-
ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ်
ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ် ရန်ကုန်၊ ဇန်နဝါရီ ၃၁ အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကာလကို ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သိရှိရသည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က လက်ရှိ နိုင်ငံတော်၏ အခြေအနေများမှာ ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်ရန် လိုအပ်နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာလွှဲပြောင်းပြီး စစ်အုပ်ချုပ်ရေး ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ယနေ့နံနက်ပိုင်း ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထု ရွေး ကောက်တင်မြှောက်ထားသော…
-
ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်မြင့်တက်နေပြီး လေးလအတွင်း အမြင့်ဆုံးဖြစ်လာ
ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်မြင့်တက်နေပြီး လေးလအတွင်း အမြင့်ဆုံးဖြစ်လာ ရဲခေါင်း/People’s Spring ပြည်တွင်းစက်သုံးဆီစျေး ဆက်တိုက်မြင့်တက်နေပြီး လေးလအတွင်းအမြင့်ဆုံးစျေးနှုန်းဖြစ်လာကြောင်း စက်သုံးဆီစျေးကွက်လေ့လာသူများက ပြောသည်။ ယနေ့(ဇန်နဝါရီ ၃၁ရက်)တွင် ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများအရ ရန်ကုန်စျေးကွက် ရည်ညွှန်းစျေးကွက်တွင် ၉၂တစ်လီတာ ၃,၁၈၀ ကျပ်၊ ၉၅ တစ်လီတာ ၃,၂၆၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂,၈၂၀ ကျပ်နှင့် ပရီ မီယံ ဒီဇယ်တစ်လီတာ ၃,၄၈၅ ကျပ် နှုန်း သတ်မှတ်ထားသည်ဟု ဆိုသည်။ ယင်းဈေးနှုန်းသည် ယမန်နေ့(ဇန်နဝါရီ ၃၀ ရက်)စျေးများနှင့် နှိုင်းယှဉ်ပါက ၉၂ တစ်လီတာ ၅၀ကျပ် နှင့် ၉၅ တစ်လီတာ ၆၀ကျပ် မြင့်တက်ခဲ့ပြီး ဒီဇယ်တစ်လီတာ ၄၀ကျပ် ခန့်စျေးကျခဲ့သည်ကို တွေ့ရသည်။ “ဒီလအစကတည်းက တောက်လျှောက်တက်နေတဲ့ စက်သုံးဆီစျေးနှုန်းက ပြီးခဲ့တဲ့…
-
နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့နေပြီး ထွက်မပြေးရန် တာဝန်ယူလက်မှတ်ထိုးခိုင်း
နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့နေပြီး ထွက်မပြေးရန် တာဝန်ယူလက်မှတ်ထိုးခိုင်း 3 ရန်ကုန်၊ ဇန်နဝါရီ ၃၁ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းရန် စာရင်းသွင်း ဆင့်ခေါ်စာပေးပို့နေပြီး ကာယကံရှင် (သို့မဟုတ်) မိသားစုဝင်တစ်ဦးကို စစ်မှုထမ်းရန်နှင့်ထွက်မပြေးရန် တာဝန်ယူ လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဝန်ထမ်းမိသားစုများထံမှ သိရှိရသည်။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အောင်ဇမ္ဗူ၊ ရွှေကြာပင် နှင့် ဓနသိဒ္ဓိ၊ ပညာသိဒ္ဓိ၊ ဝဏ္ဏ သိဒ္ဓိ ၊ သုခသိဒ္ဓိ၊ ဗလ သိဒ္ဓိ ၊ ဉာဏ သိဒ္ဓိရပ်ကွက်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်…
-
နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီက ၆ လ သက်တမ်း ၈ ကြိမ်မြောက်တိုးရန် ကာ/လုံ အစည်းအဝေးခေါ်ယူ
နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီက ၆ လ သက်တမ်း ၈ ကြိမ်မြောက်တိုးရန် ကာ/လုံ အစည်းအဝေးခေါ်ယူ ရန်ကုန်၊ ဇန်နဝါရီ ၃၁ နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီက ၆ လ သက်တမ်း ၈ ကြိမ်မြောက်တိုးရန် ကာ/လုံ အစည်းအဝေးခေါ်ယူနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ယာယီသမ္မတအဖြစ် တာဝန်ယူထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဦးဆောင်၍ ကာ/လုံအစည်းအဝေး ခေါ်ယူနေခြင်းဖြစ်ပြီး ၈ ကြိမ်မြောက် ၆ လသက်တမ်းတိုးမည့်အပြင် ဝန်ကြီးတချို့နှင့် ပြည်/နယ်တိုင်းဝန်ကြီးတချို့ကိုလည်း အပြောင်းအလဲလုပ်ရန် ရှိနေကြောင်း သိရှိရသည်။ “ကာ/လုံက ခေါ်နေပြီ။ ဝန်ကြီးတချို့နဲ့ ပြည်နယ်/တိုင်းဝန်ကြီးချုပ်တချို့လည်း အပြောင်းအလဲရှိမယ်လို့ သိရတယ်။ စစ်ဖြစ်နေတဲ့ ဒေသတွေက ဝန်ကြီးချုပ်တချို့ အပြောင်းအလဲဖြစ်မှာလို့ သိရတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က…
-
စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့် စစ်ကောင်စီက စတင်ပိတ်ပင်
စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့် စစ်ကောင်စီက စတင်ပိတ်ပင် ရန်ကုန်၊ ဇန်နဝါရီ ၃၁ အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းရမည့် စာရင်းတွင်ပါဝင်သော အသက် ၁၈ နှစ်မှ အ သက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံး PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့်ကို စစ်ကောင်စီက စတင်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် အမျိုးသားများအားလုံးအနေဖြင့် ပြည်ပသို့ PJ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက် အလုပ်လုပ်မည်ဆိုပါက ပထမဦးစွာ မိမိသည် စစ်မှုထမ်းရန် စာရင်းတွင် ပါ၊ မပါ…
-
မြောက်ဥက္ကလာတွင် ပြည်သူပိုင် မြေကွက်များ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲမှု ၂ ဦးဒဏ်ရာရ ၊ ရောင်းချထားသော မြေကွက်အားလုံးကို ပြည်သူပိုင် ပြန် သိမ်းမည်ဟု သတိပေး
မြောက်ဥက္ကလာတွင် ပြည်သူပိုင် မြေကွက်များ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲမှု ၂ ဦးဒဏ်ရာရ ၊ ရောင်းချထားသော မြေကွက်အားလုံးကို ပြည်သူပိုင် ပြန် သိမ်းမည်ဟု သတိပေး ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များကို အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်း မြောက်ဥက္ကလာမြို့နယ်ရှိ ဌ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပ…
-
နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူးရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရရှိ
နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူးရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ ၃၀ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရရှိ အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊…
-
စစ်တပ်က ပဌာန်းတော်ကို မိုင်းများ ၊ဗုံးများကျည်ဆံများတွင်ကပ်၍ AA ကိုရင်ဆိုင်ရန်ကြိုးပမ်းခဲ့
စစ်တပ်က ပဌာန်းတော်ကို မိုင်းများ ၊ဗုံးများကျည်ဆံများတွင်ကပ်၍ AA ကိုရင်ဆိုင်ရန်ကြိုးပမ်းခဲ့ ကဖေး/People’s Spring အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိမြို့နယ်များ မှစစ်တပ်စခန်းများပတ်ဝန်းကျင်ကို AA က မိုင်းရှင်းလင်းစဉ် ဘုရားစာများကပ်ထားသည့် မိုင်းများ၊ ဗုံးများ၊ လက်နက် ကြီးကျည်ဆန်များကို တူးဖော်တွေ့ရှိခဲ့သည်။ ၂၄ ပစ္စည်း ပဌာန်းတော် များ ရေးထားသော စာများ ကပ်ထားသည့် ဗုံးများ၊ မိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမ်းမြို့ဒေသခံတစ်ဦးကပြောသည်။ “တပ်တော်က မိုင်းတွေရှင်းရင်းနဲ့တွေ့တာဗျာ။ တော်တော်များတယ်။ အမ်းအပြင် တခြားမြို့နယ်တွေမှာလည်း အဲဒီလိုတွေတွေ့တယ်လို့ကြားရတယ်”ဟု အဆိုပါဒေသခံကပြောသည်။ မိုင်းများ၊ ဗုံးများအပြင် လက်နက်ကြီးကျည်များတွင်လည်း၂၄ပစ္စည်းပဌာန်းစာများ ကပ်ထားသည်ကို တွေ့ရပြီး ယတြာချေခြင်းဖြစ်နိုင်ကြောင်း မြောက်ဦးမြို့မှဒေသခံတဦးကပြောသည်။ “အထူးသဖြင့် ဘုရားကျောင်းကန်နားပတ်ဝန်းကျင်တွေမှာအများဆုံးတွေ့ရတယ်။ ဒီလူတွေက ဘာ သာရေးအယူလွဲနေတာဖြစ်မယ်။ သူတို့ကို စစ်တပ်က အဲ့လိုသင်ထားတာကို အဟုတ်ထင်နေတာ”ဟု…
-
ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ ၃၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ၂ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာရှိ ရွှေဂူ စစ်တပ် ဂိတ်စခန်းနှင့် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု…
-
တီမောနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်
တီမောနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ် ရန်ကုန်၊ ဇန်နဝါရီ ၃၀ အရှေ့တီမောလက်စတေနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးကို တရားဝင် ဖွင့်လှစ်လိုက်ပြီး တီမော သမ္မတ ဟိုဆေးရာမို့ဟောတာက မြန်မာ့အရေးကို နိုင်ံငံတကာတွင် ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုလျက်ရှိကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။ ယမန်နေ့ ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ NUG နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း တီမောနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ဆက်တွဲအနေ ဖြင့် NUG ၏ ဆက်ဆံရေးရုံးကို ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း…