ပြင်ဦးလွင်နှင့် နောင်ချို အစပ်ရှိ အင်းဝိုင်း အနီးတွင် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို စစ်တပ်က နေရပ်ပေးမပြန်ဘဲ ပိတ်ဆို့ထားပြီး ထွက်ပြေးသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်

by

in

ပြင်ဦးလွင်နှင့် နောင်ချို အစပ်ရှိ အင်းဝိုင်း အနီးတွင် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို စစ်တပ်က နေရပ်ပေးမပြန်ဘဲ ပိတ်ဆို့ထားပြီး ထွက်ပြေးသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်
ရန်ကုန်၊ ဒီဇင်ဘာ ၆
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အစပ်ရှိ အင်းဝိုင်းတွင် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က နေရပ်ပေးမပြန်ဘဲ ပိတ်ဆို့ထားပြီး ထွက်ပြေးသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်နေကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပြင်ဦးလွင်မြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာသည့် အင်းဝိုင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူများကို အကြမ်းဖက် စစ်တပ်က နေရပ်ပေးမပြန်ဘဲ လက်ရှိချိန်ထိ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများ ပါရှိပြီး ထွက်ပြေး သူများရှိပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။
“ပြင်ဦးလွင် အင်းဝိုင်းအနီးမှာ စစ်ဘေးရှောင်တွေကို စစ်ခွေးတွေက အပြင်လုံးဝ ထွက်ခွင့်မပြုဘဲ ပိတ်ဆို့ထားတယ်။ ထွက်တာနဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်။ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေး သူငယ်တွေ ပါဝင်တယ်။ နာမကျန်းဖြစ်‌နေတဲ့ သူများလည်း ပါရှိတယ်။ ပြည်သူ ရာဂဏန်းလောက် ရှိမယ် ပိတ်မိတယ်” ဟု 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။