-
သရက်ချောင်းတွင် ထိုးစစ်ဆင်လာသော စစ်ကြောင်းနှင့် စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက် (ရုပ်/သံ)
သရက်ချောင်းတွင် ထိုးစစ်ဆင်လာသော စစ်ကြောင်းနှင့် စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက် (ရုပ်/သံ) ရန်ကုန်၊ မတ် ၁ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးအလုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း DRAGON SQUAD-TNI မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ သရက်ချောင်းမြို့နယ် အတွင်းရှိ ပန်းပြင်၊ ပိန်းတော၊ မဲနယ်အိုး၊ ရွေဂူ၊ ရန်တောင်၊ ဥတ္တူ၊ သရက်နှစ်ခွ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မဟာမိတ်ပူးပေါင်း…
-
ရန်ကုန်တိုင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ဖမ်း ဆီးခြင်းနှင့် ငွေညှစ်မှုများ ပြုလုပ်နေပြီး ဆယ်ကျော်သက် အရွယ်လူငယ်တချို့ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်
ရန်ကုန်တိုင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ဖမ်း ဆီးခြင်းနှင့် ငွေညှစ်မှုများ ပြုလုပ်နေပြီး ဆယ်ကျော်သက် အရွယ်လူငယ်တချို့ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ် ရန်ကုန်၊ မတ် ၁ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် စစ်တပ်နှင့် အုပ် ချုပ်ရေးမှူးများက စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူစုဆောင်းခြင်းများနှင့် ငွေညှစ်မှုများ စတင်ပြုလုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်တွင် မတ်လမှ စတင်ပြီး စစ်မှုထမ်း ရန်ပုံငွေဟုဆို အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့က တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ နှုန်း လိုက်လံ ကောက်ခံနေကြောင်း၊ ထိုပြင် ရာအိမ်မှူးများကလည်း ရပ်ကွက်အတွင်းရှိ…
-
စစ်တပ်က လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရမှု ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သတိပေးခံရ
စစ်တပ်က လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရမှု ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သတိပေးခံရ ရန်ကုန်၊ မတ် ၁ အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ရန် အမိန့်ပေး စေခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရ ထားလမ်း ရဲကင်းစခန်း ၇ ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပြည် ထဲရေးဝန်ကြီးသစ် ဒုဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ရုံးက သတိပေးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှာ ပြည်ထဲရေးဝန်ကြီးလုပ်ငန်းများကို စတင်တာဝန်ယူနေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်နှင့် ဖြူးမြို့နယ် အတွင်းမှ…
-
ရေစကြို၊ ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ စစ် တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)
ရေစကြို၊ ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ စစ် တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိ (ရုပ်/သံ) ရန်ကုန်၊ မတ် ၁ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သော စစ်တပ်စစ်ကြောင်းကို တော် လှန်ရေးတပ်များက ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး ၉ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၆…
-
ရေစကြို့၊ ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိ၊ လက်နက်နှင့်ခဲယမ်းများ ရရှိ
ရေစကြို့၊ ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိ၊ လက်နက်နှင့်ခဲယမ်းများ ရရှိ ရန်ကုန်၊ မတ် ၁ မကွေးတိုင်း၊ ရေကြိုနယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး ၉ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့…
-
🛑Breaking News တရုတ်လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျောက်ဖြူမြို့ကိုရောက် ရှိလာ၊
🛑Breaking News တရုတ်လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျောက်ဖြူမြို့ကိုရောက် ရှိလာ၊ (၂၇) ရက်နေ့၊မနေ့က ရခိုင်ပြည်နယ်၊ကျောက်ဖြူ မြို့ကိုအထူးလေကြောင်း ခရီးစဉ်နဲ့လက်နက်ကိုင်ဆောင် ခွင့်ရထားသည့်တရုတ်လုံ ခြုံရေးတပ်ဖွဲ့ဝင်(၁၉) ဦး ရောက်ရှိလာပါတယ်၊ ရောက်လျှင်ရောက်ခြင်း SEZ နဲ့ပါတ်သက်သည့် ” Power China ” ကုမ္ပဏီ ဝင်းထဲသို့ဝင်ရောက်သွား ခဲ့ပါတယ်၊ ယင်း Power China ကုမ္ပဏီ တည်နေရာမှာယခုအချိန် AAမှ ပိတ်ဆို့ဝိုင်းတိုက်နေ တဲ့ရဲတပ်ရင်း(၂၃) နဲ့တောင် တစ်လုံးသာခြားလျက်တည် ရှိပါတယ်။ Shwe.
