ဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၍၁၀ဦး ခန့်ထပ်မံ သေဆုံး
▪︎လက်နက်ကြီး လက်နက်ငယ် ၂၆ လက်နှင့် ကျည်ခဲယမ်းများရဟု KNLA အသိပေး
ဟန်နွေ/People’s Spring
ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထော စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်
ဖွဲ့များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် တော်လှန်
ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့မှ ၁၀ ဦးခန့်ထပ်မံ သေဆုံးပြီးလက်
နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မဟာ
(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားသည်။
မထော စစ်ကောင်စီတပ်စခန်းကို KNLA တပ်မ
ဟာ(၅)အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာ ၁၉ရက်က စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၂ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။
“စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းစွန့်ပြီး ထွက်ပြေးသွားတာ။ အဲဒီ စခန်းစွန့်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ၂၃ရက်နေ့မှာကျတော့ ဖြန့်ကျက်ထားတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုးပြီး အဲဒီမှာ တခါထပ်တိုက်ပွဲဖြစ်တာပေါ့။တိုက်
ပွဲဖြစ်တော့ မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ယောက်လောက်ကျသွားတယ်။ ထိ
ခိုက်ဒဏ်ရာရရှိမှုလည်း တော်တော်လေးရှိတယ်။” ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။
ထိခိုက်ဒဏ်ရာရသူများ အပါအဝင်လွတ်မြောက်သွားသူများ ထပ်မံ ထွက်ပြေးသွားသည်ဟုသိရသည်။
မထောစခန်းမှ ဆုတ်ခွာ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ချေမှုန်းမှုကိုလည်း တပ်မဟာ
(၅)က နိုဝင်ဘာ ၂၅ ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါစခန်းအားတိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တောင်ဖက်ရှိ ၎င်းတို့တပ်စခန်းများရှိရာ ကစယ်သဲဖလယ်(တောင်းသုံးလုံး)နှင့်ထွီသီးအူ(ခွေးသေ)သို့တပ်ဆုတ်ထွက်ပြေးရာလမ်းခုလတ်တွင် အဆင့်
ဆင့် ဖြတ်တောက်တိုက်ခိုက်ခဲံရာ စစ်ကောင်စီတပ်က ၁၀ဦးသေဆုံးခဲ့သည်ဟုဆိုသည်။
မထောက်စခန်းသိမ်းတိုက်ပွဲနှင့် ထွက်ပြေး စစ်ကောင်စီတပ်သားများအား အကြိမ်ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီထံမှလက်နက် ၂၆ လက် သိမ်းရခဲ့ကြောင်း အသိပေးသည်။
သိမ်းရခဲ့သည့်လက်နက်များမှာ RPG-7 ၁လက်၊ ၈၁မမ ၁လက်၊ MA-1(၉)လက်၊ MA-2(၄)လက်၊ MA-3(၄)လက်၊ MA-4(၂)လက်၊ ငါးမြီးစက်
လတ်(၁)လက်၊ ၆၀မမပြောင်းရှည်(၂)လက်၊ ၆၀
မမပြောင်းတို(၂)လက်နှင့် ဆက်စပ်ကျည်များ၊မိုင်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။
မထောတပ်စခန်းသည် ဖာပွန်-ကမမောင်း လမ်းပေါ်၌ တည်ရှိပြီး ယင်းစခန်းကို KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ FFD ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာလအ
တွင်း စစ်ကောင်စီ၏ ခေါပုတ်စခန်း၊ ကူးဆိပ်စခန်းများကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင်လည်း လက်ကျန် စစ်ကောင်စီ၏ ဖာပွန်ဗျူဟာစခန်းကို ဆက်လက် ပိတ်ဆို့ ထိုးစစ်ဆင်လျက်ရှိသည်ဟု အသိပေးထားသည်။
(မထောစစ်တပ်စခန်းမှ ထွက်ပြေးစစ်သားများထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ
နှင့် KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU Mutra News)