စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဦးဆောင်ပြီး နေပြည်တော်စစ်ရုံးမှာ အစည်းအဝေးလုပ်ခဲ့
နိုဝင်ဘာလ ၈ ရက်
ယမန်နေ့ နိုဝင်ဘာ၇ရက်နေ့က စစ်အာဏာရှင်ဟောင်းဦးသန်းရွှေ ဦးဆောင်ပြီး နေပြည်တော်ရှိ စစ်ရုံးမှာ တံခါးပိတ်အစည်းဝေးပြုလုပ်ခဲ့ကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှတဆင့် သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ရောက်ရှိနေချိန်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ဦးဆောင်ပြီး အခုလို အစည်းအဝေးကိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
AAMIJ မှ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အဆိုပါ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဦးဆောင်တဲ့ တံခါးပိတ်အစည်းအဝေးဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ဧရာဝတီမြစ်ဆုံကိစ္စကို ဗီဒီယိုရုပ်သံဖြင့် အစည်းဝေးပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။
အဆက် – ⤵️⤵️ဧရာဝတီမြစ်ဆုံစီမံကိန်းမှာပါဝင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို တရုတ်သမ္မတ ရှီကျင်းပင်က ဗီဒီယိုရုပ်သံဖြင့် ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ဆွေးနွေးခဲ့တာလို့ နေပြည်တော်ရှိ AAMIJက သတင်းအရင်းအမြစ်က ဆိုပါတယ်။
AAMIJရဲ့ သီးခြားထပ်မံစုံစမ်းမှုတွေအရ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ နေပြည်တော်စစ်ရုံးမှာ တံခါးပိတ်အစည်းအဝေးကို ပြုလုပ်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
#aamij
#HlaingInfo