မူဆယ်နယ်စပ်ဂိတ် တစ်ဂိတ်တရုတ်ပြန်ဖွင့်

by

in

မူဆယ်နယ်စပ်ဂိတ် တစ်ဂိတ်တရုတ်ပြန်ဖွင့်
အိမ်သွင်/People’s Spring
၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်
သုံးဖွဲ့ထိန်းချုပ်ထားသော မူဆယ်နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှ ကုန်ကြမ်းပစ္စည်းတင်သွင်းရန် တရုတ်နှင့် ညီ​နောင်မဟာမိတ်သုံးဖွဲ့ ဆွေး
နွေးခဲ့ပြီး ယမန်နေ့ကစ၍ ထိုနယ်စပ်ဂိတ်ကိုပြန်ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရသည်။
“တရုတ်ဘက်ကစပြီးကမ်းလှမ်းတာ။ အထူးသဖြင့် သူ့နိုင်ငံထဲကို ကုန်ကြမ်းသွင်းချင်တာ။ နယ်စပ်ပိတ်ထားတာကြာလာပြီဆိုတော့ ကြံတို့လို စိုက်ပျိုးရေးထုတ်ကုန်ကြမ်းတွေ သူလိုနေပြီ။သူ့ဆီက သကြားစက်တွေ ရပ်မသွားအောင် ကုန်ကြမ်းဖြည့်ရတော့မှာမို့လေ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကုန်သည်တဦးက People’s Sping သို့ပြောသည်။
ကျင်စန်းကျော့ဂိတ်မှ ကုန်ကြမ်းပစ္စည်းသွင်းနိုင်ရေးအတွက် တရုတ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုဖြင့် ဂိတ်ပြန်ဖွင့်လိုက်ခြင်းဟု သတင်းရရှိသည်။
“စစ်ကောင်စီက ဘာမှမတတ်နိုင်ဘူး။ မဟာမိတ်နဲ့ တရုတ်ကြားမှာ အပြင်လူမသိနိုင်တဲ့ သဘောတူညီမှုတွေ ရှိနိုင်တယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးလေ့လာသူတစ်ဦးကလည်းပြောသည်။
ကျင်စန်းကျော့ဂိတ်သည် မြန်မာတရုတ်ကုန်သွယ်
ရေးတွင် ကုန်စည်အဓိကတင်သွင်းသည့် ဂိတ်ကြီးဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ရက်က စတင်ခဲ့သည့် ၁၀၂၇စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကသိမ်းယူခဲ့ပြီးနောက် တရုတ် ကဂိတ်ကိုပိတ်ခဲ့သည်။
ယခုအခါ ပြန်ဖွင့်ရန် တရုတ်ဘက်က မဟာမိတ်သုံးဖွဲ့ထံ ပြန်လည်တောင်းဆိုလာခြင်းဖြစ်သည်။
စစ်ကောင်စီကမူ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်မြို့များကို ဆက်
လက်ပိတ်ဆို့ပေးမည်ဟု တရုတ်လူဝင်မှုကြီး
ကြပ်ရေးအရာရှိများထံမှ ကတိကဝတ်ရခဲ့ကြောင်း နိုဝင်ဘာလ ၂၁ ရက်ညကပင် စစ်​ကောင်စီထိန်းချုပ်ထား​​သော MRTV ကသတင်းထုတ်ပြန်ခဲ့သည်။
အမှန်တကယ်တွင်မူ တရုတ်သည် ၎င်း၏ အကျိုး
စီးပွားအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများရှိနေသည်ဟု မူဆယ်မှ ကုန်သည်တဦးကပြောသည်။
စစ်ကောင်စီအားတိုက်ခိုက်မှုများရပ်တန့်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါ်ထင်ထင်ဖိအားပေးနေသည်တရုတ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်စပ်ဂိတ်များကို ပိတ်ဆို့ထား
သည်။ ထို့အပြင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ် မူဆယ်နယ်စပ်ဂိတ်များကိုလည်း ပြီးခဲ့သည့်အောက်တိုဘာလမှစတင်ကာ ပိတ်ထားခဲ့သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ကိုဖိအား​ပေးရန် နယ်စပ်ဂိတ်များပိတ်ပြီး လျှပ်စစ်နှင့် အင်တာနက်ဖြတ်​တောက်သည့်အပြင် ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများကို တရုတ်နှင့်စစ်ကောင်စီနှင့်ပေါင်း၍ ဖြတ်တောက်ခဲ့သဖြင့် ပြည်သူများ၏ ဝေဖန်ခံခဲ့ရသည်။