-
စစ်ကောင်စီက၏ အတုအယောင် ရွေးကောက်ပွဲက မြန်မာ့ ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု အာဆီယံပါလီမန်အမတ်များ အဖွဲ့က ပြောဆို
စစ်ကောင်စီက၏ အတုအယောင် ရွေးကောက်ပွဲက မြန်မာ့ ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု အာဆီယံပါလီမန်အမတ်များ အဖွဲ့က ပြောဆို ရန်ကုန်၊ မတ် ၁ အကြမ်းဖက် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က CRPH နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) ၏ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends…
-
အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော မင်းအောင် လှိုင်က ရုရှားနိုင်ငံသို့သွားရောက်ပြီး ယူကရိန်းကို ကျူးကျော်သူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည်
အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော မင်းအောင် လှိုင်က ရုရှားနိုင်ငံသို့သွားရောက်ပြီး ယူကရိန်းကို ကျူးကျော်သူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည် 🟥 ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့ပြီး ကမ္ဘာ့ခေါင်းဆောင်ကြီး အဖြစ်မြှောက်ပင့်ပြောဆိုခဲ့ ရန်ကုန်၊ မတ် ၁ အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယူကရိန်းနိုင်ငံကို စတင် ကျူး ကျော်ကာ ယူကရိန်းပြည်သူများကို သတ်ဖြတ်နေသူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ခရီးစဉ်အတွင်း ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ၊…
-
စစ်ခေါင်းဆောင် ရုရှားသို့ သွားရောက်၍ သမ္မတပူတင်နှင့် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် ဆွေးနွေးမည်
စစ်ခေါင်းဆောင် ရုရှားသို့ သွားရောက်၍ သမ္မတပူတင်နှင့် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် ဆွေးနွေးမည် ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၂၈ ရက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများအတွက် ရုရှားနိုင်ငံသို့ သွားရောက် ၍ သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ ညပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန် လာသည်။ စစ်ခေါင်းဆောင်သည် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ပြီး ပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရုားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌအပါ အဝင် ရုရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် စသည့်ကဏ္ဍ…
-
ဓာတ်ဆီလောင်းမီးရှို့ခံရသည့်ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄ အမိန့် ထုတ်
ဓာတ်ဆီလောင်းမီးရှို့ခံရသည့်ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄ အမိန့် ထုတ် ရဲခေါင်/People’s Spring ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ရာအိမ်မှူးသေဆုံးပြီးနောက် စစ်ကောင်စီက ဒေါပုံမြို့နယ်ကို ပုဒ်မ ၁၄၄အမိန့် ဖေဖော်ဝါရီ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။ ဒေါပုံမြို့တွင် အိမ်ထောင်စုစာရင်းလိုက်လံကောက်ယူခဲ့သည့် စစ်ကောင်စီ၏ ရာအိမ်မှူး အောင်မိုးဆိုသူသည် ဆေးကုသနေစဥ် ဖေဖော်ဝါရီ ၂၆ ရက်က သေဆုံးခဲ့၍ နောက်တစ်ရက်တွင် ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ(၁၄၄) အမိန့် ထုတ်ပြန်ခြင်း ဖြစ်သည်။ “ရာအိမ်မှူးသေ သွားတာတော့ အမှန်ပဲ။အလုပ်က ပြန်ရောက်တာမကြာသေးတော့ အမိန့် ထုတ်တာကို မသိရသေးဘူး”ဟု ဒေါပုံမြို့ ကြည်စုရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ဖေဖော်ဝါရီ ၁၂ ရက်က ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး အောင်မိုးနှင့် အပေါင်းအပါ နှစ်ဦးအား…