-
■Breaking News ဘောမိရွာတိုက်ပွဲ ဗျူဟာမှူးအပါအဝင်စစ်သား ၂၀၀ ခန့် အဆက်အသွယ်ပြတ်နေ ■တင့်ကားများကို မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီတပ်အကျအဆုံးများစွာဖြင့်ဆုတ်ခွာ
■Breaking News ဘောမိရွာတိုက်ပွဲ ဗျူဟာမှူးအပါအဝင်စစ်သား ၂၀၀ ခန့် အဆက်အသွယ်ပြတ်နေ ■တင့်ကားများကို မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီတပ်အကျအဆုံးများစွာဖြင့်ဆုတ်ခွာ ကဖေး/People’s Spring ဧရာဝတီတိုင်း ၊ရွှေသောင်ယံမြို့နယ် ၊ဘောမိရွာတိုက်ပွဲတွင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ် မှဗျူဟာမှူးတဦးနှင့် အရာရှိများအပါအဝင်တပ်ဖွဲ့ဝင် ၂၀၀ခန့် အဆက် အသွယ်ပြတ်နေပြီး ပြန်သယ်ရန်ခက်ခဲသည့် တင့် ကား သုံးစီးထက်မနည်းကို စစ်တပ်ကကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည်။ “ဘောမိကို ဖြန့်ခွဲပြီးသွားတာ ၅၀၀ မကဘူး။ ဗျူ ဟာမှူးနှစ်ဦးမှာ တစ်ဦးပဲကျတော်တို့ဆီ ပြန်ရောက်တယ်။ တစ်ဦး အဆက်အသွယ်ပြတ်နေတယ်။ကျတာက ၁၀၀ အနည်းဆုံးရှိတယ်။ ပြန်ရောက်လာတဲ့ ဒဏ်ရာရ ၈၀ ခန့်ကလည်း လက်နက်ပါမလာကြဘူး။ ချောင်းထဲ ဆင်းပြေးတာက ၂၀၀ ခန့်ရှိပြီး သူတို့လည်း ဘာတွေဖြစ်နေလဲ မသိဘူး။ တင့်တွေပါ မီးရှို့ဖျက်ဆီးခဲ့ရတာ” ဟု…
-
မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်
မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင် ဇန်နဝါရီ ၁၈၊ ၂၀၂၅ မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုကို အပူတပြင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးမှုတွေ ရှိလာတာကြောင့် စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြည့်အဝ ကောက်ယူမှု မပြုလုပ်နိုင်ခဲ့ပါဘူး။…
-
ကျောက်ဆည်ခရိုင် တပ်ရင်း (၃) မှ ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံထုတ်ပြန်
ကျောက်ဆည်ခရိုင် တပ်ရင်း (၃) မှ ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံထုတ်ပြန် ဇန်နဝါရီ ၁၈၊ ၂၀၂၅ ကျောက်ဆည်ခရိုင် တပ်ရင်း ၃ မှ ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်း ရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။ အမှတ်၅၁၅ တပ်ရင်း ကျောက်ဆည်စစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရဲ့ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်မှုအောက်ရှိ တပ်ရင်းဖြစ်ပြီး စစ်ရေးရည်မှန်းချက်တွေကို အကောင်အ ထည်ဖော်ဆောင်ရွက်နေတဲ့ တပ်ရင်းဖြစ်သလို ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်နေတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ ရဲ့ ပြည်တော်ဝင်စစ်ဆင်ရေး အမြန်ဆုံးအောင်မြင်နိုင်ရေးအတွက် တော်လှန်ပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
-
ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များ ရွှေသောင်ယံ အထိ တပ်ဆုတ်ပြေး
ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များ ရွှေသောင်ယံ အထိ တပ်ဆုတ်ပြေး ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၈ရက် ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီ တပ်များ ရွှေသောင်ယံကမ်းခြေဘက်ထိ တပ်ဆုတ်ပြေးနေကြောင်း ဧရာ၀တီတိုင်း စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။ ယနေ့ ဇန်နဝါရီ ၁၈ရက်နေ့ နေ့လယ် ၂နာရီ ၃၀မိနစ်အချိန်က ဘောမိဘက်သို့ ပုသိမ်မှ လေယာဉ်များ တက်သွားပြီး ယမန်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ “လေယာဉ်တွေတက်သွားတယ်။ ဘောမိကတော့စခန်းတွေ ကုန်သလောက်ရှိသွားပါပြီ” ဟု တော်လှန် ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဧရာ၀တီတိုင်းရှိ စစ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်နေ့ကတည်းက ဘောမိကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် AA…
-
ရွှေသောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်ကြောင်း တစ်ကြောင်း သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ်
ရွှေသောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်ကြောင်း တစ်ကြောင်း သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ် အိမ်သွင်/People’s Spring ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ် ခွာလာကြောင်း စုံစမ်းသိရသည်။ “ဟိုရက်က တက်သွားတဲ့ သင်္ဘော ပြန်ဝင်လာပြီ။ အတိုအပြတ်တွေ အများကြီးပဲ။ ကားတွေနဲ့ တိုက်သယ်နေတယ်။ ဒေသခံတွေရဲ့ စက်လှေတွေ၊ ကားတွေကို ချောဆွဲပြီး သယ်နေတယ်” ဟု ယင်းအခြေအနေကို သိထားသည့် သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂွ နှင့် ရွှေသောင်ယံနယ်စပ်၌ တိုက်ပွဲပြင်းထန်နေစဉ် ဇန်န ဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၀ရက်တို့တွင် စစ်ကောင်စီက လေကြောင်း၊…
-
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများ အပါအဝင် အဓမ္မ စုဆောင်းမှုများကြောင့် ရန်ကုန်တိုင်းတွင် လစဉ် စစ်မှုထမ်းတပ်သားသစ် အရေအတွက် ၁၀၀၀ ကျော် အထက် ရရှိနေ
