Author: admin

  • “ရန်ကုန်မြို့မှာ နေထိုင်ကြသူ အားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်း😍”

    “ရန်ကုန်မြို့မှာ နေထိုင်ကြသူ အားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်း😍”

    by

    in

    ရန်ကုန်ကို စိုးရိမ်နေကြသူများအတွက် – ရန်ကုန်ကို ဘယ်မြစ် ဘယ်ချောင်းတွေက ရေလာမလဲ အရင် စဉ်းစားပါ။ အနောက်ဘက်မှာ လှိုင်မြစ်ရှိတယ် ရေတက်နေတယ်။ အလယ်ခေါင်မှာ ငမိုးရိပ်ချောင်းရှိတယ် အများကြီးမတက်သေးဘူး။ ပဲခူးမြစ်ရေနဲ့ စစ်တောင်းတူးမြောင်းက လာမဲ့ရေ ပဲခူးမြစ်ထဲရောက်မယ်။ သံလျှင်ဘက်အခြမ်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်လို နေရာတွေတော့ မြေနိမ့်ရင် ရေတက်နိုင်မယ်။ မိုးမများရင် ၁၇ ရက်နဲ့ ၂၁ ရက်အတွင်း ဒီရေတက်လဲ မှုစရာမရှိပါ။ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယနိုင်ငံကုန်းတွင်းထဲ ဝင်ပြီး မြန်မာပြည်နဲ့ ဝေးသွားတော့မဲ့ အချိန်ဖြစ်လို့ လက်ရှိဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဆိုလဲ ရွာနိုင်မဲ့ မိုးကစက်တင်ဘာ ၂၃ ရက်အထိမများနိုင်တော့ပါ။ ဒါဆိုရင် ရန်ကုန်တမြို့လုံး ရေမြုနိုင်/မမြုပ်နိုင် ဆင်ခြင်တုံတရာလေးသွင်းပြီး စဉ်းစားကြည့်လို့ ရပါပြီ။ ကြောက်လန့်ပြီး နေရာရွှေ့တာအလောတကြီးလုပ်ရင် အရင်ဆုံး စားရိတ်ကုန်မယ်၊ ပြီးရင်နောက်က…

  • တာချီလိတ်မြို့နယ်က မြေပြိုတဲ့နေရာမှာ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အလောင်းခြောက်လောင်းရှာတွေ့

    တာချီလိတ်မြို့နယ်က မြေပြိုတဲ့နေရာမှာ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အလောင်းခြောက်လောင်းရှာတွေ့

    by

    in

    တာချီလိတ်မြို့နယ်က မြေပြိုတဲ့နေရာမှာ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အလောင်းခြောက်လောင်းရှာတွေ့ စက်တင်ဘာ ၁၄၊ The Nation Voice သတင်း – 555 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် ကျောက်တောင်အပိုင်း ဝမ်မိုင်မှာ ရေကြီးပြီးမြေပြိုကျခဲ့လို့ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အလောင်းခြောက်လောင်းရှာတွေ့ ခဲ့တယ်လို့ဒေသခံတွေပြောပါတယ်။ စက်တင်ဘာ ၁၁ရက်နေ့ နေ့လည်ပိုင်းက ကျောက်တောင်အပိုင်း ဝမ်မိုင်ရှိ ရာဘာခြံတောင်ကနေ နေအိမ်ပေါ် သို့မြေပြိုကျလာခဲ့တဲ့အတွက် စက်တင်ဘာ ၁၃ရက်နေ့မှာ ဝင်ရောက်ရှာဖွေကယ်ဆယ်ရာမှာ အလောင်းခြောက်လောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ပြောပါတယ်။ “အသက်သုံးနှစ်အရွယ်ကလေးနဲ့သူ့အမေအလောင်းလည်းရှာတွေ့တယ်။ သားအမိနှစ်ယောက်လုံးမြေပြိုကျပြီးသေသွားတာပါ။ သေဆုံးတဲ့အထဲမှာ ကျန်လေးယောက်လုံးကတော့အမျိုးသား အလောင်းတွေရှာတွေ့တယ်။ ပျောက်နေတဲ့သူတွေရှိနေသေးတယ်။ ဆက်ပြီးတော့ရှာဖွေမှုတွေလုပ်ဆောင်နေတယ်” လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ တာချီလိတ်မြို့မှာ စက်တင်ဘာ ၁၀ရက်ကနေစတင်ပြီး စက်တင်ဘာ…

  • ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို  ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်

    ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်

    by

    in

    ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင် ရန်ကုန်၊ စက်တင်ဘာ ၁၄ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် ဘန်ကာအတွင်းမှ စစ်သားများ လုံခြုံရေးကင်းလဲလှယ်ချိန် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးနိုင် ကြောင်း GOD’S HAND FORCES မှတာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ်ဘန်ကာဂိတ်အတွင်းမှ စစ်သားများနှင့် အပြင်မှ ကားဖြင့်ရောက်ရှိလာ သောအကြမ်းဖက်စစ်သားများ ကင်းအပြောင်းအလဲ ပြုလုပ်စဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၃…

  • အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို

    အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို

    by

    in

    အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို ရန်ကုန်၊ စက်တင်ဘာ ၁၄ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေကြီးရေလျှံမှုကြောင့် ပြည်ပ နိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ပြောဆိုလာကြောင်း သိရှိရသည်။ ယမန်နေ့ နေပြည်တော်နှင့်အနီးတစ်၀ိုက်သို့ ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ် လာသော ပျက်စီးမှုများကို အကြမ်းဖက် မင်းအောင်လှိုင်က သွားရောက် ကြည့် ရှုစဉ် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက် ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန် အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုသည်။ လက်ရှိ ရေကြီးမှုများ ကြုံတွေ့နေရသည့် ရမည်းသင်း၊ တောင်ငူ…

  • “နေပြည်တော် အတွက် တတိုင်းပြည်လုံး ဝမ်းသာကြရမယ့်သတင်းကောင်းဗျို့”

    “နေပြည်တော် အတွက် တတိုင်းပြည်လုံး ဝမ်းသာကြရမယ့်သတင်းကောင်းဗျို့”

    by

    in

    “နေပြည်တော် အတွက် တတိုင်းပြည်လုံး ဝမ်းသာကြရမယ့်သတင်းကောင်းဗျို့” ကြည်တောက်ရှင်းမယ် ၂၀၂၄ စက်တင်ဘာလ ၁၄ရက်နေ့မှ ၁၇ ရက်နေ့အတွင်း မန္တလေးတိုင်း မကွေးတိုင်း နှင့် နေပြည်တော် မိုးကြီးရေလျှံခဲ့သော ဒေသတွေအားလုံးမှာ နေသာချိန်များစွာရရှိနိုင်ပြီး မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိတော့ပါဘူး ရွာလည်းနေရာကျဲကျဲ မိုးဖွဲဖွဲပါပဲ ရေကြီးရေလျှံကတော့ မိုးကြောင့်တော့ ရေထပ်မံမတိုးနိုင်တော့ပါဘူး ယခင်လက်ကျန်ရေပဲဖြစ်နိုင်သလို့ ရေအမြန်လျော့ကျသွားနိုင်ပါတယ် ကြည်နူးပျော်ရွှင်ချမ်းမြေ့ကြပါစေ ISSUED TIME 13/09/2024 8:21pm(MMT) Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 မိုးခွာမုန်တိုင်း စာကိုသေချာဖတ်ပါ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသောလေဖိအားနည်းလေဝဲ 93Bသည် နောက်၄၈နာရီအတွင်း ဘင်္ဂလားဒေချ် နိုင်ငံကမ်းခြေဒေသတွေကိုဝင်ရောက်ကာအိန္ဒိယနိုင်ငံအနောက်ဘင်ဂေါပြည်နယ်ကိုသွားရောက်မှာဖြစ်ပြီး အထက်လေစီးကြောင်းတွေက မြန်မာနိုင်ငံအလယ်ပိုင်းကလေတွေကိုဆွဲယူသွားမှာဖြစ်လို့ လက်ရှိရေကြီးရေလျှံဖြစ်နေ့တဲ့ မန္တလေးတိုင်း နှင့်နေပြည်တော် ဒေသတွေမှာ မိုးခွာသွားတော့မှာဖြစ်လို့ မိုးခွာမုန်တိုင်းလို့အမည်ပေးလိုက်ပါတယ် အားလုံးဘေးရန်ကင်းကွာကြပါစေ Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍…

