သား သတိရတယ်.. မေမေ (ရုပ်/သံ)
ဒီဇင်ဘာ ၂၄၊ ၂၀၂၄
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေချင်ကြောင်း ဗီဒီယိုအတိုလေးကို ဒီဇင်ဘာ ၂၂ရက်မှာ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
လာမယ့်နှစ်မှာ အသက် (၈၀)ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည့်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အဓမ္မချုပ်နှောင်ခံထားရတာ ၄ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
”မေမေ နေကောင်းလား ..သား သတိရတယ် မေမေ၊ စိတ်လည်းပူတယ် ..မေမေ အမြန်ဆုံးလွတ်မြောက်ပါစေ..မေမေ ကျန်းမာပါစေ” လို့ ကိုထိန်လင်းက ပြောခဲ့ပါတယ်။