စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီဘက် တော်သား အဆိုတော်ယုန်လေး နေအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူတချို့နှင့် တော်လှန်ရေး UG သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်အချိန် အဆိုတော်ယုန်လေး နေထိုင်ရာ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ နေအိမ်အနီးတွင် ဗုံးပေါက် ကွဲမှု ၂ ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး စမ်းချောင်းတစ်ဝန်းမှ ပြည်သူများကြားလိုက်ရကြောင်း သိရှိရသည်။
“ဗုံးကွဲတာကတော့ ဟုတ်တယ်။ အသံက နှစ်ချက် ။ အုန်းသံ အကျယ်ကြီးပဲ။ ဖျာပုံလမ်းထဲမှာပေါက်တယ်။ ဖျာပုံလမ်းဘက်တော့ စစ်ဆေးနေတာတွေ တွေ့တယ်” ဟု စမ်းချောင်းမှ ပြည်သူ ၁ ဦးက ဆိုသည်။
ရန်ကုန်မြို့ပြ UG တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကလည်း အဆိုတော် ယုန်လေးသည် ၎င်း၏ ဖျာပုံလမ်းနေအိမ်တွင် ပြန်လည် နေထိုင်နေကြောင်း၊ ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုသည် အဆိုတော် ယုန်လေး၏ နေအိမ်အနီး ပေါက် ကွဲမှုဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။
“ဘယ်အဖွဲ့က လုပ်တာလဲတော့မသိဘူး။ ယုန်လေးက စမ်းချောင်းမှာ ပြန်ပြီး နေနေတာကြာပြီ” ဟု အဆိုပါ UG တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
အဆိုတော်ယုန်လေးသည် စစ်တပ်နှင့်ပတ်သက်၍ ပွဲများ၊ ဇတ်လမ်းများကို အဓိ က ရိုက်ကူးသည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုကြောင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော သရုပ် ဆောင် နှင့်အနုပညာရှင်တချို့ ပြည်ပထွက်ခွင့်ရရရေးအတွက် စစ်တပ်တာဝန်ရှိသူများနှင့်ချိတ်ဆက်ပေးမှုများ၊ ခံဝန်လက်မှတ်ရေးထိုးရန် ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင်နေသော စစ်တပ်လော်ဘီ၊ စစ်တပ်ဘက်တော်သား ထောက်ခံသူဖြစ်သည်။