-
ပြည်ပသို့ သွားရောက်ခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ
ပြည်ပသို့ သွားရောက်ခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြားခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာတွင် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းယူနေကြောင်း သိရှိရသည်။ ဇန်နဝါရီလနှောင်းပိုင်း မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ကောက် ယူခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်တွင် ဂျပန်နိုင်ငံသို့ PJ ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် အသက် ၂၉ နှစ်အရွယ် အမျိုး သားလူငယ် ၁ ဦးနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ထိုင်းနိုင်ငံသို့ သွားရောက် တက္ကသိုလ်တက်မည့် အသက် ၂၁…
-
ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ်များကို နေ့အချိန်တွင်ပါ ဖမ်းဆီးမှုများ ဖြစ်နေ၊ မန္တလေး မြို့နယ် ၇ ခုတွင် ဇန်နဝါရီလ အတွင်း လူငယ် ၂၃၇ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရ
ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ်များကို နေ့အချိန်တွင်ပါ ဖမ်းဆီးမှုများ ဖြစ်နေ၊ မန္တလေး မြို့နယ် ၇ ခုတွင် ဇန်နဝါရီလ အတွင်း လူငယ် ၂၃၇ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရ ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စစ်မှုထမ်း စာရင်းများ လိုက်ကောက်ပြီး လူငယ်တချို့ကို ပေါ်တာဆွဲ ဖမ်းဆီးကာ ပေါ်တာဆွဲထားသော လူငယ်များကို အုပ်ချုပ်ရေးမှူးရုံးများတွင် ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ အောင်သပြေ ၂ လမ်း အပါအဝင် လမ်းများအားလုံးတွင်…
-
ဘီလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး သော်တာ အပါအဝင် ၂၀ ကျော်အရှင်ဖမ်းဆီးရရှိ 🟥 စစ်တပ်၏ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို အကောင်းပကတိအတိုင်း လက်ခံရရှိထား
ဘီလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး သော်တာ အပါအဝင် ၂၀ ကျော်အရှင်ဖမ်းဆီးရရှိ 🟥 စစ်တပ်၏ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို အကောင်းပကတိအတိုင်း လက်ခံရရှိထား ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ မဲပလီ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးသော်တာ အပါအဝင် ၂၇ ဦး အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၀ မမ…
-
မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ)
■Photo News ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းက ဟောင်ဝစ်ဇာအမြောက်၊လက်နက်ကြီး လက်နက်ငယ်နဲ့ ခဲယမ်းတွေအများအပြားသိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၁)က ဓာတ်ပုံမှတ်တမ်းတွေ ဒီကနေ့ ညပိုင်းမှာ ဖော်ပြခဲ့ပါတယ်။မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ကဖေဖော်ဝါရီ ၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ဒီကနေ့မှာ စခန်းသိမ်းရုပ်သံမှတ်တမ်းကို ထုတ်ပြန်ပြသခဲ့ပါတယ်။ မဲပလီ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၂၅ ဦးကိုဖမ်းဆီးရရှိတာကိုလည်းKNLA တပ်မဟာ -၁ထုတ်ပြန်တဲ့သတင်းဓါတ်ပုံမှာတွေ့ရပါတယ်။မဲပလီ စခန်းသိမ်းစစ်ဆင်ရေးမှာ KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ BPLAနဲ့ FFD မဟာမိတ်ပူးပေါင်းတပ်တွေ အတူတကွ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံ-KNLA တပ်မဟာ -၁ မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ) ဖေဖော်ဝါရီ ၂၊ ၂၀၂၅ KNU…
-
ဗန်းမော် စကခ(၂၁)အနီးရှိ အမတ(၃၆၆)တပ်ရင်းဌာနချုပ်ကို KIAနှင့်ပူးပေါင်းတပ်ထပ်မံသိမ်းပိုက်
ဗန်းမော် စကခ(၂၁)အနီးရှိ အမတ(၃၆၆)တပ်ရင်းဌာနချုပ်ကို KIAနှင့်ပူးပေါင်းတပ်ထပ်မံသိမ်းပိုက် ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင် စီ အမြောက်တပ်အပါအဝင် တပ်ရင်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကယနေ့ (ဖေဖော်ဝါရီ ၂ရက်)ညနေပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂ရက်မနက်အစောတွင် ထိုးစစ်အရှိန်မြှင့်ပြီး လက်ကျန်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ညနေ ၄နာရီခွဲခန့်တွင်အမှတ် ၃၆၆ အမြောက်တပ်ရင်း ( အမတ-၃၆၆) ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးသည်။ ဗန်မော်ရှိ အမှတ်(၃၆၆)အမြောက်တပ်ရင်းဌာန ချုပ် နှင့် အမှတ်(၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင် နီယာတပ် အား အပြီးသိမ်းပိုက်ရရှိခဲ့ပြီးလက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။ ယင်းနှင့်ပတ်သက်၍ KIA သတင်းရင်းမြစ်တစ်ဦးကသိမ်းပိုက်ရရှိသည်မှာမှန်ကန်ကြောင်း အတည် ပြုသည်။…
