အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာရှိ ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များ ယူဆောင် ထွက်ပြေးလွတ် မြောက်

by

in

အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာရှိ ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များ ယူဆောင် ထွက်ပြေးလွတ် မြောက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာ ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များ ယူဆောင် ထွက်ပြေးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များ ယူဆောင်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထွက်ပြေးသွားသော တပ်သားသစ် ၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တောနင်းရှာဖွေနေပြီး လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိ ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်း၊ ထို့ပြင် သာယာဝတီခရိုင် အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များထံလည်း အဆိုပါ ထွက်ပြေးလာသော တပ်သားသစ်များ ရောက်ရှိလာခြင်းမရှိသေးကြောင်း သိရှိရသည်။
“PDF ဆီ မလာဘူး။ စစ်ခွေးတွေလည်း အခုထိ ပြန်မတွေ့သေးဘူး။ ပြန်မတွေ့သေးလို့ တောနင်းရှာနေတယ်။ လက်နက်နဲ့ထွက်ပြေးကြတာ သေချာပါတယ်။ ၁၇ရက်နေ့ ညက ထွက်ပြေးတာ မနက်ကျတော့ လက်နက်တွေရော တပ်သားသစ် ၇ ဦးပါ ပျောက်သွားလို့ တပ်ထဲမှာဝရုန်းသုန်းကားဖြစ်နေတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။