-
မင်းတုန်းမှာ ကပစ ၁၂ က ထွက်လာသည့် စစ်တပ်ဖောကားနှင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်က စစ်သားနှင့် ရဲ ၁၀ ဦးသေပြီး အရာရှိတွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ
မင်းတုန်းမှာ ကပစ ၁၂ က ထွက်လာသည့် စစ်တပ်ဖောကားနှင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်က စစ်သားနှင့် ရဲ ၁၀ ဦးသေပြီး အရာရှိတွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၅ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကျောက်တိုင်ဆေးရုံက စစ်ကောင်စီစခန်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ ၁၂ က ထွက်လာတဲ့ စစ်တပ်ဖောကား ၁ စီးကို တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၁၀ ယောက်သေဆုံးပြီး အရာရှိတွေအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်(USB Army) တာဝန်ခံ ကိုဗဟိန်းက မောင်းသတင်းဌာနကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်ညနေပိုင်းက သရက်မြို့အခြေစိုက်…
-
စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော
စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော ~~~ ■ တည်ငြိမ်အေးချမ်းမှုကို လိုလားကြတဲ့ ပြည်သူတွေနဲ့ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲ သွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ဟာ NUG၊ CRPH၊ PDF အမည်ခံတွေနဲ့ ပူးပေါင်းပြီး ထိန်းချုပ်နယ်မြေတွေကို ချဲ့ထွင်နိုင်ဖို့ တရားလက်လွတ်ဥပဒေမဲ့နည်းလမ်းတွေနဲ့ လုပ်နေကြတယ်လို့လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ လက်ရှိအချိန်မှာ နယ်မြေဒေသတချို့ မတည်မငြိမ်ဖြစ်နေတာနဲ့ ဒေသခံပြည်သူတွေရဲ့ စီးပွားရေးနဲ့ အသက်တွေ ထိခိုက်ဆုံးရှုံးမှုတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သူတွေကြောင့်လို့ ဆိုပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့…
-
ရန်ကုန်တွင် နှစ်ငါးလုံးနေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)
ရန်ကုန်တွင် နှစ်ငါးလုံးနေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တွင် ယနေ့ ကျရောက်သည့် နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုပြုလုပ်ကြောင်း သိရှိရသည်။ ယနေ့ရန်ကုန်တွင် စစ်ကောင်စီတပ်များ လုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်များက ပြုလုပ်ကြခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအပေါင်း ကြုံတွေ့နေရသည့် အထွေထွေကြပ်တည်းမှု၊ကိုယ်စိတ်မလုံခြုံမှု၊အဓမ္မ စစ်သားစုဆောင်းခံရမှု၊ဖိနှိပ်ခံရမှု များ၏ အဓိက လက်သည်တရားခံမှာ ဖက်ဆစ်ကောင်မင်းအောင်လှိုင်နှင့် ၄င်း၏ လက်ဝေခံ များကြောင့်ဖြစ်ကြောင်း တော်လှန်လူငယ်များက ဆိုကြသည်။ စစ်အာဏာရှင်…
-
ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ
ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂+ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးသတင်းရင်း မြစ်၏ ပြောဆိုချက်နှင့် Justice Solider PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက အောင်ဇေယျာစစ်ကြောင်းက ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အတွင်းရှိ အာရှ လမ်းမကြီးကို နယ်မြေစိုးမိုးမှုရရှိရန်နှင့် မြ၀တီမြို့နယ်သို့ စစ်အင်အားများ ဖြည့်တင်းရောက်ရှိစေရန် ဆက်တိုက် စစ် ကြောင်းထိုးလျက်ရှိကြောင်း၊ အဆိုပါ အောင်ဇေယျာစစ် ကြောင်းကို…
-
စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံကို ဘဏ္ဍာရေး အမည်ပျက်နိုင်ငံစာရင်းမှ ပယ်ဖျက်ပေးရန် FATF အစည်းအဝေးသို့ တက်ရောက် အရေးဆိုသော်လည်း မအောင်မြင်ဘဲ ပြန်လာရ 🟥မြန်မာကို အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ ငွေကြေးခဝါချမှုနှင့် ရာဇ ဝတ်မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက် နိုင်ငံအဖြစ် FATF က ဆက်အရေးယူ
စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံကို ဘဏ္ဍာရေး အမည်ပျက်နိုင်ငံစာရင်းမှ ပယ်ဖျက်ပေးရန် FATF အစည်းအဝေးသို့ တက်ရောက် အရေးဆိုသော်လည်း မအောင်မြင်ဘဲ ပြန်လာရ 🟥မြန်မာကို အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ ငွေကြေးခဝါချမှုနှင့် ရာဇ ဝတ်မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက် နိုင်ငံအဖြစ် FATF က ဆက်အရေးယူ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ မြန်မာနိုင်ငံကို အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ ငွေကြေးခဝါချမှုနှင့်ရာဇ ဝတ် မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက် နိုင်ငံအဖြစ် ဆက်လက်ထားရှိကြောင်း ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က ယမန်နေ့တွင် ကြေညာလိုက်သည်။ ၂၀၂၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင် ရာ…