ထို့အပြင် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ လက်ရှိ ခေါင်းဆောင် ဖုန်တာရွှင်သည် ပြီးခဲ့သည့်အောက်တိုဘာလက တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပြန်ခွင့်မရတော့ဘဲ ထိန်းသိမ်းခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တရုတ်အစိုးရသည် မြန်မာလူထု၏ ပြင်းပြင်းထန်ထန်ဝေဖန်မှုကိုခံခဲ့ရသည်။ အဆိုပါသတင်းထွက်ပေါ်ပြီးနောက် ဖုန်တာရွှင်သည်ကူမင်မြို့တွင် ဆေးကုသမှုခံယူနေခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက နိုဝင်ဘာလ၁၉ရက်နေ့ကပြုလုပ်သည့် ပေကျင်းမြို့သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ကိုနိုဝင်ဘာ ၁၉ ရက်နေ့တွင်ပင် ပြန်ဖွင့်ပြီး အကန့်အသတ်ဖြင့် ကုန်စည်သယ်ဆောင်ခွင့်ပြုခဲ့သည်ဟု​ဒေသခံအချို့က​ပြောသည်ဖ္
ယခုအခါ ကျင်စန်းကျော့နယ်စပ်ဂိတ်ပြန်ဖွင့်ရေးအတွက် တရုတ်ဘက်မှစတင်၍ မြောက်ပိုင်းမဟာ
မိတ်သုံးဖွဲ့ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ဂိတ်ဖွင့်လှစ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေး။ ကျင်စန်းကျော့ဂိတ်ကို အာရက္ခတပ်တော်
(AA)က အဓိကထိန်းချုပ်ထားခြင်းဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအများဆုံးပြုလုပ်​သောမူဆယ်မြို့တွင် ၁၀၅မိုင်ကုန်
သွယ်ရေးဇုန်၊ ကျင်စန်းကျော့ဂိတ်တို့ကို မဟာမိတ်တပ်များက ၂၀၂၃ နိုဝင်ဘာလတွင်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည်မြို့ပေါ်
ရှိနယ်စပ်ဂိတ်များကိုသာ ထိန်းချုပ်ထားနိုင်သည်။ မူဆယ်မြို့ကို မဟာမိတ်များက ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းကတည်းကတိုက်ခိုက်သိမ်းပိုက်
လိုသော်လည်း တရုတ်ကတားမြစ်ထား၍ စစ်ဆင်
ရေးရပ်တန့်ထားရခြင်းဟု မဟာမိတ်သုံးဖွဲ့နှင့်နီးစပ်သူအချို့ကပြောသည်။
ကချင်ပြည်နယ်တွင်လည်း တရုတ်နှင့်ထိစပ်နေသော နယ်စပ်ဂိတ်များရှိရာမြို့များအားလုံးကိုလည်း ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)ကသိမ်းပိုက်ထားပြီဖြစ်သည်။ KIA က နယ်စပ်မြို့များကိုသိမ်းပိုက်ပြီး​နောက် တရုတ်က နယ်စပ်ကုန်သွယ်​ရေးဂိတ်များကို ပိတ်ခဲ့သဖြင့် KIA ဘက်ကလည်း တချို့ နယ်စပ်ဂိတ်များကို ပြန်ပိတ်ထားသည်။
မြန်မာ-တရုတ် နယ်စပ်တ​လျှောက်တွင် အဓိကနယ်စပ်ကုန်သွယ်​ရေးဂိတ်များမှာ မူဆယ် ၁၀၅ ၊ ချင်း​ရွှေ​​ဟော ၊လွယ်ဂျယ် ၊ ကန်ပိုက်တီ ၊မိုင်းလားတို့တွင် ရှိရာ အဆိုပါ နယ်စပ်ဂိတ်အားလုံးကို ​တော်လှန်​ရေး တပ်များက ထိန်းချုပ်ထားခြင်းဖြစ်သည်။ မိုင်းလားရှိနယ်စပ်ဂိတ်ကိုလည်း မိုင်းလားအဖွဲ့(NDAA)ကထိန်းချုပ်ထားသည်။
(မြန်မာ-တရုတ် နယ်စပ်ရှိ ဂိတ်တဂိတ်ကို​တွေ့ရ
စဥ်(ပုံအဟောင်းဖြစ်ပါသည်) ။
ဓါတ်ပုံ-စစ်​ကောင်စီ)