Breaking News ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး

by

in

Breaking News
ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး
အဉ္စနလီညှင်း လေးဝတီ(FM)၊
၉ ၊ ဇန်နဝါရီ ၊၂၀၂၅

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ကျောက်နီမော်စံပြကျေးရွာကြီး ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား (၄၀) ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရကာ နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၈ ရက် နေ့လည် ၁ နာရီကျော် မှာလာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ကျောက်နီမော် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် နဲ့ ကျောက်နီမော်ဈေး အနီးဝန်းကျင်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ် လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“မနေ့က လာပစ်တယ်။ ရွာထဲကိုတိုက်ရိုက်ကျတာပါ။ နေအိမ်တွေကနီးတယ်။ မီးလောင်ဗုံးလည်းချတယ်၊မီးကတော့အများလောင်တယ်၊ လတ်တလော သေဆုံးတာက ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရတာက ၃၀ ကျော်ပါတယ်။ ” လို့ ဒေသခံသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
ကျောက်နီမော်လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် သေဆုံးသူထဲမှာ အသက်မပြည့်သည့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ၊ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။
စစ်ကောင်စီသည် ရခိုင်မှာ ၂၀၂၅ ခုနစ် ဇန်နဝါရီလ အတွင်းမှာပင် ရခိုင်ပြည် မြေပုံ ၊ ပုဏ္ဏားကျွန်း နဲ့ ရမ်းဗြဲမြို့နယ်တို့က အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။
ဓာတ်ပုံ-APM

AA က သိမ်းပိုက်ထားသော ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄၀ ခန့်သေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိကာ လူနေအိမ် ၅၀၀ ခန့် မီးလောင်ပျက်စီး
ရန်ကုန်၊ ဇန်နဝါရီ ၉
AA က သိမ်းပိုက်ထားသော ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄၀ ခန့်သေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိကာ လူနေအိမ် ၅၀၀ ခန့် မီးလောင်ပျက်စီးကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးက ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကို ဗုံးကျဲချခဲ့ရာ ဒေသပြည်သူ ၄၀ ခန့်သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ထို့အပြင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောက်နီမော်တိုက်နယ်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ် ကွက်၊ အလယ်ပိုင်းရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ် ၅၀၀ ခန့်လည်း မီးလောင်ပျက်စီးကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန် ရမ်းဗြဲမြို့ နယ်၊ ကျောက်နီမော်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချစဉ် အပျက်အစီးများ။ Photo- Arakan Princess Media