-
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ်
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ် ရဲခေါင်၊ ကဖေး /People’s Spring ရန်ကုန်မြို့၊ တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အမျိုးသ မီး အား လူတစ်စုကကြိုးတုပ်ပြီး ဓားဖြင့်ထိုးကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။ ယနေ့(မတ်လ ၁၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကဖြစ် ပွားခဲ့သည့် အဆိုပါဖြစ်စဥ်ကြောင့် အဆိုပါလမ်း နေထိုင်သူများ တုန်လှုပ်ခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။ “တိုက်ရဲ့ပထမထပ်မှာ ဖြစ်တာ။အိမ်ရှင် အမျိုး သမီးကို ကြိုးတွေတုပ် ဓားတွေနဲ့ မွှန်းထိုးထားပြီး ပစ္စည်းတွေယူသွားကြတယ်”ဟု ဖြစ်စဥ်ကို သိရှိသည့် မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ အိမ်ရှင်အမျိုးသမီး၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ်မရှိတော့ဘဲ အနုကြမ်းစီးသူများလည်း လွတ် မြောက်နေကြောင်း ၎င်းက ပြောသည်။ ကျူးလွန်မှုတွင် လူဦးရေမည်မျှပါဝင်သည်ကိုမှု မသိရသေးပေ။…
-
ဗန်းမော်တွင် စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA က ပစ်ချနိုင်ခဲ့ပြီး စစ်တပ်တပ်စွဲထားသော စက်သုံးဆီဆိုင် မီးလောင်နေ၊ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု မရပ်မနားလုပ်ဆောင်
ဗန်းမော်တွင် စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA က ပစ်ချနိုင်ခဲ့ပြီး စစ်တပ်တပ်စွဲထားသော စက်သုံးဆီဆိုင် မီးလောင်နေ၊ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု မရပ်မနားလုပ်ဆောင် ရန်ကုန်၊ မတ် ၁၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရန် KIA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ဒရုန်းများ အသုံးပြုမှု ပိုမိုများပြားလာနေပြီး ယမန်နေ့ မတ်လ…
-
မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်း နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်
မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်း နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် ရန်ကုန်၊ မတ် ၁၀ အကြမ်းဖက် မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်းက နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်သွားခဲ့ကြောင်း နေပြည်တော်အေလာတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၈ ရက်နေ့ ညပိုင်း နေပြည်တော်အေလာလေတပ်သို့ ရုရှားကုန်တင်လေယာဉ် IL 76-RA-76842 (ilyushin il-76TD) ရောက်ရှိလာခဲ့ကြောင်း ၊ အဓိကအားဖြင့် နေပြည်တော်အေလာလေတပ်ထဲသို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ နေပြည်တော်မှ ရုရှားသို့ အပြန်တွင် မည်သည့်ကုန်ပစ္စည်းမှ တင်ဆောင်သွားခြင်းမရှိကြောင်း သိရှိရသည်။ မတ်လ ၉ ရက်နေ့တွင် အဆိုပါ ရုရှားကုန်တင်လေယာဉ်သည် နေပြည်တော်အေလာလေတပ်မှ ပြန်လည်…
-
တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော
တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော မတ် ၁၀၊ ၂၀၂၅ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ “EAOs တွေကို ကျနော်ပြောချင်တာက ဖြစ်ချင်တာတွေကိုမပြောပါနဲ့ ဖြစ်သင့်တာကိုပဲ ပြောဖို့ ကောင်းတယ်” လို့ မင်းအောင်လှိုင်က ရုရှားခရီးစဉ်က အပြန် လေယာဉ်ပေါ်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။ ပြည်သူလူထုရဲ့ ဆန္ဒကို ငြင်းပယ်ပြီး လက်နက်ပြ အကြမ်းဖက်ကာ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထံ နယ်မြေအမြောက်အမြား ဆုံးရှုံးထားရတဲ့ မင်းအောင်လှိုင်က သူတို့အနေနဲ့ ဒီမိုကရေစီအခွင့်အရေးအပါအဝင် တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးလည်း ပေးထားတယ်လို့ ဆိုပါတယ်။…
-
ရေးမြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးနေသော အောင်သုခရပ်ကွက် နယ်ထိန်းရဲ မျိုးသူ ဘီယာ သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦးတွင် ထွေ/အုပ်ဝန်ထမ်း လင်မယား ဓားခုတ်ခံရပြီး သေဆုံး
ရေးမြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးနေသော အောင်သုခရပ်ကွက် နယ်ထိန်းရဲ မျိုးသူ ဘီယာ သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦးတွင် ထွေ/အုပ်ဝန်ထမ်း လင်မယား ဓားခုတ်ခံရပြီး သေဆုံး ရန်ကုန်၊ မတ် ၁၀ မွန်ပြည်နယ် ရေးမြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်း စုဆောင်းခြင်းများ လုပ်ဆောင်နေသည့် အောင်သုခရပ် ကွက်၊ နယ်ထိန်းရဲ မျိုးသူ ဘီယာ သောက်နေစဉ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆာင်က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ မတ်လ ၉ ရက်နေ့ ည ၇ နာရီဝန်းခန့်အချိန် ရေးမြို့ပေါ်ရှိ အောင်သုခရပ်ကွက်၌ ဘီယာသောက်နေသည့် အောင်သုခ နယ်ထိန်းရဲမှူး မျိုးသူကို ရေးဘီလူး အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက…
-
အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး….
အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး…. မတ် ၉၊ ၂၀၂၅ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ မတ်လ ၈ ရက် မနေ့က မနက်ပိုင်းမှာ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေက အခုလို စစ်ဆေးရာမှာ စစ်ကောင်စီတပ်သားတွေ၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေကို အဓိကထား စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလမ်းပိုင်း စစ်ဆေးမှုကို ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၃)ဖြစ်တဲ့ KBDF၊ LPF နဲ့ NMSP (AD)၊ ထားဝယ်နဂါးတပ်ဖွဲ့နဲ့ ဒေါင်းမင်းစစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့…
-
ရခိုင်ခရိုနီ လို့ နာမည်ကြီးတဲ့ ဦးကျောက်တောင် ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ကို AA က ချိတ်ပိတ်
ရခိုင်ခရိုနီ လို့ နာမည်ကြီးတဲ့ ဦးကျောက်တောင် ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ကို AA က ချိတ်ပိတ် အမ်းချောင်းသူ လေးဝတီ FM ၊ ၈ ၊ မတ် ၊ ၂၀၂၅ ရခိုင်က ခရိုနီတစ်ဦးအဖြစ် နာမည်ကြီး လူသိများတဲ့ တောင်ကုတ်သူဌေး ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုလုပ်ငန်းတွေကို အာရက္ခပြည်သူ့ အစိုးရအဖွဲ့ ULA က ချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။ တောင်ကုတ်မြို့ ဂူတာရပ်ကွက် မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ပိုင်ဆိုင်တဲ့ နေအိမ် အပါအဝင် လုပ်ငန်းတွေကို မတ်လ ၆ ရက်က ချိတ်ပိတ်တဲ့ စာတွေ ကပ်ပြီး သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ” ပြည်သူပိုင်သိမ်းတဲ့ အထဲမှာ ဦးကျောက်တောင် ရဲ့ နေအိမ်တွေ…
-
ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုချင်လျှင် ရွေးကောက်ပွဲကို ကဏ္ဍကောစ မလုပ်ရန် နှင့် ပူးပေါင်းကြရန် မင်းအောင်လှိုင် ခြိမ်းခြောက်ပြန်
ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုချင်လျှင် ရွေးကောက်ပွဲကို ကဏ္ဍကောစ မလုပ်ရန် နှင့် ပူးပေါင်းကြရန် မင်းအောင်လှိုင် ခြိမ်းခြောက်ပြန် ရန်ကုန်၊ မတ် ၁၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုချင်လျှင် ရွေး ကောက်ပွဲကို ကဏ္ဍကောစ မလုပ်ရန်နှင့် ပူးပေါင်းကြရန် ခြိမ်းခြောက်မှုများ လုပ်ဆောင်လာပြန်သည်။ ယမန်နေ့ မတ်လ ၉ ရက်နေ့ ရုရှားမှ နေပြည်တော်သို့ အပြန်ခရီး လေယာဉ်ပေါ်တွင် စစ်တပ်လက်အောက်ခံ မီဒီယာများသို့ အင်တာဗျူး ဖြေကြားစဉ် မင်းအောင်လှိုင်က အထက်ပါအတိုင်း ခြိမ်းခြောက်ပြောဆိုခြင်းဖြစ်သည်။ အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းအနေဖြင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုချင်လျှင် ရွေးကောက်ပွဲကို မဆန့်ကျင်ရန် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆို ခြိမ်းခြောက်ပြန်သည်။ “ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့…
-
ရေးမြို့နယ်ရှိ ခမရ ၃၄၃ တပ်ရင်းမှ ထွက်လာသော စစ်သားများကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရ
ရေးမြို့နယ်ရှိ ခမရ ၃၄၃ တပ်ရင်းမှ ထွက်လာသော စစ်သားများကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရ ရန်ကုန်၊ မတ် ၉ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခမရ ၃၄၃ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်သားများကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆာင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ခမရ ၃၄၃ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တောင်စွန်းရွာထိပ်တွင် အစစ်အဆေးပြုလုပ်ပြီးနောက် ရေးဘီလူးအဖွဲ့က…
-
မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တရားမဝင် ကုန်ပစ္စည်းများ ပိုမိုဖမ်းဆီးရန် ညွှန်ကြားအပြီး ဘားအံတံတားမှ အစစ်အဆေး တင်းကျပ်နေရာ အခွန်ဆောင်၍ မြဝတီမှ ရန်ကုန်သို့ ဆင်းသော ကုန်တင်ကားများပင် တရက်လျှင် ၂ စီးသာ ဖြတ်ခွင့်ရ သဖြင့် ကုန်စည်ပို့ဆောင်ရေး နှေးကွေးသွားကြောင်း ကုန်သည်များက ဆိုသည်။ ထိုသို့ဖြစ်ရခြင်းက မတ် ၁ ရက် အစည်းအဝေး၌ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒု စစ်ခေါင်းဆောင်က ဖမ်းဆီးမှုများ ပြုလုပ်နေသည့် ကြားမှ တရားမဝင်ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ တင်သွင်းခြင်း လျော့ကျမှု မရှိသဖြင့် ပိုတိုး၍ ဖမ်းဆီးရန် ပြောဆိုရာမှ ထိုသို့ အစစ်အဆေးများ ပိုတင်းကျပ်လာခြင်းဖြစ်ကြောင်း သိရသည်။ နယ်စပ်ကုန်သည်ကြီးတဦးက “ဖေဖော်ဝါရီလတုန်းက ရဲတွေ ပိုက်ဆံတောင်းတာ လိုင်းပေါ်တက်သွားတော့ ပါတဲ့သူတွေကို…