နပခ ဇာတ်သိမ်း မှာ နေပြည်တော်မှာ အောင်ပွဲခံနေတဲ့ အာဏာသိမ်းခေါင်းဆောင်တွေ
-People’s Spring
အာရက္ခတပ်တော်(AA)က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုဒီဇင်ဘာ ၂၀ ရက်မှသိမ်းပိုက်ခဲ့ပါတယ်။ နပခ ကျရှုံးသွားတဲ့ နေ့ ညပိုင်းမှာပဲ အာဏာသိမ်းခေါင်းဆောင်တွေက နေပြည်တော်မှာအမျိုးသားအားကစားပွဲတော် ပိတ်ပွဲကိုတက်ရောက်ဆင်နွှဲခဲ့ကြပါတယ် ။စစ်တိုင်းဌာနချုပ်တစ်ခုကျရှုံးချိန်မှာ အာဏာသိမ်းခေါင်းဆောင်တွေဘာလုပ်နေလဲဆိုတာကိုယှဥ်တွဲဖော်ပြလိုက်ပါတယ် ။
နပခ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ၊ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီးအောင်စစ်နိုင် ၊ရုံးအုပ်ချုပ်ရေး အရာခံဗိုလ်အေးသိန်းတို့အပါအဝင် ရာနဲ့ချီတဲ့စစ်သားတွေ AA ဆီမှာ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရချိန်၊
စစ်သားရာပေါင်းများစွာသေဆုံးဒဏ်ရာပြီး စစ်တပ်က နပခ ဆုံးရှုံးရချိန်မှာနေပြည်တော်မှာတော့ ပွဲတော်လုပ်နေကြတာဖြစ်ပါတယ်။ ဒါပေ
မယ့် အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ဇနီးသည်တွေရဲ့ မျက်နှာတွေကတော့ ပျက်နေကြတာတွေ့ရပါတယ် ။
ဓါတ်ပုံ-AA Info Desk ၊ စစ်ကောင်စီ