-
သန်လျင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရွေးကောက်ပွဲရုံး မိုင်းခွဲခံရ
သန်လျင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရွေးကောက်ပွဲရုံး မိုင်းခွဲခံရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရွေးကောက်ပွဲရုံး မိုင်းခွဲခံရကြောင်း သန်လျင်မြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာ ၁ လမ်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ညအချိန် မိုင်းပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး သန်လျင်မြို့နယ်မှ ပြည်သူအများစုကြားသိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။ “မိုင်းပေါက်ကွဲသံကတော့ အတော်ကိုကျယ်ပါတယ်။ ညသန်းခေါင်းယံအချိန်ဆိုတော့ အိပ်နေရင်း လန့်ကိုနိုးတာပါ” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ဆိုသည်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ခရိုင်ရွေးကောက်ပွဲရုံး ပတ်ဝန်းကျင်ကို ပိတ်ဆို့…
-
စကခ(၂၁)အပါအဝင်ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ် အပြင်းအထန် တိုက်ခိုက်နေ ◾️မြစ်ကြီးနား တန်ဖဲရွာဘုရားကျောင်း၌ စစ်ကောင်စီတပ်စွဲထားပြီး အင်အားဖြည့်တင်း
စကခ(၂၁)အပါအဝင်ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ် အပြင်းအထန် တိုက်ခိုက်နေ ◾️မြစ်ကြီးနား တန်ဖဲရွာဘုရားကျောင်း၌ စစ်ကောင်စီတပ်စွဲထားပြီး အင်အားဖြည့်တင်း ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဖေဖော်ဝါရီ ၂၁ရက်)ညပိုင်း၌ သတင်းဖော်ပြသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အမှတ်(၂၃၆)ခြေလျင်တပ်ရင်း (ခလရ-၂၃၆)၊ အမှတ် (၇၀၀၆)သံချပ်ကာတပ်ရင်း ၊ အမှတ် (၅၀၁၄)တင့်ကားတပ်ရင်း ၊ အမှတ်(၃၆၆) အမြောက်တပ်ရင်း၊ ဗန်းမော်လေယာဥ်ကွင်း ၊စရဖရုံးနှင့် ဗန်းမော်မြို့အတွင်းစစ်တပ်တပ်စွဲရာနေရာအများအပြား သိမ်းပိုက်ထားသည်။ စကခ(၂၁) အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး ၊ Y12၊ ဂျက်ဖိုက်တာ ၊ ဒရုန်းများဖြင့်…
-
အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက်
အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက် ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ယနေ့ (ဖေဖော်ဝါရီ ၂၁ရက်နေ့)တွင်တနေကုန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။ “ဒီနေ့တိုက်ပွဲဖြစ်တယ်။ မနက်ရော နေ့လည်ရော။ ခုတော့ ပြီးသွားပြီ”ဟု ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ယနေ့ ညနေ ၅နာရီကျော်တွင်People’s Spring သို့ပြောသည်။ တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ စစ်သား ထိခိုက်သေဆုံးမှုရှိ၊မရှိကိုမူမသိရသေးပေ။ ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တို့က ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။ အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာ၊PDF ပူးပေါင်းတပ်တို့ နေ့စဉ် ပစ်ခတ်မှုနှင့် လက်နက် ကြီးပစ်ခတ်မှုတို့မကြာခဏဖြစ်ပွားလေ့ရှိသော်…
-
မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာ
မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာလိုက်သည်။ ယမန်နေ့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ် ၁၂၈ သူရတပ်ခွဲ သင်တန်းဆင်းပွဲတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က NUG ၊ CRPH ၊ PDF တို့နှင့်ပူးပေါင်းပြီး ထိန်း ချုပ်နယ်မြေများ ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြ၍ လက်နက်ကိုင် နည်းလမ်းကို တရားလက်လွတ် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်များ ထမ်းဆောင်လျက်ရှိပြီး…
-
ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာဟု ကုလသမဂ္ဂက သတိပေး
ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာဟု ကုလသမဂ္ဂက သတိပေး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က သတိပေးထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ အရေအတွက်မှာ ကမ္ဘာတွင် အများဆုံးဖြစ်လာကြောင်း၊ အရှိန်မြင့်လာသည့် ပဋိပက္ခ၏ ရလာဒ်အဖြစ် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ ဦးရေမှာ ထိခိုက်မှု ပြင်းထန်သော အခြားနိုင်ငံများထက် ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ဖြစ်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထောက်ပြသည်။ ထို့ပြင် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာ မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းကျော်…