ကော့ကရိတ်မြို့တွင်တိုက်ပွဲဆက်လက်ဖြစ်၊ စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်ရေးပိုသုံးလာ၊ လှိုင်ဝအမြောက်ကုန်းမကျရေးပြင်ဆင်နေရ

by

in

ကော့ကရိတ်မြို့တွင်တိုက်ပွဲဆက်လက်ဖြစ်၊ စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်ရေးပိုသုံးလာ၊ လှိုင်ဝအမြောက်ကုန်းမကျရေးပြင်ဆင်နေရ
အောင်လေး ၊ Salween Press
နိုဝင်ဘာလ ၁၇ ရက်နေ့၊ ၂၀၂၄။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရန်ကုတ်ဘက်ခြမ်းနှင့်အာရှလမ်းပိုင်းတွင် နိုဝင်ဘာ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲထိတွေ့မှုဆက်လက်ဖြစ်ပွားနေတယ်လို့နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။
“ထိတွေမှုဖြစ်တာတော့ နေ့လယ်၁နာရီမှာ ရန်ကုတ်ဘက်ခြမ်းမှာဖြစ်တယ်။ မနက်အစောပိုင်းကျတော့ အာရှလမ်းပိုင်းမှာလည်းထိတွေ့မှုရှိတယ်လို့သိရတယ်။ ရန်ကုတ်ဘက်မှာထိတွေ့မှုပြီးတဲ့နောက်မှာ ၉၇တပ်ကနေလက်နက်ကြီး၇လုံးရမ်းသမ်းပစ်ခတ်နေတယ်။ ဒါကလည်းပစ်‌နေကျထုံးစံအတိုင်ပါဘဲ” ဟု အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းအားသာမှုရှိသော်လည်း လူအင်အားကထင်သလောက် မရရှိနိုင်တော့သည့်အတွက်နီးစပ်ရာအတင်းဝင်ဆွဲတာရှိလာတယ်လို့ဆိုပါတယ်။
“တိုက်ခိုက်ရေးမှာလည်း ဒရုန်းတွေပိုအသုံးပြုလာတာတွေ့ရတယ်။ အခုသူတို့(စစ်ကောင်စီ)ဘက်မှာ ဒရုန်းတစ်ခါတက်ရင် ၆ စီးအထိလွှတ်ပြီးတိုက်ခိုက်ရေးမှာပိုသုံးလာတာတွေ့ရတယ်။ လှိုင်ဝအမြောက်ကုန်း မကျရေးအတွက်ပြင်ဆင်မှုများလုပ်ဆောင်နေပြီး သံချပ်ကား၊မစ်ဇိုင်းများရှိတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။
လှိုင်ဝအမြောက်ကုန်းကျပါကပြန်ဆုတ်ရန်အနီးဆုံးတပ်သို့လှိုင်ခေါင်းများတူးထားသည်ဟုလည်းသတင်းရင်းမြစ်ကဆိုပါသည်။ ဒါ့အပြင် ကျုံဒိုးမြို့တွင်း ရဲစခန်းအနီးရှိဗျူဟာကုန်းအား နိုဝင်ဘာလ ၁၃ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၁၂၀မမ ပြင်းအားရှိဒရုန်းဗုံးသီးတစ်လုံးပစ်ချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါသည်။
ပုံေဟာင်း
#Salweenpress