မန္တလေးမှာ အမျိုးသမီး ၂ ဦီးကို သေနတ်ပြခြိမ်းခြောက်ပြီး ဖုန်းနဲ့ဆိုင်ကယ်လုယက်

by

in

မန္တလေးမှာ အမျိုးသမီး ၂ ဦီးကို သေနတ်ပြခြိမ်းခြောက်ပြီး ဖုန်းနဲ့ဆိုင်ကယ်လုယက်
ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦးကို သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီး ဖုန်းနဲ့ဆိုင်ကယ် လုယက်မှု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ရဲမွန်တောင်ရပ်ကွက် ၊ ၅၁လမ်း၊ ၃၆လမ်းနဲ့ ၃၅လမ်းမှာ သြဂုတ်လ ၁၆ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။
ဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ CCTV မှတ်တမ်းအရ အမျိုးသမီးတွေ စီးလာတဲ့ ဆိုင်ကယ်နောက်ကနေ ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦီး ကပ်လိုက်လာပြီး သေနတ်နဲ့ချိန်ကာ ဆိုင်ကယ်ရပ်ခိုင်းတာတွေ့ရပါတယ်။
အဲဒီနောက် အမျိုးသမီးတွေထံက ဖုန်းနဲ့ ဆိုင်ကယ်ကိုပါ ယူဆောင်သွားတာတွေ့ရပါသေးတယ်။ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတွေရဲ့ ပြေပြချက်အရ အမျိုးသမီး ၂ ဦးကို စစ်ဆေးစရာရှိလို့ ဆိုပြီး ဆိုင်ကယ်ရပ်ခိုင်းကာ လုယက်ခဲ့တာလို့သိရပါတယ်။
အခုလို ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟာ လူသွားလူလာမပြတ်တဲ့ ၃၅ မိန်းလမ်းကြီးဘေးမှာ ဖြစ်ခဲ့တာပါ။
မန္တလေးမြို့မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြပြီး တားဆီးစစ်ဆေးကာ PDFနဲ့အဆက်သွယ်ရှိတယ်ဆိုပြီး ငွေညှစ်တာတွေပြုလုပ်နေတာရှိတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူလူငယ်အမျိုးသားကလည်းပြောပြပါတယ်။