ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄ ၊ ၁၀) နှင့် MDDS တို့က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘန်ကာအနီးနားထိ တိုက်ခိုက်နိုင်ခဲ့ကာ စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာသောကြောင့် အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော် ၄ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် နာရေးကား ၂ စီး စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို မောင်းနှင်သွားပြီး မိထ္တီလာမြို့ဘက်ကို ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄ ၊ ၁၀) နှင့် MDDS တို့က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘန်ကာအနီးနားထိ တိုက်ခိုက်နိုင်ခဲ့ကာ စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာသောကြောင့် အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“စခသေဆုံးထိခိုက်မှုကတော့ စုံစမ်းလို့ရသေးဘူး၊ မန္တလေး -မိတ္ထီလာ ကူးနေတဲ့လမ်းဖြစ်တဲ့အတွက် လမ်းပေါ်မှာက အများကြီး၊ စစ်ကူလာတာ အနီးအနားစခန်းတွေကပဲလာတာ။ အနီးအနားမှာ စခ စခန်းတွေအများကြီးရှိတယ်၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးနေကြဖို့ သတိ ပေးချင်ပါတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့်ပါ” ဟု မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။