** Breaking News **
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တိုက်တွန်းချက် လုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ်
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့တောင်းဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က မဲမပေးပဲ လက်ရှောင်ခဲ့ကြပြီး လုံခြုံရေးကောင်စီရဲ့ ကျန်အဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံ သဘောတူခဲ့ကြပါတယ်။ မူကြမ်းကိုဗြိတိန်နိုင်ငံကအဓိကတင်သွင်းခဲ့တာဖြစ်ပြီး၊ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်။ မဲခွဲဆုံးဖြတ်ရာမှာ တရုတ်၊ ရုရှား နဲ့ အိန္ဒိယ ၃ နိုင်ငံက မဲမပေးဘဲနေခဲ့ပါတယ်။