-
ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား
ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား ဇန်နဝါရီ ၁၂၊ ၂၀၂၅ မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာ တပ်နယ်နဲ့ မန္တလေး တပ်နယ်တို့က အရာရှိ၊ စစ်သည်၊ မိသားစုတွေကို နယ်မြေခံတပ်ဌာနချုပ်ခန်းမတွေမှာ တွေ့ဆုံစဉ် မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ မြေပြင်မှာ ပြည်သူတွေကို လက်နက်ပြ အနိုင်ကျင့် ဗိုလ်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်ဦးဆောင်ပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်၊ စစ်ကြောင်းထိုးဖို့ အမိန့်ပေးနေတဲ့ မင်းအောင်လှိုင်ကိုယ်တိုင်က လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မလုပ်ဖို့ ပြောဆိုခဲ့ပြန်တာပါ။…
-
တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့
တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့ ဇန်နဝါရီ ၁၂၊ ၂၀၂၅ တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေး (၆၂) နှစ်မြောက်နှစ်ပတ်လည်နေ့အတွက် မန္တလေး PDF က ပေးပို့တဲ့သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာပါ။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးဟာ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ TPCC ဦးဆောင်ရေးဆွဲထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ပြည်သူ့အစိုးရတစ်ရပ် ဖော်ဆောင်မယ်လို့ ကနဦး ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကို တအာင်းမြေကနေ…
-
မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ KIA ပူးပေါင်းတပ်လိုက်လံတိုက်ခိုက်ရာ သေဆုံးမှုများပြား
မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ KIA ပူးပေါင်းတပ်လိုက်လံတိုက်ခိုက်ရာ သေဆုံးမှုများပြား ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ အများအပြား ထပ်မံသေဆုံးခဲ့ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမြောက်တပ်(၃၅၂)တို့ကို KIA၊ KPDFနှင့် ကျောင်းသားတပ် ABSDFပူးပေါင်းတပ်များက ဇန်နဝါရီ ၈ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ် အင်အား ၃၀၀ကျော်ရှိပြီး ဇန်နဝါရီ ၁၁ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထပ်မံသေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ KIA ပူးပေါင်းတပ်၏ လိုက်လံတိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များအနက်မှ တပ်ဖွဲ့ဝင် ၁၀၀ကျော် သေဆုံးခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။…
-
AA က တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ဥသျှစ်ပင်မြို့နှင့် မိုးထိတောင်တွင် ခံစစ် ပြင်နေ၊ ဥသျှစ်ပင်-ပန်းတောင်း လမ်းတစ်လျှောက် ရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်
AA က တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ဥသျှစ်ပင်မြို့နှင့် မိုးထိတောင်တွင် ခံစစ် ပြင်နေ၊ ဥသျှစ်ပင်-ပန်းတောင်း လမ်းတစ်လျှောက် ရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ တစ်ဆင့် AA က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အတွင်းသို့ ဝင်ရောက် တိုက်ခိုက်လာမည်ကိုစိုးရိမ်၍ ဥသျှစ်ပင်မြို့နှင့် မိုးထိတောင်တွင် ခံစစ် ပြင်နေပြီး ဥသျှစ်ပင်-ပန်းတောင်း လမ်းတစ်လျှောက် ရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ပဲခူးတိုင်း၊ ဥသျှစ်ပင်-ပန်းတောင်း လမ်းပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ပြည်သူများ မြို့ပေါ် စစ်ရှောင်နေရကြောင်း ဒေသတွင်း…
-
မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ
မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၁၂ မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီကို အပြီး တိုင်ချေမှုန်းတော်လှန်သွားမည်ဟု TNLA က ထုတ်ပြန် ကြေညာလိုက်သည်။ ယနေ့ ကျရောက်သည့် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် TNLA က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။ တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်း တော်လှန်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။ ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည်…
