အာဏာသိမ်း​ခေါင်း​​ဆောင်တက်​ရောက်မယ့်ဆိုတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ သံချပ်ကာတပ်​ပါ​ ခေါ်ယူလုံခြုံ​ရေးမြှင့်​​နေ

by

in

အာဏာသိမ်း​ခေါင်း​​ဆောင်တက်​ရောက်မယ့်ဆိုတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ သံချပ်ကာတပ်​ပါ​ ခေါ်ယူလုံခြုံ​ရေးမြှင့်​​နေ
မေ/ People’s Spring
ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ်(DSA)ဗိုလ်​လောင်းသင်တန်းအမှတ်စဥ် (၆၆) သင်တန်းဆင်းပွဲကို အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် လာမှာဖြစ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်ကစပြီး သံချပ်ကာတပ်တွေပါ​ခေါ်ယူပြီးလုံခြုံ​ရေး တင်းကြပ်နေတယ်လို့ မြို့ခံတွေက​ ပြောပါတယ်။
ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်ရန်စီစဉ်နေတဲ့ DSAသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက် ၊၄ရက် ၊ ၅ရက်​နေ့​တွေမှာ ပြုလုပ်မယ်လို့ သတင်းလွှင့်ထားတယ်လို့ မြို့ခံ အချို့က​ ပြောပါတယ် ။ဒါ​ပေမယ့် ​ကျောင်းဆင်းပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး ကျောင်းနည်းပြတွေနဲ့အရာရှိကြီးတွေကိုသာ ပေးသိထားတယ်လို့လည်းစုံစမ်းသိရပါတယ်။
ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်​တွေထဲက စစ်တက္ကသိုလ်(DSA)နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကျောင်းဆင်းပွဲ​တွေကို အရင်နှစ်​တွေတုန်းကလည်း ဒီဇင်ဘာပထမပါတ်မှာပြုလုပ်လေ့ရှိတယ်လို့ ပြင်ဦးလွင်မြို့ခံအချို့က ပြောပါတယ် ။
ဒါ​ပေမယ့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ​တော့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲရက်​တွေကိုအတိအကျ မ​ပြော​တော့ပဲသတင်းလွှင့်ထာတဲ့
ရက်ထက် နောက်ကျပြုလုပ်လေ့ရှိပါတယ် ။
အခုသင်တန်းဆင်းမယ့် DSA အပါတ်စဥ် (၆၆)ဟာ စစ်တပ် အာဏာမသိမ်းခင် မှာ​ခေါ်ယူပြီးသင်တန်း​ပေးခဲ့တဲ့အထဲ ​နောက်ဆုံးအပါတ်စဥ်ဖြစ်တယ် လို့ စစ်​ရေးသတင်း​တွေ​ပုံမှန်​စောင့်ကြည့်ရေးသားတင်ဆက်​ပေး​နေတဲ့CDM ဗိုလ်ကြီးဇင်​ယော်က​ပြောပါတယ် ။ ဒီ​နောက်ပိုင်းအပါတ်စဥ်​တွေဟာ စစ်တပ်အာဏာသိမ်းပြီးမှ ​ခေါ်ယူခဲ့တဲ့ စစ်သား​တွေလို့သိရပါတယ် ။
