ရန်ကုန်နှင့် ပဲခူးတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဝင်းသိန်း၊ လှမိုးအောင်နှင့် ဇော်အောင် တို့က ပြည်သူများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်နေ

by

in

ရန်ကုန်နှင့် ပဲခူးတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဝင်းသိန်း၊ လှမိုးအောင်နှင့် ဇော်အောင် တို့က ပြည်သူများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဝင်းသိန်း၊ လှမိုးအောင်နှင့် ဇော်အောင် တို့က ပြည်သူများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မြောက်ဥက္ကလမြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းသိန်း ဦးဆောင်သော ပျူစောထီး ခေါင်းဆောင်ထွန်းထွန်းဝင်းနှင့် လူမိုက် မဲလုံးသောင်းစိန်တို့သည် ရပ်ကွက်အတွင်းရှိ ဘေးတွဲဆိုင်ကယ်များကို လိုက်လံ ဖမ်းဆီး၍ ငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး လူမိုက်အဖွဲ့က စစ်ခွေးတွေမပါဘဲနဲ့ ပေါ်ပေါ်ထင်ထင် မိုက်ကြေးခွဲနေတာ ဘေးတွဲဆိုင်ကယ် သမားတွေကို အကြောင်းအမျိုးမျိုးပြပြီး လိုက်ဖမ်းတယ်။ သူခိုးဓားပြနည်းအတူဖြစ်နေပါတယ်။ ရဲကို တိုင်ကြားတော့လည်း လာရောက်အရေးယူခြင်းမရှိဘူး။ ဝေစား မျှစားလုပ်နေပါတယ်။ ဘေးတွဲမောင်းနေတဲ့ လက်လုပ်လက်စားသမားတွေ ဒုက္ခ အကြီးအကျယ်ရောက်နေတယ်။ အုပ်ကြီးနဲ့ လူမိုက်အဖွဲ့က အင်းအား ၁၀ ကောင် အထက်ရှိပါတယ်။ လူတွေက အကောင်ကြီးကြီးတွေ သူတို့က ပလေကပ်ပုဆိုးပဲ ဝတ်ကြတာများတယ်။ ဝင်းသိန်းက ယုဇန ၄ လမ်း လမ်းသွယ်ကွေ့ချိုလေးနားမှာနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှမိုးအောင်သည် ရပ်ကွက်အတွင်းရှိ ပြည်သူများကို နည်းမျိုးစုံဖြင့် ငွေညှစ်နေကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး လှမိုးအောင်သည် စည်ပင်ပိုင် ပလပ်မြေများကို အကွက်ရိုက် ရောင်းစားခြင်း၊ ဧည့်စာရင်းနှင့် ထောက်ခံစာများ ပြုလုပ်ရာတွင်လည်း အဆမတန်ငွေများ တောင်းခံခြင်း၊ စစ်မှုထမ်း အတွက် ခေါင်းစဉ်တတ်၍ လစဉ်ငွေကြေး ကောက်ခံခြင်း၊ ရပ်ကွက်နေ ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံခြင်း၊ အိမ်အရောင်းအ၀ယ်ကိစ္စများတွင် ငွေကြေး တောင်းခံခြင်း၊ ရပ်ကွက် အတွင်းတရားမ၀င် ၂ လုံးဒိုင်များထံမှ လိုင်းကြေးများ တောင်းခံခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ဗိုလ်တဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်အောင်သည် ရပ်ကွက် ပြည်သူများထံမှ ကင်းကြေးများ အဆက်မပြတ် တောင်းခံနေကြောင်း သိရသည်။
မေလ ၁၇ ရက်နေ့မှ စတင်ပြီး ဖြူးမြို့နယ်။ ကညွှတ်ကွင်းမြို့ ဗိုလ်တဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်အောင်သည် ရပ်ကွက်နေ ပြည်သူများထံမှ ကင်းကြေးဟုဆိုကာ ၁ လလျှင် ငွေကျပ် ၁၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း သိရှိရသည်။
“အုပ်ချုပ်ရေးမှူး ဇော်အောင်က ကင်းကြေးလို့ ခေါင်းစဉ်တတ်ပြီး ကောက်နေတာ ၅ လပိုင်းတည်းက တစ်အိမ်ကို ၁၀၀၀၀ ကျပ် မထည့်မနေရဆိုပြီး လိုက်ကောက်နေတာ သူတို့ လာကောက်လို့ မပေးရင်လည်း ပြည်သူတွေကို ဆဲဆိုပြီး ဖမ်းဆီးလို့ ရတယ်လို့ ခြိမ်းခြောက်တာတွေလုပ်တယ်။ တစ်လ တစ်ခါလို့ပြေ