-
တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ခက်ခဲနေမှု စီမံကိန်း ကန့်ကွက်ခဲ့သူများကို မင်းအောင်လှိုင် အပြစ်ဖို့ပြန်
တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ခက်ခဲနေမှု စီမံကိန်း ကန့်ကွက်ခဲ့သူများကို မင်းအောင်လှိုင် အပြစ်ဖို့ပြန် 🟥၂၀၀၅ ခုနှစ်မှစတင်ခဲ့သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို မကန့်ကွက်ဘဲ အောင်မြင်ခဲ့လျှင် တစ်နိုင်ငံလုံး ဓာတ်အား လုံလောက်စွာ ရရှိနေမည် ရန်ကုန်၊ ဇန်နဝါရီ ၁၂ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား မလုံလောက်မှု စီမံကိန်းများ ကန့်ကွက်ခဲ့သူများကို မင်းအောင်လှိုင်က အပြစ်တင်လိုက်ပြီး ၂၀၀၅ ခုနှစ်မှစတင်ခဲ့သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ အောင်မြင်ခဲ့လျှင် တစ်နိုင်ငံလုံး ဓာတ်အား လုံလောက်စွာ ရရှိနေမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုပြန်သည်။ ယမန်နေ့ ပြင်ဦးလွင်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် ၎င်းတို့ စစ်ကောင်စီ၏ အပြစ်ကြောင့်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း စီမံကိန်းများအပေါ် ကန့်ကွက်သူများကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှု ရပ်တန့်သွားခဲ့ရကြောင်း အပြစ်တင်ပြောဆိုသည်။…
-
မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား
မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား ဇန်နဝါရီ ၁၁၊ ၂၀၂၄ ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဇန်နဝါရီ၈ရက်နေ့ညမှာ အဆိုပါရဲနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ပုံမှန်ကင်းလှည့်ခဲ့တာဖြစ်ပြီး၊ ရဲစခန်းအပြန်မှာ အခုလို လေးခွနဲ့ ချောင်းအပစ်ခံရတာ ဖြစ်တယ်လို့ သိရတာပါ။ “လေးခွနဲ့ ပစ်လိုက်မှန်းသိလို့ အရှေ့တစ်ယောက်က ငုံ့ရှောင်လိုက်တော့ အနောက်တစ်ယောက်ကိုထိပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျတယ်။ အဲဒါနဲ့ရှေ့တစ်ယောက်က အတင်းဆင်း၊ ပစ်တဲ့လူကိုနောက်လိုက်ပြီး လုံးထွေးသတ်ပုတ်တာမှာ ဟိုလူကအသင့်ပါလာတဲ့ အချွန်နဲ့ထိုးတာ၊ သေနေ့ မစေ့သေးတော့ အရှေ့ဘက်မဟုတ်ဘဲ…
-
တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက် ▪️ကနဦးသတင်းများအရ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ များပြား
တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက် ▪️ကနဦးသတင်းများအရ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ များပြား ဟန်နွေ ၊အိမ်သွင် /People’s Spring ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ လပူခရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီသည် ယနေ့ (ဇန်နဝါရီ ၁၁ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် တပိုင်တနိုင်ရွေတူးသူများရှိနေသည့် နေရာကို ဗုံးကြဲခြင်းဟု ဒေသခံများကပြောသည်။ “ရုပ်အလောင်းသိရတာတွေရော မသိရသေးတာတွေရော ၁၂ဦး အနည်းဆုံးရှိတယ်။ သေဆုံးတာ။ ဒဏ်ရာရတွေလည်း ဆေးရုံမှာ” ဟု ဒေသခံတဦးကပြောသည်။ အခြားသတင်းရင်းမြစ်အချို့၏ပြောကြားချက်တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူရုပ်အလောင်း ၁၀ခုကောက်ရထားပြီး ၈ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ ပျောက်ဆုံးသူများလည်း ရှိနေသည်ဟု ဆိုသည်။ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်၏…
-
အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ထုတ်ပြန်
အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ထုတ်ပြန် ဇန်နဝါရီ ၁၁၊ ၂၀၂၅ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Lion Battalion Commando စစ်ကြောင်းက ယနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းက လွန်ခဲ့တဲ့နှစ်ရက်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။