“မြို့ပေါ်မှာ အစစ်အဆေးတွေရှိတယ်။ လူကြီး(မင်းအောင်လှိုင်) ကျောင်းဆင်းပွဲလာမှာ အဲဒါကြောင့် ဒီရက်ပိုင်းကြပ်နေတာ။ အခု ဘယ်နေ့ ကျောင်းဆင်းမယ်ဆိုတာ ကြိုအသိမပေးဘူး။ တပ်ထဲလည်း ကြိုမပြောဘူး”လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ် ။
၂၀၂၃ ခုနှစ်ကကျောင်းဆင်းပွဲကို ဒီဇင်ဘာ ၈ရက်မှာပြုလုပ်ခဲ့​ပေမယ့်လည်း ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက အဆင့်သင့်ပြင်ဆင်ခိုင်းထားခဲ့တာပါ။အရင်နှစ်က DSTA ကျောင်းဆင်းပွဲကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ် ။အရင်က DSTA ကျောင်းဆင်းပွဲ​တွေကို တစ်ကြိမ်မှ မသွားခဲ့​ပေမယ့် ၂၀၂၃ခုနှစ်မှာ​တော့ မဲဆွယ်တဲ့သဘောနဲ့ပထမဆုံးအကြိမ် သွား​ရောက်ခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်သူအချို့က​ပြောပါတယ် ။
ထူးခြားချက်က ဒီနှစ်ပြုလုပ်မယ့် ကျောင်းဆင်းပွဲဟာ အရင်နှစ်​တွေကထက် ပိုမိုလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံ​တွေက​ပြောကြပါတယ် ။
ကျောင်းဆင်းပွဲပြုလုပ်မယ့်နေရာနဲ့ (၁၆)မိုင်ခန့်ပဲဝေးတဲ့ နောင်ချိုမြို့နယ် ဂန့်ဂေါ်ရွာ အနီးဝန်းကျင်မှာ အောက်တိုဘာလလယ်ပိုင်းကတည်းကတိုက်ပွဲ​တွေ ဖြစ်ပွား​နေပါတယ်။ ပြင်ဦးလွင်မြို့အရှေ့
တောင်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာလည်း တိုက်ပွဲ​တွေ ပြင်းထန်​နေပါတယ်။
ဒါ​ကြောင့် စစ်​ကောင်စီက မန္တလေးနဲ့ကျောက်ဆည်မြို့မှာရှိတဲ့ သံချပ်ကာတပ်နဲ့ တင့်ကာတပ်​တွေကိုပါခေါ်ယူပြီး လုံခြုံရေး စောင်ရွက်​နေတယ်လို့မြို့ခံအချို့က​ပြောပါတယ် ။
“အဲဒီကားတွေက မြို့ပတ်ချာလည်မှာ ထားတာ။ ဘယ်သူမှ မသိရဘူး။ မြို့ထဲမှာ မရှိဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ် ။
စစ်ကောင်စီတပ်ဟာ အင်အား ထောင်ချီအသုံးပြုပြီး​တော့ ပြင်ဦးလွင်နယ်နမိတ်အစပ်​တွေအင်အားတိုးချထားတယ်လို့ဆိုပါတယ် ။
နိုဝင်ဘာလဒုတိယပါတ်ကစပြီး DSAကျောင်းအတွင်းနဲ့ ပတ်ဝန်းကျင်၊ ရထားသံလမ်း၊မြို့ပတ်လည်ကဂိတ်တွေနဲ့ နောင်ချိုမြို့နယ်အစပ်၊မတ္တရာမြို့နယ်အစပ်တွေအထိလုံခြုံရေးတိုးမြှင့်တာ၊အင်အားတိုးချထား​တွေလုပ်​နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒါ့အပြင် ဒီကျောင်းဆင်းပွဲ ရက်ကို တပ်တွင်းမိသားစုတွေကိုပါ အသိမ​ပေးတိုးတိုးတိတ်တိတ်လုပ်နေတယ်လို့ မှီခိုမိသားစုဝင်တွေဆီကသိရပါတယ်။
