စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

by

in

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ
ဇန်နဝါရီ ၂၁၊ ၂၀၂၅

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေပြီး ကုန်စျေးနှုန်းတွေ မတန်မဆ မြင့်တက်ကာ လူထု စီးပွါးရေးချွတ်ခြုံကျ ကျပ်တည်းနေတယ်လို့ ဦးကျော်ဇောကဆိုပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇောက ဒီနေ့ ဇန်နဝါရီ ၂၁ရက် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
စစ်အုပ်စုရဲ့ စီးပွားရေးကမောက်ကမ ဖြစ်စေတဲ့ လုပ်ရပ်တွေ၊ ကျပ်ငွေ ၃၁ ထရီလီယံအထိ ငွေစက္ကူ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်ခဲ့တာတွေကြောင့် မြန်မာ့သမိုင်းမှာ စံချိန်တင် ငွေကြေးဖောင်းပွမှု အမြင့်မားဆုံး ရောက်ရှိလာတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်မီး ပြည့်ဝစွာ ပေးနိုင်ခြင်းမရှိဘဲ ဆိုးဆိုးရွားရွား မီးပျက်နေမှုဟာ တိုင်းပြည်ကို ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ခြင်း မရှိတာ ပေါ်လွင်နေတယ်လို့လည်း ဦးကျော်ဇောက ထောက်ပြပါတယ်။ ဒါဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စီမံခန့်ခွမှု ညံ့ဖျင်းတာနဲ့ လူထုအကျိုး လျစ်လျူရှုတာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေအောက်မှာလည်း အသက်မပြည့်သေးသူ၊ လူငယ်လူရွယ် အမြောက်အမြား မတရားဖမ်းဆီးခြင်းခံရကာ စစ်မှုထမ်းခိုင်းနေတယ်လို့ ဦးကျော်ဇောက ပြောပါတယ်။