COC(၂)ရပ် လိုက်နာနိုင်တဲ့ ရဲဘော်ကောင်းတွေ ဖြစ်ရေး အရေးကြီးသလို တော်လှန်ရေးဟာ လူငယ်ရဲဘော်တွေရဲ့ အားနဲ့ တိုက်ပွဲဝင်ရင်း အနိုင်ရမှာဖြစ်တယ်လို့ အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်…
-
ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများအနက်မှ ကလေးငယ် ၂ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၄ ဦးအထိရှိလာ
ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများအနက်မှ ကလေးငယ် ၂ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၄ ဦးအထိရှိလာ ရန်ကုန်၊ မေ ၁၄ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်း ဗုံးကျဲခံရပြီး ဒဏ်ရာရရှိသူများ အနက် ကလေးငယ် ၂ ဦးထပ်မံသေဆုံးသွားသဖြင့် စုစုပေါင်းသေဆုံးသူ ၂၄ ဦးရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်း ကို အကြမ်းဖက်စစ်ကောင်စီ ၏ မိတ္ထီလာအခြေစိုက် ရှမ်းတဲလေး လေတပ်မှ တက်လာသည့် MiG-29 Fighter အမျိုးအစားတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်…
-
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ ရန်ကုန်၊ မေ ၁၄ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။ မေလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ ခမရ ၂၄ တပ်ရင်း၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း စခန်းမကျစေရေးအတွက်…
-
ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေး
ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေး ရန်ကုန်၊ မေ ၁၄ အရပ်သား ပြည်သူများကို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများမှာ စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတိပေးပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်သူများ သေဆုံးစေခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ AA ၏ သဘောထားကို ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်းပြောဆို သတိပေးလိုက်ခြင်းဖြစ်သည်။ “ဒီလိုမျိုး ဘာတိုက်ပွဲမှ မရှိတဲ့နေရာမှာ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်ဆိုတာက ဒါဟာ စစ်ရာဇဝတ်မှုကို…
-
တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ KNU သိမ်းယူ
တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ KNU သိမ်းယူ မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။ တာလယ်ဗျူဟာစခန်းကို KNU က အပြီးသတ်သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ဝန်းကျင်သေဆုံးသလို ၂၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ KNU ဘက်ကလည်း တပ်မဟာ (၇)လက်အောက်ခံ…
-
ရန်ကုန်တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသား မောင်ထက်ဝေယံ အပါအဝင် လူငယ် ၂ ဦးကို စစ်သားအဖြစ် ရောင်းစားခံရမှု စစ်တပ်လော်ဘီများ ဝန်ခံ၊ လှည်းကူးတွင်လည်း လူစားထိုး စစ်မှုထမ်းများ အရောင်းအဝယ်လုပ်နေ
ရန်ကုန်တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသား မောင်ထက်ဝေယံ အပါအဝင် လူငယ် ၂ ဦးကို စစ်သားအဖြစ် ရောင်းစားခံရမှု စစ်တပ်လော်ဘီများ ဝန်ခံ၊ လှည်းကူးတွင်လည်း လူစားထိုး စစ်မှုထမ်းများ အရောင်းအဝယ်လုပ်နေ ရန်ကုန်၊ မေ ၁၄ ရန်ကုန်မြို့တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသားမောင်ထက်ဝေယံ အပါအဝင် လူငယ်များကို စစ်သားအဖြစ် ရောင်းစားခံရမှုများရှိနေကြောင်း စစ်တပ်လော်ဘီများဝန်ခံပြောဆိုလိုက်ကြသည်။ မေလ ၁၃ ရက်နေ့ စစ်တပ်လော်ဘီ နောင်တော်ကလေး လုပ်ကိုင်နေသည့် Myanmar National Post တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ကွမ်းခြံကုန်းမြို့နယ် ပကောက်ကျေးရွာအုပ်စု ပဒုံစောကျေးရွာမှ ကျောင်းသား မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့ ၂ ဦး ရန်ကုန်တွင် သွားရောက် အလုပ်ရှာရာမှ စစ်မှုထမ်း တပ်သားများအဖြစ် ဖမ်းဆီးရောင်းစားခံလိုက်ရကြောင်း မိဘဆွေမျိုးများနှင့်တွေ့ဆုံမေးမြန်း၍ ထုတ်ပြန်ထားသည်။…
-
ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့
ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့ အီသာရမ်/MFP ၊ မေ-၁၃ မကွေးတိုင်း ရေစကြိုမှာ ပျူစောထီးရွာက ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေအသင့် စောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့်သေဆုံးခဲ့တယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်း က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၉ ရက် မနက် ၇ နာရီခန့်မှာ ဆင်ချောင်းပျူစောထီးကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို ဆန်းသစ်ကျေးရွာမြောက်ဘက်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက် ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ၁ နာရီခွဲခန့်…
-
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား ရန်ကုန်၊ မေ ၁၃ စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောင်လုပ်ရမည်ဟု စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လိုက်သော်လည်း စစ်ကောင်စီက ဆောက်လုပ်ခွင့်နှင့်ဖြိုဖျက်ခွင့်များ လုံး၀ ချထားမပေးဘဲ ပိတ်ပင်ထားကြောင်း ရမည်းသင်းအခြေစိုက် ဗလီကျောင်းတော်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီက ငလျင်ကြောင့် ပြိုပျက်သွားသော ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးနှင့်ကျောင်းတိုက်များကိုမူ ကြိုက် နှစ်သက်လို ပြန်လည် တည်ထားခွင့်ပေးထားသော်လည်း ဗလီနှင့်ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကိုမူ မူလအတိုင်းသာ ဆောက်လုပ်ရန်၊ ဆောက်လုပ်ခြင်းနှင့်ဖြိုဖျက်ခြင်းများကိုလည်း စစ်ကောင်စီက ခွင့်ပြုမှသာ လုပ် ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း၊ အမှန်တကယ် ခွင့်ပြုချက်တောင်းခံသောအခါ ဖြိုဖျက် ရှင်းလင်းခွင့်ပင် မပေးဘဲ ပြန်လည်တည်ဆောက်ခွင့်မှာ…
-
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရ
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရ ရန်ကုန်၊ မေ ၁၃ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ဆောထိမြို့နယ် အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီးများဖြင့် သိုက်တူးကုန်း…
-
ရသေ့တောင်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃ဦးရှိလာ ■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေ
ရသေ့တောင်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၃ဦးရှိလာ ■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေ ဆုံးပြီး ၇၀ ဦးထက်မနည်း ဒဏ်ရာရ မေ-၁၃၊၂၀၂၅။ကဖေး/People’s Spring ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို ယနေ့ (မေလ၁၃ရက်) နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရထားသည်။ ထွန်းရေဝကျေးရွာကို နံနက် ၁၀ နာရီခန့်တွင် စစ် တပ်ကဂျက်ဖိုက်တာဖြင့်ဗုံး နှစ်လုံးကြဲခြင်းဟု ရခိုင် ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ” အလောင်းက ၁၃ လောင်းရထားပါတယ်။ဒဏ်ရာရက ၃၀ ကျော်ပြီးလက်ရှိ၂၀ ကျော်ရထားပါတယ်။ထိခိုက်သူ ပိုများလာနိုင်ပါတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများအားလုံး အရပ် သားများဖြစ်ပြီး ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်သည်ဟုစုံစမ်းသိရသည်။ ထွန်းရေဝကျေးရွာကို စစ်ကောင်စီတပ်က လေ…