ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိ

by

in

ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသနှင့် PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ဖာပွန်မြို့နယ်၊ ဖာပွန် -ကမမောင်းလမ်းပေါ်ရှိ စစ်တပ် ၏ ဆင်စွယ်စခန်းကို လည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်သုံးလုံးစခန်း ကိုလည်းကောင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တောင်သုံးလုံးစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်သား အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော ၁၂၀ မမ လက်နက်ကြီး ၁ လက်၊ ၈၁ မမ လက် နက်ကြီး ၃ လက်၊ ၆၀ မမ လက်နက်ကြီး ၂ လက် အပါ အဝင် လက်နက်ငယ်များ၊ ခဲယမ်းများနှင့် မီးစက် ၃ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲများကို ဒီဇင်ဘာလ ၄ ရက်နံနက်ပိုင်းမှစတင်၍ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော် – KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ ဗမာပြည်သူ့လွတ်မြောက် ရေးတပ်တော် (BPLA) နှင့် Force For Federal Democracy – FFD အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့သည့် အကြမ်းဖက်စစ်တပ်စခန်းများ သည် ဖာပွန်-ကမမောင်းလမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် စခန်းများဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးပါသောစခန်းများဖြစ် ကြောင်း သိရသည်။