မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ယောက် ကျဆုံးခဲ့…

by

in

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ယောက် ကျဆုံးခဲ့…
ဒီဇင်ဘာ၂၇ ၊၂၀၂၄
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်(၇) ယောက်က ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအတွင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းကနေ နိုဝင်ဘာ ၉ ရက်မှာ ၁ ယောက်၊ ၁၆ ရက်မှာ ၁ ယောက်၊ ၂၂ ရက်မှာ ရဲဘော် ၄ ယောက်နဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ၁ ယောက် စုစုပေါင်း ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီမြို့သိမ်းစစ်ဆင်ရေးအတွင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ပြင်းထန်ဒဏ်ရာရသူ ၃ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၉ ယောက်နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူ ၂ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
“မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှ ရဲဘော် (၇)ယောက် ပေးဆပ်ကျဆုံးခဲ့ရပြီး ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် အသက်ကိုပဓာနမထားပဲ အောင်ပွဲတွေရရှိအောင် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်(၇)ဦးကိုလည်း ဦးညွှတ်ဂုဏ်ပြုအလေးနီပြုပါတယ်”လို့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
မုံရွာခရိုင်အမှတ် ၃ တပ်ရင်းဟာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်အဖွဲ့၊ Yaw Defence Force – YDF ၊ Yaw Army (YA) တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ကူ၊ လက်နက်ခဲယမ်းပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေနဲ့အတူ စစ်ဆင်ရေးအောင်မြင်အောင် လုပ်ဆောင်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၉ ရက်ကစတင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ခလရ ၂၇၄ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်သုံ့ပန်း ၁၅၀ ထက်မနည်းနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ရဲ့ လက်ရှိအခြေအနေ (ရုပ်/သံ)

ဒီဇင်ဘာ ၂၇၊ ၂၀၂၄
ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ တော်လှန်ရေးရဲဘော် ၁ ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၂၁ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
တိုက်ပွဲကနေ ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေပြီး ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ ဆောမြို့နယ် ရေရှည်ကျေးရွာအနီး ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၁၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။