  • တစ်နိုင်ငံလုံး ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချို၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေယာဉ်ဖြင့် ဗုံးကျဲ

    တစ်နိုင်ငံလုံး ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချို၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေယာဉ်ဖြင့် ဗုံးကျဲ

    by

    in

    တစ်နိုင်ငံလုံး ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချို၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေယာဉ်ဖြင့် ဗုံးကျဲ ရန်ကုန်၊ စက်တင်ဘာ ၁၄ မြန်မာနိုင်ငံတစ်ဝန်းတွင် ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့နယ်၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေ ယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတင်းရင်းမြစ်များ၏ ပြောဆိုချက်နှင့် TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်ထိ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်းသို့ လေကြောင်းမှတစ်ဆင့် ထပ်ခါ ထပ်ခါ လာရောက်ပစ်ခတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့ကြောင်း၊…

  • မြစ်သားမြို့ ကင်းတားဆည်က ‌ရေထုတ်လွှတ်လို့ မြစ်သားတစ်မြို့လုံး ရေမြုပ် ပြည်သူကို ကြိုတင်အသိမပေးဘဲ ရေလွှဲပေါက်လေးခုလုံးကနေ ရေထုတ်လွှတ်ခဲ့ဟုဆို ကယ်ဆယ်ရေးမရှိဘဲ ပြည်သူတွေ ရေဘေးမှာ ပိတ်မိနေကြ

    မြစ်သားမြို့ ကင်းတားဆည်က ‌ရေထုတ်လွှတ်လို့ မြစ်သားတစ်မြို့လုံး ရေမြုပ် ပြည်သူကို ကြိုတင်အသိမပေးဘဲ ရေလွှဲပေါက်လေးခုလုံးကနေ ရေထုတ်လွှတ်ခဲ့ဟုဆို ကယ်ဆယ်ရေးမရှိဘဲ ပြည်သူတွေ ရေဘေးမှာ ပိတ်မိနေကြ

    by

    in

    မြစ်သားမြို့ ကင်းတားဆည်က ‌ရေထုတ်လွှတ်လို့ မြစ်သားတစ်မြို့လုံး ရေမြုပ် ပြည်သူကို ကြိုတင်အသိမပေးဘဲ ရေလွှဲပေါက်လေးခုလုံးကနေ ရေထုတ်လွှတ်ခဲ့ဟုဆို ကယ်ဆယ်ရေးမရှိဘဲ ပြည်သူတွေ ရေဘေးမှာ ပိတ်မိနေကြ ကိုထူး/MFP၊စက်တင်ဘာ-၁၃ မန္တလေးတိုင်း၊ မြစ်သားမြို့နယ် ကင်းတားဆည်‌က ဒေသခံတွေကို ကြိုတင်အသိမပေးဘဲ ရေထုတ်လွှတ်ခဲ့တာ ကြောင့် မြစ်သားတစ်မြို့နယ်လုံး ရေနစ် မြုပ်ပြီး ကယ်ဆယ်ရေးမရှိဘဲ ရေဘေးကြုံနေရတာ ၃ ရက်နီးပါးရှိပြီ လို့ ဒေ သခံတစ်ဦးက စက်တင်ဘာလ ၁၃ ရက် ဒီကနေ့ မှာ MFP ကိုပြောပါတယ်။ မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကင်းတားဆည်ရဲ့ ရေပြည့်မှတ်ရောက်ဖို့ နှစ်ပေခန့် အလိုမှာ ဒေသခံပြည်သူတွေကို ကြိုတင်အသိမပေးဘဲ ဆည်ရေလွှဲပေါက်လေးခုစလုံးကနေ ရေထုတ်လွှတ် ခဲ့တဲ့ အတွက် မြို့နယ်တစ်ခုလုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ဒီကနေ့ထိ ကယ်ဆယ်ရေးမရှိဘဲ…

  • တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ

    တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ

    by

    in

    တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ ရန်ကုန်၊ စက်တင်ဘာ ၁၃ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ် သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဖောင်တော်ဦးကျောင်းဆရာတော်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ မိန့်ကြားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ ဖောင်း တောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး နေအိမ် ၁၀ လုံး၊ ၅ နွားကောင်ရေထဲမျောပါသွားကာ တိုက်အိမ်အချို့နှင့်မြေစိုက်အိမ်အချို့အတွင်းထဲ၌ ရေနွံများ ၃ ပေကျော်နစ်မြုပ်ကျန်ခဲ့ကာ ကျေးရွာ နေပြည်သူ ၁၀၀ ကျော်မှာ ဖောင်တော်ဦးဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေထိုင်ကြရကြောင်း သိရသည်။ “အရေးပေါ်အကူအညီကတော့ ဘယ်ကမှ…

  • ရှမ်းတောင်ပိုင်း ရေဘေးပျက်စီးဆုံးရှုံးမှုများ၊ အောင်ပန်းနှင့်ကလောတွင် လူ ၁၀၀ထက်မနည်း သေဆုံးဟု ​ဒေသခံများ​ပြော

    ရှမ်းတောင်ပိုင်း ရေဘေးပျက်စီးဆုံးရှုံးမှုများ၊ အောင်ပန်းနှင့်ကလောတွင် လူ ၁၀၀ထက်မနည်း သေဆုံးဟု ​ဒေသခံများ​ပြော

    by

    in

    ရှမ်းတောင်ပိုင်း ရေဘေးပျက်စီးဆုံးရှုံးမှုများ၊ အောင်ပန်းနှင့်ကလောတွင် လူ ၁၀၀ထက်မနည်း သေဆုံးဟု ​ဒေသခံများ​ပြော မိထက်/People’s Spring ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာလ ၁၁ရက်က စတင်ခဲ့သည့် ရေဘေးအတွင်း ပျက်စီးဆုံးရှုံးမှုအလွန်များပြားခဲ့ပြီး သေဆုံးသူဦးရေအနည်းဆုံး ၁၀၀ ကျော်အထိရှိနေကြောင်း ဒေသခံများက ပြောသည်။ တောင်ပေါ်မြိုများဖြစ်သည် အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာ ၁၀ရက်ကစ၍ နေရာကွက်မိုးကြီးပြီးနောက် စက်တင်ဘာ ၁၁ရက်နံနက်ကစ၍ တောင်ကျရေဆင်းကာ ဆိုးရွားသည့် ‌ရေဘေးကြုံရခြင်းဟု ဒေသခံများက ပြောသည်။ ” တိုက်တွေပြိုတယ်။ အိမ်တွေ အလုံးလိုက်မျောတယ်။သေတာအခုအထိ သိရ‌သလောက် ၁၂၀ ထက် မနည်းဘူး။ ပျောက်နေသူတွေလည်း များတယ်”ဟု အောင်ပန်းမြို့ခံတစ်ဦးက ပြောသည်။ ကလောမြို့ရေဘေးတွင်လည်း အပျက်အစီးအလွန်များပြားပြီး မြို့အဝင်နေရာနှင့် ရပ်ကွက် (၂၊၃၊၄)တို့၌ အလွန်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။…

  • Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေ၊ သပြေပင်ကျေးရွာ အပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားကာ သေဆုံးသူအရေအတွက် ရာချီရှိနိုင်

    Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေ၊ သပြေပင်ကျေးရွာ အပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားကာ သေဆုံးသူအရေအတွက် ရာချီရှိနိုင်

    by

    in

    Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေ၊ သပြေပင်ကျေးရွာ အပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားကာ သေဆုံးသူအရေအတွက် ရာချီရှိနိုင် ရန်ကုန်၊ စက်တင်ဘာ ၁၃ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ပြီး အလုပ်သမားအများပြား ပျောက်ဆုံးနေကြာင်း အဆိုပါ ရွှေလုပ်ကွက်မှ အလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက်တင်ဘာလ ၁၂ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်ရှိ လုပ်ကွက်များတွင် မြေပြိုကျမှု များ ၊ ရွှေတူးဖော်ရေးလုပ်ကွက်နှင့် အလုပ်သမားများနေထိုင်ရာ နေရာများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း ၊ မိုးထိမိုးမိရွှေတူးဖော်ရေးတွင် လုပ်ကွက်ပေါင်း ၄၀ နီးပါးရှိပြီး…