နောင်ချိုမြို့နယ်ဘက်ကအဝင်အထွက်၊၁၆မိုင်တိုးဂိတ်၊မန္တလေးပြင်ဦးလွင်လမ်းပိုင်း၊ပြင်ဦးလွင်မြို့ပတ်လမ်းတွေမှာ နိုဝင်ဘာလနောက်ဆုံးပတ်က သုံးဘီးတွဲတွေ၊သဲကားတွေဖြတ်သန်းခွင့်ယာယီပိတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် အနီးစခန်းလေဆိပ်မှာလည်း နိုဝင်ဘာလ၂၈ရက်နေ့က လေယာဥ်အတက်အဆင်းမကြာခဏပြုလုပ်ကာ လူကြီးလမ်းကြောင်းရှိတဲ့ပုံစံမျိုးစုံလုပ်ပြခဲ့တယ်လို့ လေဆိပ်အနီးက ဒေသခံတဦးက ပြောပါတယ်။ဒါပေမယ့်စစ်တပ်နဲ့နီးစပ်သူတဦးရဲ့ပြောကြားချက်အရ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် မည်သူမျှရောက်မလာသေးဘူးလို့သိရပါတယ်။
“မနှစ်ကလိုပဲလေ။အရင်ရက်တွေလမ်းပိတ်ပြီးနောက်ရက်မှလုပ်တာ။နိုင်ငံတော်ရဲ့အကြီးဆုံးလာမှာပါဆို၊ဘယ်လိုလုပ်ပေးသိမှာလဲ”လို့ စစ်တပ်နဲ့နီးစပ်သူတဦးကဆိုပါတယ်။
ဒါပေမယ့်အနီးစခန်းလေတပ်မှာ ရဟတ်ယာဥ် ၂ စီးနဲ့ ပြင်ဦးလွင်မြို့ပတ်လည်ကို လုံခြုံရေးကင်းလှည့်တာတွေပြုလုပ်နေသလို၊ပြင်ဦးလွင်မြို့နယ်
မှာ ညစဥ်လုံခြုံရေးကင်းလှည့်တာတွေလုပ်နေတယ်လို့သိရပါတယ်။
ကျောင်းဆင်းမယ့်ကျောင်းသားမိဘတွေကိုလည်း ပထမပတ်အတွင်းကျောင်းဆင်းမှာဖြစ်ပြီး အသင့်ပြင်ထားကြဖို့ကိုသာပြောဆိုထားပြီး ရက်အတိ
အကျမသိရသေးဘူးလို့ စစ်တပ်အသိုင်းဝိုင်းဆီကသိရပါတယ်။
“ကလေးတွေကိုယ်တိုင်တောင်သေချာသိသေးပုံမရဘူး။ဖုန်းအသုံးပြုခွင့်ကလည်းအရင်ကထပ်တင်းကြပ်ထားတော့သေချာပြောခွင့်မရဘူး။သူတို့အ
ကြောင်းကြားလာတာနဲ့ပထမအပတ်ထဲသွားဖို့တော့ ကျွန်မတို့ပြင်ဆင်ထားတယ်”လို့ မိခင်တဦးကပြောပါတယ်။
DSAကျောင်းမှာတက်နေတဲ့ဗိုလ်လောင်းတွေဟာ အရင်ကကိုယ်ပိုင်ဖုန်းအသုံးပြုခွင့်ပိတ်ထား​ပေမယ့်လည်းခိုးသုံးလို့ရကြပါတယ် ။ဒါ​ပေမယ့် နှစ်မှာဖုန်းအသုံးပြုခွင့်ကိုလုံးဝပိတ်ထားသလို စနေ၊တနင်္ဂနွေအပြင်ထွက်ခွင့်ပါလုံခြုံရေးအကြောင်းပြပြီးပိတ်ထားတယ်လို့သိရပါတယ်။
စစ်တပ်ဘက်က ကျောင်းဆင်းပွဲအတွက်တင်မဟုတ်ဘဲ ကျောင်းဆင်းပွဲအပြီးနောက်ရက်ညနေပိုင်းမှာတာဝန်ကျရာဌာနတွေကိုသွားဖို့ ယာဥ်တန်းတွေထွက်မှာဖြစ်ပြီး အဲဒီအတွက်ပါလုံခြုံရေးယာဥ်တန်းတွေပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ပြင်ဦးလွင် လုံခြုံ​ရေးကို ကစထမှူးကိုယ်တိုင်ကြီးကြပ်​နေသလို ၊ ​နောင်ချိုမြို့နယ်ကိုသိမ်းပိုက်ထား​တဲ့ TNLAက နိုဝင်ဘာ ​နောက်ဆုံးပါတ်
