မြို့ကြီးသုံးမြို့တွင် တမနက်တည်းဓားပြတိုက် ၊လူသတ်မှုသုံးမှုဖြစ်ပြည်သူနှစ်ဦး​သေဆုံး

by

in

ဗဟန်းတွင် အလှကုန်ဆိုင်ပိုင်ရှင်အမျိုးသမီး ဆွဲကြိုးလုခံရ၍ ခုခံစဉ် ဓားထိုးခံရပြီး သေဆုံး
26 Dec 2024 By Nway / MPA

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် အလှကုန်ဆိုင်ပိုင်ရှင် အမျိုးသမီး ဆွဲကြိုးလုခံရ၍ ခုခံစဉ် ဓားထိုး ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာ ၂၆ရက်) နံနက် ရှစ်နာရီခွဲခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic Store ဆိုင်ပိုင်ရှင် ဒေါ်အေးအိခိုင်သည် ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ၎င်းဝတ်ဆင်ထားသော ရွှေဆွဲကြိုးကိုလုယက်သောကြောင့် ပြန်လည်ခုခံခဲ့ကြောင်း လုယက်သူအမျိုးသားက ဓားဖြင့်ထိုးခဲ့ရာ ဒေါ်အေးအိခိုင်သည် အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံးခဲ့ကြောင်းBahan Information ll ထံက သိရသည်။
“သေဆုံးသူက အသက် ၃၅နှစ် ဝန်းကျင်ပါ။ လောလောဆယ် ဆွဲကြိုးပါသွားတယ်လို့ပဲ သိရပါသေးတယ်။ ရဲတွေတော့ လာစစ်တယ်။ တရားခံ မမိသေးဘူး ” ဟု Bahan Information ll မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
သေဆုံးသူ၏အလောင်းကို ရေဝေးသုသာန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဓာတ်ပုံ – Google / ပုံစာ – အခင်းဖြစ်ပွားသည့် AK Cosmetics Store ။
စာတည်း – ML

ဗဟန်းတွင် အလှကုန်ဆိုင်ပိုင်ရှင် ၁ ဦးကို ဓားဖြင့်ထိုးသတ်ပြီး ဆွဲကြိုးလုယက်

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်မှာ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက AK Cosmetic ဆိုင်ရှင်ကို ဓားနဲ့ထိုးပြီး ဆွဲကြိုးလုယူသွားခဲ့ကြောင်း မြို့ခံတွေထံက သိရပါတယ်။

ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ရှင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးအိခိုင်မှာ ဆိုင်ဖွင့်နေစဥ် အခုလို သတ်ဖြတ်လုယူခံခဲ့ရတာလို့ လမ်းအတွင်းနေထိုင်သူတယောက်က ပြောပါတယ်။
“သူဆိုင်ဖွင့်တဲ့အချိန်ကို ချောင်းပြီး လမ်းထဲလူရှင်းတုန်းမှာ ရွှေဆွဲကြိုးကို အမျိုးသားတယောက်က ဝင်လုတာပါ။ အေးအိခိုင်ကလည်း ပြန်ပြီးခုခံနေလို့ ဓားနဲ့ထိုးသွားတာ ပွဲချင်းပြီးပဲ။ လုသွားတဲ့သူကိုတော့ ဖမ်းမမိသေးဘူးလို့ကြားတယ်။”

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ တရားဥပ‌ဒေစိုးမိုးမှု အားနည်းလာတာကြောင့် နေ့ခင်းပိုင်း အနုကြမ်းစီးတာ၊ ကားလုတာ၊ ဆွဲကြိုးဖြတ်ယူတာအပြင် ဖောက်ထွင်းခိုးယူတာတွေလည်း မကြာခဏဆိုသလို ဖြစ်နေကြောင်း ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

အလားတူ မော်လမြိုင်မြို့ အပါအဝင် မြို့နယ်တချို့မှာလည်း ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၂၆ ရက် ဒီနေ့မနက်ပိုင်းကလည်း မန္တလေးမြို့တွင်းရှိ နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရကြောင်း သိရပါတယ်။

