-
စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးကင်းရန်ကင်း အောင်နိုင်ရေး ယတြာချေ
စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးကင်းရန်ကင်း အောင်နိုင်ရေး ယတြာချေ ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရခိုင်ပြည်၊ စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးရန်အပေါင်းကို အောင်နိုင်ရေး ယတြာချေမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တွေ ဝန်ထမ်း သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့ရှိ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီ၏ ရခိုင်ပြည် ဝန် ကြီးချုပ် ထိန်လင်း ဦးဆောင်၍ ဘုရားပူဇော်ကန်တော့ပွဲနှင့် အနေကဇာတင်ပူဇော်ပွဲဟု အမည်တပ်ကာ ဘေးကင်း ရန်ကင်း အန္တရာယ်အပေါင်းကို အောင်နိုင်စေမည့် ယတြာချေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “ဘုရားကြီးပရဝဏ်ပတ်ပတ်လည်မှာ အောင်သပြေစိုက်တယ်။ အောင်သပြေနဲ့ နံ့သာဖြန်းတယ်။ အောင်မင်္ဂလာ ကုသိုလ်ပြုတယ်။ အောင်နမိတ်ဆောင်တဲ့ တေးဂီတွေကို ရခိုင်စည်တော် မင်္ဂလာအဖွဲ့က တီးမှုတ်ပူဇော်ရတယ်။…
-
ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)
ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ) ဇန်နဝါရီ ၁၄၊ ၂၀၂၅ ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်တစ်ခုဖြစ်သလို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က မွေးထုတ်ပေးခဲ့တဲ့ တပ်ဖြစ်ပြီး One Two Tri ၊ အမှတ် -၁၂၂၂ တပ်ရင်း ၊ ထွိုင်ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးပမ်းတည်ထောင်မှုကြောင့် ပေါ်ပေါက်လာတဲ့ ဗျူဟာ ဖြစ်ပါတယ်။ ရှမ်းမြောက်စစ်ဆင်ရေးအတွင်း မိုးကုတ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့သိမ်းစစ်ဆင်ရေးတွေကို မဟာမိတ် TNLA၊ စစ်ဒေသ (၁) ကွပ်ကဲတဲ့ တပ်ရင်းတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ် ရင်းတွေ၊…
-
မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ကျော်အနက် ၁၀၀ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို
မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ကျော်အနက် ၁၀၀ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို ဟန်နွေ/People’s Spring ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွား၍ KIAပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီ ၈ရက်တွင် စစ်ကောင်စီ၏ မံစီမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂)တို့ကို KIA/KPDFနှင့် ABSDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀၀ ကျော်မှာ မံစီမှ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ထွက်ပြေးသည့် စစ်ကောင်စီတပ်များအား KIA ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ ဇန်နဝါရီ ၉ရက်မှ ဇန်နဝါရီ ၁၂ရက်အတွင်း…
-
AA နှင့်တော်လှန်ရေးတပ်များကို ကြောက်လန့်၍ ချောင်းသာနှင့်ငွေဆောင်တွင် စစ်တပ်က အင်အားတိုးမြှင့်ပြီး စစ်သင်္ဘောတချို့ ကင်းလှည့်၊ လမ်းခရီးနှင့်ဂိတ်များတွင် မှတ်ပုံတင်၊ လက်ကိုင်ဖုန်းများကို တင်းကျပ်စွာ စစ်ဆေးနေ
AA နှင့်တော်လှန်ရေးတပ်များကို ကြောက်လန့်၍ ချောင်းသာနှင့်ငွေဆောင်တွင် စစ်တပ်က အင်အားတိုးမြှင့်ပြီး စစ်သင်္ဘောတချို့ ကင်းလှည့်၊ လမ်းခရီးနှင့်ဂိတ်များတွင် မှတ်ပုံတင်၊ လက်ကိုင်ဖုန်းများကို တင်းကျပ်စွာ စစ်ဆေးနေ ရန်ကုန်| ဇန်နဝါရီ ၁၄ ရခိုင်ပြည် ဂွမြို့နှင့်နီးသည့် ဧရာဝတီတိုင်းထဲက မကျီးဇင်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရွှေသောင်ယံ၊ ငွေဆောင်နှင့်ချောင်းသာဘက်များတွင် စစ်အင်အားတိုးမြှင့်ချထားသည့်အပြင် လမ်းခရီးနှင့် ဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ စစ်သင်္ဘောတချို့ကလည်း ငွေဆောင်နှင့်ချောင်းသာ တကြောတွင် ကင်းလှည့်နေကြောင်း၊ လေယာဉ်များဖြင့်လည်း မကြာခဏ ပျံဝဲ လှည့်လည်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ လတ်တလော အာဏာသိမ်း စစ်ကောင်စီသည် ချောင်းသာမြို့တွင် အထိုင်တပ်စခန်း ၂ ခု ထပ်မံ တိုးချဲ့ တပ်စွဲထားကြောင်း ပုသိမ်သတင်းရင်းမြစ်က ပြောသည်။ “အခုတလော ငွေဆောင်နဲ့ ချောင်းသာဘက်ကို စစ်သင်္ဘောတွေ လှည့်တယ်။…
-
“စကစရဲ့ အကြမ်းဆုံးတပ်မစစ်ကြောင်းကြီး.. စစ်ကြောင်းလိုက်ပြုတ်ပြီဟေ့”