-
ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ
ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရန်ကုန်မြို့၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အကြမ်း ဖက် စစ်တပ်က လူငယ် ၄၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူနာတင်ကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ကမာရွတ်ဘူတာတွင် ရထားစောင့်နေသည့် လူငယ် ၁ ဦးကို ပရဟိတ လူနာတင်ကားဖြင့် ရောက်လာသည့် အရပ်ဝတ်…
-
ပုသိမ်၊ မင်းလှ နှင့် ရေကြည်တို့ရှိ ခလရ ၁၁ ၊ အမတ ၃၄၄ နှင့် လေ့ကျင့်ရေး ၆ အပါအဝင် တပ်စခန်းများမှ အရာရှိ နှင့်စစ်သည် ၃၄ ဦး ထွက်ပြေး
ပုသိမ်၊ မင်းလှ နှင့် ရေကြည်တို့ရှိ ခလရ ၁၁ ၊ အမတ ၃၄၄ နှင့် လေ့ကျင့်ရေး ၆ အပါအဝင် တပ်စခန်းများမှ အရာရှိ နှင့်စစ်သည် ၃၄ ဦး ထွက်ပြေး ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၁ တပ်ရင်း ၊ အမတ ၃၄၄ တပ်ရင်း နှင့် လေ့ကျင့်ရေး ၆ မှ အရာရှိ အပါအဝင် တပ်သား ၃၁ ဦးထွက်ပြေးသွားကြောင်း တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ ပုသိမ်မြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ-၁၁) မှ အရာရှိ…
-
ရွှေသောင်ယံမြို့ကို ထိန်းချုပ်ထားနိုင်ဟု စစ်ကောင်စီဝါဒဖြန့် ■ ရုံးနှင့် ဟိုတယ်များကိုပြန်ဖွင့်ခိုင်းပြီး စစ်ရှောင်ပြည်သူများပြန်လာရန် ဖိအားပေး
ရွှေသောင်ယံမြို့ကို ထိန်းချုပ်ထားနိုင်ဟု စစ်ကောင်စီဝါဒဖြန့် ■ ရုံးနှင့် ဟိုတယ်များကိုပြန်ဖွင့်ခိုင်းပြီး စစ်ရှောင်ပြည်သူများပြန်လာရန် ဖိအားပေး -ကဖေး/People’s Spring ရွှေသောင်ယံဒေသတွင် တိုက်ပွဲများခေတ္တငြိမ်သက်သွားပြီးနောက် ၎င်းတို့ထိန်းချုပ်ထားနိုင်ပြီဟု စစ်ကောင်စီက ဝါဒဖြန့်ပြီး တိမ်းရှောင်သွားသည် စစ်ဘေးရှောင်များအား ပြန်လာရန်၊ စစ်ကောင်စီရုံးများ နှင့် ဟိုတယ်များ မဖြစ်မနေဖွင့်လှစ်ရန် ဖိအားပေးနေသည်။ ပြီးခဲ့သည့်ဇန်နဝါရီလက ရွှေ သောင်ယံမြို့၊ မကျီးဇင် ရွာ နှင့် ဘောမိရွာ၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် ဒေသခံအများအပြားသည် ထွက်ပြေးရှောင်ခဲ့ကြသည်။ ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်သုံးခုအပြင် ကျေးရွာများမှ ဒေသခံအများစုသည် ရန်ကုန်၊ ပုသိမ်၊ မအူပင်၊ ရေကြည်၊ ငါးသိုင်းချောင်းစသည့်ဒေသများသို့ ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။ ရွှေသောင်ယံမြို့နှင့် ဆယ်မိုင်ခန့်အကွာမှ ဘောမိကျေးရွာကို ဇန်နဝါရီလ၁၆ရက်တွင် အာရက္ခတပ်တော်(AA)က သိမ်းယူပြီးသည့်နောက် တိုက်ပွဲများငြိမ်သက်နေသည်။ ထို့ကြောင့် ရွှေသောင်ယံမြို့ပေါ်တွင် တပ်စွဲထားသည့်စစ်ကောင်စီက ဒေသခံများကို ပြန်လာရန် ဖိအားပေးနေသည်။…
-
မြိုင် ကပစ စက်မှု ၂ ရဲ့ အဆောက်အအုံတွေပေါ် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ (ရုပ်/သံ)
မြိုင် ကပစ စက်မှု ၂ ရဲ့ အဆောက်အအုံတွေပေါ် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ (ရုပ်/သံ) ဖေဖော်ဝါရီ ၂၊ ၂၀၂၅ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်မှု ၂ ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကာ အရေအတွက်သိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှု ၄ နှစ်ပြည့်အနေနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်အောက်ခံတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မြိုင်မြို့ရှိ ကပစ စက်မှု…
-
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် လက်နက်ချ၊ ယနေ့မနက်မှစ၍ စကခ(၂၁)သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်မြှင့်
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် လက်နက်ချ၊ ယနေ့မနက်မှစ၍ စကခ(၂၁)သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်မြှင့် ဟန်နွေ/People’s Spring ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်ရောက်သူများ ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီတပ်မှ ၂၀ဦးကျော် လက်နက်ချအလင်းဝင်လာခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ (ဖေဖော်ဝါရီ ၂ ရက်နေ့)မနက်တွင် အသိပေးထားသည်။ “အခွင့်အရေး အချိန်ကုန်ပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားပြီး ယနေ့ နံနက် ၅နာနရီခွဲအချိန်မှ စတင်၍ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ( စကခ – ၂၁) ကို အပြီးသတ် ထိုးစစ်ဆင်မှု စတင်နေသည်ဟုအသိပေးထားသည်။ KIA သတင်းရင်းမြစ်တစ်ဦးကလည်း…