KIA ကဆော့လော်မြို့နယ် ၊လန်ဆယ်ရွာကို
ထပ်မံ သိမ်းပိုက်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (နိုဝင်ဘာ ၁၀ရက်နေ့) မနက်တွင် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အသိပေးသည်။
စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ၏ ကချင်အထူးဒေသ(၁) နယ်မြေကို ထိုးစစ်ဆင်နေသည့် KIAက နိုဝင်ဘာ ၄ရက်တွင် ချီဖွေမြို့နယ် ကန်ဖန့်ရွာကို သိမ်းပိုက်ပြီး တစ်ပတ်ခန့်အကြာတွင် လန်ဆယ်ရွာကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
သတင်းရင်းမြစ်တဦးက ခေါန်လန်ဖူး(ဌာနေ) ပြည်
သူ့စစ် နယ်မြေ လန်ဆယ်ရွာအား နိုဝင်ဘာ ၁၀ရက် မနက် ၅နာရီ အချိန်ခန့်တွင် KIAက သိမ်းပိုက်နိုင်ခဲ့ပြီး လုံခြုံရေး နှင့် စည်းရုံးရေးဆောင်ရွက်နေကြောင်း အသိပေးထားသည်။
လန်ဆယ်ရွာ သိမ်းပိုက်မှု အခြေအနေနှင့်ပတ်
သက်၍KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား People’s Spring က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIAသည် ကချင်အထူးဒေသ(၁)နယ်မြေအတွင်း စစ်ဆင်ရေးကို စက်တင်ဘာ လကုန်ပိုင်းက စတင်ခဲ့ရာ တစ်လကျော်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော မြို့များကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကန်ပိုက်တီမြို့နယ်အခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် အပါအဝင် စစ်ကောင်စီလက်အောက်ခံစခန်းများစွာကိုလည်း သိမ်းပိုက်ထားပြီး ကန်ပိုက်တီမြို့ သိမ်းပိုက်ရန်သာကျန်ရှိတော့သည်။
“ကန်ပိုက်တီ အထက်ပိုင်းတော်တော်များများတော့ သိမ်းပြီးပြီ။ ဒါပေမဲ့ ကိုးတန်ဆိုတဲ့ ဒီ လီဆူပြည်
သူ့စစ်ရှိတဲ့ အဲဒီဘက်မှာ ရှိသေးတယ်” ဟု သတင်းရင်းမြစ်တဦးက ပြောသည်။
ကန်ပိုက်တီမြို့သည်တရုတ်-မြန်မာနယ်စပ် တရား
ဝင် နယ်စပ်ဂိတ်ဖြစ်ပြီး အဆိုပါ ကန်ပိုက်တီမြို့နှင့်ပတ်သက်၍ အထူးဂရုစိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။
အခြားတဖက်တွင် တရုတ်အစိုးရက တရုတ်နယ်
စပ်တွင်တိုက်ပွဲများရပ်ရန် KIA ကိုလည်းဖိအားပေးထားပြီး KIA ကသိမ်းပိုက်သောမြန်မာ-တရုတ်
နယ်စပ်မြို့ များရှိ နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ဆက်တိုက်ပိတ်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းKIA က ကချင်ပြည်နယ်တွင် အနည်းဆုံးမြို့ ၁၃ မြို့ကို သိမ်းပိုက်ထားသည်။ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာ ရွာ အပါအဝင် အနီးဝန်းကျင်မှ စစ်တပ်စခန်းများကို သိမ်းပိုက်ထားသည်။
(ဖီမော်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် မြို့အတွင်းKIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်။
ဓါတ်ပုံ-ကချင်တောင်တန်း)