တွင် ငြိမ်းချမ်း​ရေး​ဆွေး​နွေးဖို့ ကြေညာချက်ထုတ်ပြန်ထားတာ​ ၊ အရင်အပါတ်က ဇီးပင်ကြီးမှာ ရဲအုပ်​လောင်းသင်တန်းဆင်းပွဲ ကိုရဲချုပ်အသစ်ဖြင့်ဆင်းခဲ့​သောအ​ခြေအ​နေ​တွေ​ကြောင့်DSAကျောင်းဆင်းပွဲကို စစ်​ကောင်စီက အရင်နှစ်​တွေထက် ပိုခမ်းခမ်းနားနားလုပ်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်​ယော်ကလည်း သုံးသပ်ပါတယ်။
“မနှစ်က​တော့ ခိုး​ကြောင် ခိုးဝှက်လုပ်တာ​ကို ။ဒီနှစ်​တော့ နည်းနည်း မီဒီယာ​တွေပါဖိတ်ပြီး ​သေချာလုပ်မယ့်သ​ဘောလို့မှတ်ရတယ်ဗျ ။အဲတာ​ကြောင့်မို့ ပြင်ဦးလွင်တဝိုက်​ပေါ့ စစ်တက္ကသိုလ်ဆင်းပွဲတဝိုက်​ကိုရောက်မလာ​နိုင်အောင် ​ဘေးနံ​ဘက်ပေါ့ ဂန့်​ဂေါဘက်အထိ ၊ ပြီး​တော့ဘန်ဘူး ဝက်ဝံဘက်အထိ့ဖြန့်ကျက်ထားတဲ့ အ​နေအထားမျိုးကို​တွေ့ရပါတယ်ဗျ” လို့ CDM ဗိုလ်ကြီးဇင်​ယော်က​ပြောပါတယ်။
စစ်တက္ကသိုလ် (DSA)ကို ၂၀၂၄ခုနှစ် ဧပြီ ၈ရက်​နေ့မှာ ၁၀၇ မမ ရှော့တိုက်ဒုံး​တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့​တယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပါတယ် ။
မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က DSAကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ စစ်သား​တွေနေထိုင်တဲ့အ
ဆောင်အနီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့အသိ​ပေးပါတယ် ။
ပြင်ဦးလွင်က စစ်တပ်နဲ့ဆိုင်တဲ့​နေရာတွေ တိုက်ခိုက်ခံရတဲ့ပြီး​နောက် ​ဒေသခံပြည်သူတချို့ ​ထိခိုက်​သေဆုံးတယ်လို့ စစ်​ကောင်စီဘက် ကသတင်းထုတ်ပြန်ပါတယ် ။တိုက်ခိုက်မှုဖြစ်ပြီးတဲ့​နောက် အာဏာသိမ်း​ခေါင်း​ဆောင်ဟာ ​နေပြည်​တော်ကိုချက်ချင်းပြန်သွားတယ်လို့သတင်း​တွေထွက်ခဲ့သလို ပြင်ဦးလွင်မှာစစ်တပ်လုပ်တဲ့ ၂၀၂၃ တပ်တွင်း သက်ြန်ကို အာဏာသိမ်း​ခေါင်း​​ဆောင်ဇနီး ​ဒေါ်ကြူကြူလှ ပဲတက်​ရောက်ခဲ့တာ​တွေ့ရပါတယ် ။
အသက် ၆၈ နှစ်အရွယ် မင်း​အောင်လှိုင်ကို ရိုဟင်ဂျာ​တွေအ​ပေါ် ၂၀၁၇ ခုနှစ်မှာကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်ကျူးလွန်မှု​တွေအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်​ပေးဖို့ နိုဝင်ဘာ ၂၇ ရက်မှာ ​တရားလို​ရှေ့​နေက လျှောက်ထားခဲ့ပါတယ် ။
(၂၀၂၃ ဒီဇင်ဘာ ၈ ရက်တွင် စစ်တက္ကသိုလ် ဗိုလ်​လောင်သင်တန်း အမှတ်စဥ် ၆၅ သင်တန်းဆင်းပွဲသို့ အာဏာသိမ်း​ခေါင်း​ဆောင်တက်​​ရောက်စဥ်။
ဓါတ်ပုံ-စစ်​ကောင်စီ)