“စကစရဲ့ အကြမ်းဆုံးတပ်မစစ်ကြောင်းကြီး.. စစ်ကြောင်းလိုက်ပြုတ်ပြီဟေ့”
-
စ-စ်-ခွေး ဘိုမူးဂျုတ် ဦးစီးသော ကွင်း(၅၀၀) စ-စ်-ခွေး-စခန်းကြီးအား Mandalay PDF သိမ်းပိုက်
စ-စ်-ခွေး ဘိုမူးဂျုတ် ဦးစီးသော ကွင်း(၅၀၀) စ-စ်-ခွေး-စခန်းကြီးအား Mandalay PDF သိမ်းပိုက် ၂၀၂၅ ဇန်နဝါရီလ ၁၃ရက် စ-စ်-ခွေး ဘိုမူးဂျုတ် ဦးစီးသော အင်အား(၄၀၀) ခန့် အခြေပြုထားသည့် ကွင်း(၅၀၀) စ-စ်-ခွေးစခန်းကြီးအား Mandalay PDFမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အောင်ပွဲမှတ်တမ်းဓါတ်ပုံများဖြစ်ပါသည်။
-
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပေါ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ် ရုံးနှင့် အင်္ဂါစဉ်များကို သတ်မှတ်၍ ယန္တရားနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာလည်း…
-
Non-CDM ဝန်ထမ်းများကြား လုံခြုံရေးစိုးရိမ်မှုမြင့်တက်နေပြီး အလုပ်ထွက်သူများရှိလာ
စစ်ကောင်စီရဲ့ နယ်မြေစွန့်လွှတ်ရမှုတွေ များလာတဲ့အလျှောက် စစ်ကောင်စီလက်အောက်က Non- CDM ဝန်ထမ်းတွေအနေနဲ့ စိုးရိမ်မှုတွေမြင့်တက်နေပြီး အလုပ်ထွက်စာတင်တာတွေ လုံခြုံတဲ့နေရာ ပြောင်းရွှေ့နေထိုင်တာတွေ လုပ်ဆောင်နေကြတယ်လို့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ လတ်တလော တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေ စိုးမိုးမှုအသာစီးရလာနေပြီး သိမ်းပိုက်ရရှိတဲ့နေရာတွေက Non CDM ဝန်ထမ်းတွေရဲ့ နေအိမ်တွေ ရှာဖွေသိမ်းဆည်းခံရတာနဲ့ အဝေးပြေးလမ်းမတွေပေါ် ဖြတ်သန်းသွားလာနေတဲ့ Non CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာတွေကြောင့် ဝန်ထမ်းတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတာလို့ စည်ပင်ရုံး ဝန်ထမ်းတယောက်က ပြောပါတယ်။ “အခု ဝန်ထမ်းတွေကြားမှာ စိုးရိမ်နေတာက ဒီ စစ်တပ်က ရှုံးသွားခဲ့ရင် ငါတို့ ဘယ်လို လုပ်ကြမလဲပေါ့၊ လားရှိုးတို့ မိုးကုတ်မှာ ဝန်ထမ်းတွေ ထွက်ပြေးရတာ ဝန်ထမ်းတွေရဲ့ ပစ္စည်းတွေ အသိမ်းခံရတာတွေ ရှိတယ်လေ။ အခုဆို CDM…
-
စစ်ကိုင်းတိုင်းထဲမှာ ရုံးဖွင့်ပြီး ဝန်ကြီး၊ ဒုဝန်ကြီးတွေ အလုပ်လုပ်မယ်လို့ NUG ပြည်ထဲရေးဝန်ကြီး ပြောကြား
စစ်ကိုင်းတိုင်းထဲမှာ ရုံးဖွင့်ပြီး ဝန်ကြီး၊ ဒုဝန်ကြီးတွေ အလုပ်လုပ်မယ်လို့ NUG ပြည်ထဲရေးဝန်ကြီး ပြောကြား ဇန်နဝါရီ ၁၃ ရက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများကို စုစည်းကာ ယခုလ (ဇန်နဝါရီလ) အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေများတွင် အစိုးရရုံးများ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေပြီး မြေပြင် အုပ်ချုပ်ရေး ယန္တရားများ ဖော်ဆောင်သွားမည်ဟု NUG ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုလတ်က Myanmar Now ကိုပြောသည်။ “သိပ်မကြာခင်မှာ စစ်ကိုင်းတိုင်းမှာ NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊အတွင်းဝန် တွေ၊ နောက်ပြီးတော့ တိုင်းဦးစီးတွေ ၊ ဒုတိုင်း ဦးစီးတွေ စုစည်းပြီးတော့ အလုပ်လုပ်နိုင် တဲ့ ကိစ္စတစ်ခုကို ကျွန်တော်တို့ အခု ဇန်နဝါရီမှာ…
-
ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာရှိ ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များ၊ ဥယျာဉ် မြေကွက်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ထိပ်တန်းအရာရှိများထံသို့ သိန်းရာချီ လာဘ်ထိုး၍ ရောင်းစား
ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာရှိ ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များ၊ ဥယျာဉ် မြေကွက်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ထိပ်တန်းအရာရှိများထံသို့ သိန်းရာချီ လာဘ်ထိုး၍ ရောင်းစား ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ထိပ်တန်းအရာရှိများကို သိန်းရာချီ လာဘ်ထိုး၍ ရောင်းစားမှု ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်းတွင် စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသော တပ်မ ၂ ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းထံသို့ မြောက်ဥက္ကလာမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး အောင်လောဟာကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ချမ်းမြေ့ဝင်းတို့ထံသို့…