အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး….

by

in

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး….
မတ် ၉၊ ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၈ ရက် မနေ့က မနက်ပိုင်းမှာ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက အခုလို စစ်ဆေးရာမှာ စစ်ကောင်စီတပ်သားတွေ၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေကို အဓိကထား စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလမ်းပိုင်း စစ်ဆေးမှုကို ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၃)ဖြစ်တဲ့ KBDF၊ LPF နဲ့ NMSP (AD)၊ ထားဝယ်နဂါးတပ်ဖွဲ့နဲ့ ဒေါင်းမင်းစစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။