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများ အပါအဝင် အဓမ္မ စုဆောင်းမှုများကြောင့် ရန်ကုန်တိုင်းတွင် လစဉ် စစ်မှုထမ်းတပ်သားသစ် အရေအတွက် ၁၀၀၀ ကျော် အထက် ရရှိနေ ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ ဖမ်းဆီး စု ဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း စုဆောင်းခံရသော လူငယ်များ၏ မိဘများနှင့် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်းအတွင်းတွင် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ လမ်းများ၊ ရပ်ကွက်များတွင် ပေါ်တာဆွဲ…
-
AA သိမ်းပိုက်ထားသည့်မြို့များရှိ Non CDM ဝန်ထမ်းများကို စစ်ကောင်စီ လစာမပေး
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြို့တွေက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းအားလုံးကို လစာမဲ့ခွင့်ပြုလုပ်ထားတယ်လို့ အဲဒီဝန်ထမ်းတွေဆီက သိရပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင် မြို့ပေါင်း ၁၇ မြို့ရှိတဲ့အနက် ၁၄ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီမြို့တွေက စစ်ကောင်စီယန္တရားတွေလည်း ရပ်ဆိုင်းခဲ့ရတာကြောင့် ရွှေ့ပြောင်းနိုင်တဲ့ Non CDM ဝန်ထမ်းတွေကတော့ တခြားမြို့တွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ဒါပေမဲ့ မရွှေ့ပြောင်းနိုင်ဘဲ AA သိမ်းပိုက်ထားတဲ့မြို့တွေမှာ ကျန်နေခဲ့တဲ့ Non CDM ဝန်ထမ်းတွေကိုတော့ စစ်ကောင်စီက လစာမပေးတော့ဘဲ လစာမဲ့ခွင့်အဖြစ်ပြုလုပ်ထားကာ ဝန်ထမ်းအဖြစ်ကတော့ မထုတ်ပယ်သေးဘူးလို့ အဆိုပါဝန်ထမ်းတွေက ပြောပါတယ်။ စစ်တွေမြို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရာရှိတယောက်က “အမိန့်ထုတ်ထားတာက စစ်တွေမှာလာပြီး တာဝန်ထမ်းဆောင်နိုင်ရင်…
-
အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး
အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ်၏ ခလရ ၁၅ စစ် ကြောင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း ခလရ ၁၅ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ တပ်ရင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူး ကျော်စိုးနိုင်ဦးစီးသော စစ်ကြောင်းသည် တောတွင်းထဲ ပိတ်မိနေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီ…
-
မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး ——————– မြဝတီကျားဖြန့်ဂိုဏ်းများကိုရှင်းလင်းရန် ကိုးကန့်ကျားဖြန့်ဂိုဏ်းများကိုနှိမ်နှင်းသည့်တပ်များ တပ်ဖြန့်ထားပြီဟုဆို
မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး ——————– မြဝတီကျားဖြန့်ဂိုဏ်းများကိုရှင်းလင်းရန် ကိုးကန့်ကျားဖြန့်ဂိုဏ်းများကိုနှိမ်နှင်းသည့်တပ်များ တပ်ဖြန့်ထားပြီဟုဆို ——————– Myanmar Now တရုတ်သရုပ်ဆောင်များကို ပစ်မှတ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို ခြေရာခံနိုင်ပြီဟု တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှတဆင့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ ထိုရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးထားသူတို့ကို ကယ်တင်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ထားပြီဟုလည်း ဆင်ဟွာသတင်းကဆိုသည်။ အဆိုပါတပ်များသည် ပြီးခဲ့သည့်နှစ် အစောပိုင်းက မြန်မာနိုင်ငံအရှေ့မြောက်ဘက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအရာရှိများ၊ ကြံ့ခိုင်ရေးအမတ်ဟောင်းများဦးဆောင်သည့် ကိုးကန့်ဒေသအခြေစိုက် ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းသည့် စစ်ဆင်ရေးတွင် ဦးဆောင်သည့်တပ်ဖွဲ့ဖြစ်သည်။ တရုတ်အစိုးရအာရုံစိုက်လာသည့် မြဝတီမြို့ကို လက်ရှိအချိန်တွင် စစ်တပ်၏နယ်ခြားစောင့်အရာရှိ စောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်။ တရုတ်အစိုးရ၏အဆိုအရ မြဝတီအခြေစိုက် လူကုန်ကူးဂိုဏ်းသည်…
-
မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထားပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဟု တရုတ်က ကြေညာ 🟥 မြ၀တီရှိ ရွှေက္ကိုလ်မြို့ အပါအဝင် ကျားဖြန့်လောင်းကစားဇုန်နေရာများမှာ စစ်ကောင်စီ မိတ်ဖက် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF တပ်ဖွဲ့များက အကာအကွယ်ပေးထား
မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိထားပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဟု တရုတ်က ကြေညာ 🟥 မြ၀တီရှိ ရွှေက္ကိုလ်မြို့ အပါအဝင် ကျားဖြန့်လောင်းကစားဇုန်နေရာများမှာ စစ်ကောင်စီ မိတ်ဖက် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF တပ်ဖွဲ့များက အကာအကွယ်ပေးထား ရန်ကုန်၊ ဇန်နဝါရီ ၁၈ မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိရပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလာကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ယမန်နေ့ သတင်းဖော်ပြသည်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသော တ ရုတ် နိုင်ငံသားများအား အစွမ်းကုန်ကယ်ဆယ်၍ အမှုစုံစမ်းဆေးလျက်ရှိကြောင်း၊…