မြန်မာ့အရေး ဝင်ရောက်ခြယ်လှယ်နေသည့် တရုတ်အစိုးရ ဆန့်ကျင်ရှုတ်ချကြောင်း ကိုရီးယားရောက်မြန်မာများ ချီတက်ဆန္ဒပြ

by

in

မြန်မာ့အရေး ဝင်ရောက်ခြယ်လှယ်နေသည့် တရုတ်အစိုးရ ဆန့်ကျင်ရှုတ်ချကြောင်း ကိုရီးယားရောက်မြန်မာများ ချီတက်ဆန္ဒပြ
သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြည်ပရောက် မြန်မာများ စုပေါင်း၍ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်ခြယ်လှယ်နေသည့် တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (နိုဝင်ဘာ ၂၄) ပြုလုပ်ခဲ့သည်။
တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMC နှင့် နွေဦးတော်လှန်ရေးသပိတ်အင်အားစုတောင်ကိုရီးယားရှိ မြန်မာသားများ၊ မြန်မာ့ဒီမိုကရေစီအရေးအားပေးထောက်ခံသော ကိုရီးယားနိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြပွဲတွင် “China Stop Killing Myanmar by Supporting Fascist Criminals” စာသားကိုင်ဆောင်၍ ဆိုးလ်မြို့ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ခဲ့ပြီး မြန်မာပြည်သူများကိုယ်စား အိတ်ဖွင့်ပေးစာနှင့် ထုတ်ပြန်ကြေငြာချက်များ တရုတ်သံရုံးထံ ပေးပို့ခဲ့ကြသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ကိုရီးယားနိုင်ငံရှိ မြန်မာများ၏ သဘောထားတောင်းဆိုချက်များအပြင် မြန်မာပြည်တွင်းရှိ သပိတ် ခေါင်းဆောင် များနှင့် မြန်မာပြည်သူများ၏ တောင်းဆိုချက် များကို စုစည်းပေးပို့ခဲ့​ခြင်းဖြစ်သည်။
ဓာတ်ပုံ – MFDMC