အာရှလမ်းမတွင်အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်ခံရလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေ၊ ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီဘက် စစ်ကူမပေးနိုင်
အောင်လေး ၊ Salween Press
နိုဝင်ဘာလ ၇ ရက်နေ၊ ၂၀၂၄။
ကရင်ပြည်နယ် အာရှလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ နယ်မြေခံစစ်ရေးဆိုင်ရာ သတင်းရင်းမြစ်ထံမှသိရှိရသည်။
အဆိုပါတိုက်ပွဲသည် အာရှလမ်း တောနော်ရေတံခွန်ဘက်သို့ တက်လာသည့်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ရှေ့တိုးမရ နောက်ဆုတ်မရအခြေနေမှာရှိပြီး ထိခိုက်ကျဆုံးမှုများတယ်လို့ဆိုပါတယ်။ အထိနာသည့်တပ်အတွက် လက်နက်ကြီးများလည်းပစ်ကူပေးတာရှိသည်ဟု သတင်းရင်းမြစ်ကဆိုပါတယ်။
“တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က စစ်ကူမပေးနိုင်ဘူး။ တံတားဦးဘက်ခြမ်းမှာလည်း နှစ်ဘက်ထိတွေ့မှု ရှိတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။
ဒါ့အပြင် ၅တိုင်နှင့်၆တိုင်တွင် စစ်ကောင်စီတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သား၅ဦးသေဆုံးပြီး ကား ၂ စီးချန်ပြီး ကျန်ကားများကော့ကရိတ်ဘက်သို့မောင်းပြေးသည်ဟုဆိုသည်။
တိုက်ပွဲကြောင့်စစ်ကောင်စီတပ်ဘက်မှ ကော့ကရိတ်မြောက်ဘက်ခြမ်း ရန်ကုတ်ရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးကြဲမှုများလည်းလုပ်ဆောင်နေသည်ဟုဆိုသည်။
နိုဝင်ဘာ ၄ ရက်နေ့တွင် ကျုံဒိုးမြို့အတွင်းရှိ ခမရ ၅၄၅ တပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး တပ်တွင်း ၂ ထပ်ဆောင်များမီးလောင်မှုရှိသည်ဟု သတင်းရင်းမြစ်ကပြောပါတယ်။
ဂျိုင်းတံတား၊ဂျိုင်းဘက်ခြမ်းတွင်စစ်ကောင်စီဘက်မှလုံခြုံရေးအင်အားများဖြည့်တင်းမှုရှိပြီး အသစ်ခေါ်ယူထားသည့်တပ်သားသစ်များသာဖြစ်လို့ တပ်သားများထွက်ပြေးမှုလည်းရှိနေသည်ဟုဆိုသည်။
ကျုံဒိုးအထွက်နွားခြံကုန်းတွင် စစ်ကောင်စီတပ်နှင့်BGFပူးပေါင်းအင်အား၅၀ဦးခန့်ရှိပြီး ကော့ဝါလဲအထွက်ဂိတ်နေရာတွင်ကင်းချထားမှုလည်းရှိနေသည်။ ကျုံဒိုး၊ချောင်းဖျားတွင် ညပိုင်း၌ စစ်ကောင်စီတပ်နှင့်BGFတပ်သားများအင်အားဖြည့်တင်းမှုလည်းရှိနေသည်ဟုဆိုပါသည်။ တိုက်ပွဲနှင့်စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့်ကော့ကရိတ်မြို့တွင်းရှိပြည်သူများ ဘေးလွတ်ရာ သာမညနှင့်ဘားအံဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါသည်။
ပုံေဟာင်း
#Salweenpress