အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြုပြင်ပြောင်းလဲရေး စတင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ အခိုင်အမာ ထပ်ပြော
ရန်ကုန်၊ ဇန်နဝါရီ ၇
အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြုပြင်ပြောင်းလဲရေးများ ယခုနှစ်အတွင်း စတင်မည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက အခိုင်အမာ ထပ်မံပြောဆိုလိုက်သည်။
ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း NUG အတွက် ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဖြစ်ကြောင်း၊ ထိရောက်သည့် ရလဒ်များ ထွက်စေရန် အပြောင်းအလဲ ပြုလုပ်ခြင်းသာဖြစ်သည်ကို နားလည်စေလိုကြောင်း၊ ဦးတည်ချက်မျာ မူလ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နှင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
” ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ – ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး” နဲ့ “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူးဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
တော်လှန်ရေးအတွက် အပြောင်းအလဲများကို မကြောက်ဘဲ အပြောင်းအလဲများကို အလိုရှိ၍ တော်လှန်ရေးအစိုးရ အဖြစ် ခံယူလျှောက်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်နှင့် လူထုအတွက် ပြုပြင်ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင်နိုင်သည်ကို လက်တွေ့ ပြသလိုကြောင်း သမ္မတက ပြောဆိုသည် ။
“ကျွန်တော်တို့ဟာ အပြောင်းအလဲတွေကို မကြောက်ပါဘူး။ အပြောင်းအလဲတွေကို အလိုရှိလို့လည်း တော်လှန်ရေးအစိုးရအဖြစ် ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ အခြေအနေ အပြောင်းအလဲ တွေကိုလည်း ပြည်သူလူထုနဲ့ နိုင်ငံအတွက် ကောင်းသောပြောင်းလဲခြင်းတွေဖြစ်အောင် ပဲ့ပြင်တည်ဆောက်ယူမယ်လို့ ခံယူပါတယ်။ မိမိကိုယ်ကို ပြောင်းလဲဖို့ လိုအပ်လာရင်လည်း – ဘာကိုမှ မတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအတွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင် နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
နွေဦးတော်လှန်ရေးအလုပ်များကို မြန်မြန်ဆန်ဆန်၊ လွယ်ကူထိရောက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အပြောနှင့်အလုပ် ညီကြစေရေး လက်တွေ့အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ကြရန် အလေးအနက်ထားတိုက်တွန်းကြောင်း ၊ ယခုနှစ်တွင် ယခင်ထက်သာလွန်သည့် စွမ်းဆောင်ရည်ဖြစ်စေရန် ကြိုးစားကြရေး ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။
NUG အစိုးရအဖွဲ့ဝင်များ အပြောနှင့် အလုပ်ညီအောင်လုပ်ရန် ယာယီသမ္မတပြော
ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ဝင်များအနေဖြင့် အပြောနှင့် အလုပ်ညီအောင် လုပ်ဆောင်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇန်နဝါရီ ၇ရက်) ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းပြောကြားသည်။
ယခု ၂၀၂၅သည် အပြောင်းအလဲများမည့် နှစ်ဟု ခံယူပြီး ချီတက်ဖြတ်သန်းရန် ယာယီသမ္မတက ပြောကြားပြီး အပြောင်းအလဲများ ကြုံလာရမည့် နှစ်ဖြစ်သကဲ့သို့ အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်လည်း
အပြောင်းအလဲများ လုပ်ကြရမည့်နှစ်ဟု ယူဆကြောင်း ယာယီသမ္မတက ပြောသည်။
“ကျွန်တော်တို့ဟာ တော်လှန်ရေးအလုပ်တွေကို မြန်အောင် လုပ်ရမယ်၊ လွယ်ကူအောင်လည်း လုပ်ရမယ်၊ ထိရောက် အောင်လည်း လုပ်ရမယ်ဆိုတဲ့ မူဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၂၄နှစ် မကုန်ခင်ကတည်းက ယခု ၂၀၂၅ အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင် ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “တချို့ကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ် ဆွေးနွေးနေဆဲရှိသလို အတော်များများကတော့ ကျွန်တော်တို့အားလုံးမှာ လွှမ်းခြုံမိတဲ့ ဆုံးဖြတ်ချက်တွေ ဦးတည်ချက်တွေ ရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အပြောနဲ့ အလုပ် ညီကြဖို့၊ လက်တွေ့ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေမှာ စနစ်တကျ အကောင်အထည်ဖော်ကြဖို့ ကျွန်တော့်အနေနဲ့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
၂၀၂၄ ခုနှစ်ထက် သာလွန်သည့် စွမ်းဆောင်ရေများဖြစ်အောင် ကြိုးစားကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။
“ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ – ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး” နဲ့ “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူးဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်” ဟုလည်း ယာယီသမ္မတက ပြောသည်။
အပြောင်းအလဲ အလိုရှိ၍ တော်လှန်ရေးအစိုးရ အဖြစ်ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း၊ ပြည်သူနှင့် နိုင်ငံအတွက် ကောင်းသော ပြောင်းလဲခြင်းများ ဖြစ်အောင် ပဲ့ပြင် တည်ဆောက်ယူမည်ဟု ခံယူကြောင်း ယာယီသမ္မတက ပြောကြားသည်။
“မိမိကိုယ်ကို ပြောင်းလဲဖို့ လိုအပ်လာရင်လည်း ဘာကိုမှ မတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအတွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင် နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ရုံးအဖွဲ့ တာဝန်ရှိသူများက မြေပြင်ရှိ ရဲဘော်များအား သွားရောက်တွေ့ဆုံမှုကိုတွေ့ရပြီး ယင်းသို့ မြေပြင်ရဲဘော်များနှင့် ထိတွေ့နိုင်မှုသည် ရဲဘော်များအတွက် စိတ်ဓာတ်ခွန်အားများစွာမြင့်တက်စေသကဲ့သို့ တော်လှန်ရေး တစုံလုံးအတွက်လည်းများစွာ အားဖြစ်စေသည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
(အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ၂၀၂၃မေလအတွင်းက PDF ရှေ့တန်းစခန်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ – NUG)