မြို့ကြီးသုံးမြို့တွင် တမနက်တည်းဓားပြတိုက်
၊လူသတ်မှုသုံးမှုဖြစ်ပြည်သူနှစ်ဦး​သေဆုံး
မိထက်/People’s Spring
မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး သုံးမြို့ဖြစ်​သော ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့ တို့တွင် ယ​နေ့(ဒီဇင်ဘာ လ၂၆ရက်)နံနက်ပိုင်း ၌ ဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့သည်။
ရန်ကုန်မြို့တွင် ဗဟန်းမြို့နယ်၊ ဆရာစံ​မြောက်အ​ရှေ့ရပ်ကွက်၊ ဆရာစံလမ်းရှိအလှကုန်ပစ္စည်းဆိုင်တစ်ဆိုင်ကို နံနက်၈နာရီခန့်တွင် အမျိုးသားတစ်ဦးကဝင်ရောက်လုယက်ပြီး ဆိုင်ရှင်အမျိုးသမီးကိုဓါးဖြင့်ထိုးခဲ့သည်။
“ဆွဲကြိုးကို ဝင်လုတာ။ ပြန်လုတော့ ဓားနဲ့ထိုးပြေးတာ။ လူအုပ်လိုက်ကြီး တွေ့ခဲ့တယ်။ ရဲတွေလည်းတွေ့တယ်။ တရားခံမိ၊ မမိမသိဘူး”ဟု မြို့ခံတစ်ဦးကပြောသည်။
ဓားဖြင့်အထိုးခံရသူအမျိုးသမီး သေဆုံးသွားခဲ့သည်။
မန္တလေးမြို့တွင် ဒိုင်းမွန်းပလာဇာအနီးမှ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို ယနေ့ နံနက်
၈ နာရီ ၅၀ မိနစ်ခန့်၌ ဓားပြတိုက်ခံရသည်။ရွှေ ၁ ပိဿာနှင့် ငွေကျပ်သိန်း ၃၀ပါသွားကြောင်း ကနှစ်ဦးသတင်းရရှိထားသည်။ ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့သည်။
မုံရွာမြို့တွင်လည်း ကားမောင်းလာသူအမျိုးသမီးတစ်ဦးအားသတ်ပြီး ကားအားလုယက်ယူဆောင်သွားမှု ယနေ့နံနက်ပိုင်း၌ဖြစ်ခဲ့သည်။
မုံရွာမြို့၊ ဗိုလ်တေဇလမ်းမြောက်ပိုင်းဘက် မန်
ကျည်းပင်စျေးအနီး၌ ကားလုယူခံရခြင်းဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့သည်။အမျိုး
သားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးက လုယက်သွားခြင်းဖြစ်ကြောင်းသိရပြီး မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တရားခံများအား ကိုယ့်‌နယ်မြေအတွင်းတွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပြီး အကြောင်းကြားရန်
မုံရွာမြို့နယ် ပြည်သူ့လုံခြုံ​ရေးအဖွဲ့( ပလဖ)က အသိပေးထားသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့
တော်ဖြစ်ပြီး မန္တလေးမြို့သည်မြန်မာနိုင်ငံ
၏ဒုတိယမြို့တော်ဖြစ်သည်။ နှစ်မြို့စလုံးကို စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်သည်။ မုံရွာမြို့သည် စစ်ကိုင်းတိုင်း၏ မြို့တော်ဖြစ်ပြီး တော်
လှန်ရေးအင်အားသူများရော စစ်ကောင်စီကပါ ထိန်းချုပ်ထားသည်။ မြို့ပေါ်နေရာအများစုကိုမူ စစ်ကောင်စီကထိန်းချုပ်ထားသည်။ မြို့ကြီးသုံးမြို့တွင် နာရီပိုင်းအတွင်းဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
အန္တ​လေးမြို့တွင် ဓါးပြတိုက်ခံရ​သောနဂါးနန်းတော် စိန်ရွှေရတနာဆိုင် တည်နေရာသည် စစ်ကောင်စီတပ်အထိုင်ချထားသည့် မန္တလေးဘူတာကြီး နှင့် ၃ ပြခန့်သာ ကွာဝေးပြီး လူသွားလူလာများသည့် ဆေးရုံကြီး၊ ရတနာပုံစျေးတို့နှင့် မနီးမဝေးတွင် တည်ရှိသည်။
“စစ်သားတွေတော့ တွေ့ခဲ့တယ်။သေနတ်အရှည်ကိုင်ပြီး ပြောင်ပြောင်တင်းတင်းဝင်တိုက်သွားတာတဲ့။မြို့ထဲသေနတ်ရှည်ကိုင်ရဲတဲ့သူက သူတို့လူ(စကစ)တွေပဲရှိတာပဲ “ဟု မြို့ခံတစ်ဦးက ​ပြောသည်။
ထို့အပြင်မန္တလေးမြို့လယ်ခေါင်တွင် ရှစ်ရက်အတွင် သုံးကြိမ်ဓားပြတိုက်ခံရခြင်းဖြစ်သည်။
(မန္တ​လေးမြို့လယ် ၊နဂါးနန်းတော် စိန်ရွှေရတနာဆိုင်တွင်ဓါးပြတိုက်မှုဖြစ်ပွားပြီး စစ်သားများ​ရောက်ရှိလာစဥ်။ဓါတ်ပုံ- စစ်​ကောင်စီ)