မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

by

in

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်
ဇန်နဝါရီ ၁၈၊ ၂၀၂၅

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုကို အပူတပြင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးမှုတွေ ရှိလာတာကြောင့် စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြည့်အဝ ကောက်ယူမှု မပြုလုပ်နိုင်ခဲ့ပါဘူး။
မြန်မာနိုင်ငံရဲ့ မြို့နယ်စုစုပေါင်း ၄၄ ရာခိုင်နှုန်းကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက ထိန်းချုပ်ထားပြီး ၂၄ ရာခိုင်နှုန်းက တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ကောင်စ်ရဲ့ စိုးမိုးနယ်မြေဟာ သုံးပုံတစ်ပုံပင် မရှိတော့ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ဇန်နဝါရီလ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကလည်း သန်းခေါင်စာရင်းကောက်ယူရာမှာ ဒေသတချို့ကို မကောက်ယူနိုင်ခဲ့တာကြောင့် ကောက်ယူဖို့ ကျန်ရှိနေသေးတဲ့ ဦးရေမှာ ခန့်မှန်းခြေ ၁၉ သန်းကျော် ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ သန်းခေါင်စာရင်းကောက်ယူရာမှာ စာရင်းမကောက်နိုင်ခဲ့တဲ့ ဒေသတွေက လူဦးရေ ခန့်မှန်းတွက်ချက်မှု အပါအဝင် ၅၁ သန်းကျော်ခန့် သာရှိသဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကထပ်စာရင် ကျဆင်းနေပြီး အခုလို ကျဆင်းနေရတဲ့ အကြောင်းအရင်းဟာ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာသူ များပြားခြင်း၊ အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးခြင်းတို့ကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီဟာ လူငယ်တွေကို ပြည်ပနိုင်ငံထွက်ခွာရန် တွန်းအားပေးနေတဲ့ အဓိက တရားခံလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုမထမ်းမနေရ စနစ်ကို အသက်သွင်းခဲ့တာကြောင့် ပြည်တွင်းထဲက လူငယ်များစွာဟာ ပြည်ပနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အရပ်သားတွေကို ပစ်မှတ်ထားပြီး နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက နိုင်ငံအတွက် အရေးကြီးတဲ့ လူသားအရင်းအမြစ်ကို မွေးထုတ်ဖို့အတွက် KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို ဆောင်ရွက်နေပြီး ကျောင်းနေအရွယ်ကလေးတွေအားလုံး ကျောင်းတက်နိုင်ဖို့ကို နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေကြောင်းကို မင်းအောင်လှိုင်က ပြောဆိုထားပါသေးတယ်။
ပုံစာ- မင်းအောင်လှိုင်၏ ခရီးစဥ်အချို့မှ၊ ပြည််ပသို့ အလုံးအရင်းထွက်ခွာနေသော မြန်မာလူငယ်များ (ပုံဟောင်း)။