အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်းဆယ်ရင်းကို အာရက္ခတပ်တော်သိမ်းပိုက်

by

in

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်းဆယ်ရင်းကို အာရက္ခတပ်တော်သိမ်းပိုက်

Border News Agency
အမ်း၊နိုဝင်ဘာ ၇။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဆယ်ရင်းထိ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့စစ်ကောင်စီတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီအမ်းမြို့နယ်၊လုံကောက်အုပ်စုရှိ အမှတ် ၃၇၂ခြေမြန်တပ်ရင်း၊အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊အမှတ် ၉၂၆ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီအပြင် အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ခွဲ၊အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊အမှတ် ၂ ကုတင် ၃၀၀ တပ် မတော်ဆေးရုံ၊အမှတ် ၃၇၃ ခြေမြ န်တပ်ရင်းကိုလည်း အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

နောက်ပြီး အမ်းမြို့၊စျေးရပ်ကွက်ရှိအမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ် ရင်း၊လေယာဥ်ကွင်းရပ်ကွက်ရှိ အမှ တ် ၁၀ တပ်ထိန်းတပ်ခွဲ၊အမ်းတောင်အုပ်စုရှိ အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီအမ်းမြို့နယ်၊အမ်းမြောက်အုပ်စုရှိအမှတ် ၃၇၄ အမြောက်တပ်ရင်း၊အမှတ် ၃၄၅ စစ်လက်နက်ပစ္စည်းတပ်ခွဲနဲ့ အမ်းတောင်အုပ်စုရှိ အမှတ် ၃၇၁ ခြေမြန်တ ပ်ရင်းကိုလည်း အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက် ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီအပြင် အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ပိတ်ဆို့တိုက်ခိုက်နေပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

”နပခအနီးပတ်ပတ်လည်းကို ဝိုင်းပတ်ထားပြီ။အမြောက်တပ်၊COD တပ်၊၃၇၁ တွေမှာစုခံနေကြတယ်။လက်နက် မချရင်လည်း ကြာမယ်မထင်ဘူး။ွက်ပေါ က်မရှိတော့ဘူး။အကုန်လုံးဝိုင်းပတ်ပိတ်ဆို့ထားပြီးပြီ။”လို့ အမ်းစစ်မြေပြင်သ တင်းရင်းမြစ်တစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်း၊စစ်ဦးစီးမှူးဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ဦးဆောင်ခုခံနေကြပြီး နေပြည်တော်စစ်ရုံးချုပ်မှဆုတ်ခွာမိန့်မပေးသလို အလံဖြူထောင်လက်နက်ချခွင့်မပေးတာမို့အသေခံတိုက်နေကြရတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုမှာတည်ရှိတဲ့အမှတ် ၃၇၃ ခြေမြန်တပ်ရင်းကို အာရက္ခတပ်တော်(AA)က အောက် တိုဘာလ ၁၀ ရက်နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီအမ်းမြောက်အုပ်စုရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွပြင်းထန်နေတာလို့ အမ်းဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မြေပြင်စစ်ကူလာနိုင်မယ့် ကုန်းလမ်းဝင် ပေါက်အားလုံးကို အာရက္ခတပ်တော်က ပိတ်ဆို့ထားသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း လက်နက်ကြီးပစ်ခတ်ပြီး အာရက္ခတပ်တော်က မြေပြင်ထိုးစစ်တွေ တိုက်ခိုက်နေတာလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

”အပူးတပ်တွေစစ်ကူရောက်ပေမယ့်အပူးအစစ်ကဟန်ပြသက်သက်ပဲပါလာတယ်။အတင်းစစ်မှုထမ်းခိုင်းတာတွေများတယ်။သေတဲ့ကောင်းတွေ၊ထွက်ပြေးမယ့်ကောင်းတွေများတယ်။မကြာခင်ကျမှာပဲ။ဒုတိုင်းမှူးမရှိရင်လက်နက်ကျကြတာကြာပြီ။သူကခေါင်းမာပြီးအသေခံတိုက်ခိုင်းနေတာ။”လို့ အမ်းမြို့နယ်၊အမ်း မြောက်အုပ်စုရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီတပ်အရာရှိတစ်ဦးက Border News Agencyသို့ ပြောပါတယ်။

အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် အမ်းမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ဖို့ အာရက္ခတပ်တော်က တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီပြီးအသုံးပြု ထိုး စစ်ဆင်တိုက်ခိုက်နေတာဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေလည်းအင်အားထောင်ချီပါဝင်တိုက်ခိုက်နေကြတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီအမ်းမြို့နယ်ဟာ နယ်မြေထိန်းချုပ်မှုအတွက် စစ်ရေးအရအလွန်အရေးပါသလို နိုင်ငံရေး၊စစ်ရေးဂုဏ်သိက္ခါအရလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်နေတာမို့ စစ်ကောင်စီတပ်က အင်အားအများဆုံး၊လေကြောင်းတိုက်ခိုက်မှုအများဆုံးအသုံးပြုခုခံကာကွယ်နေတာလို့ စစ်ရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။

အဲဒီအမ်းမြို့နယ်ဟာ အရှေ့ဘက်မှာ မကွေးတိုင်းနဲ့နယ်နိမိတ်ချင်းဆက်စပ်နေတာမို့ အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်ခိုက်ထိန်းချုပ်ပြီးရင် မကွေး တိုင်းထိ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူလာမှာကိုစိုးရိမ်တာမို့ စစ်ကောင်စီတပ်က စစ်သည်အင်အားအများဆုံးအသုံးပြုခုခံနေသလို လေကြောင်းပစ်ကူအများဆုံးပေးခုခံနေတာလို့ စစ်ရေးစောင့်ကြည့်လေ့ လာနေသူတွေက ဆိုကြပါတယ်။

အဲဒီအမ်းမြို့နယ်နဲ့မကွေးတိုင်းအစပ်အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီကင်း စခန်းနှစ်ခုကိုလည်း အာရက္ခတပ်တော်ရဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့တွေက နိုဝင်ဘာလ ၅ ရက်နေ့မှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ”ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသထိန်းချုပ်စိုးမိုးနိုင်ရေးဟာ တော်လှန်ရေးအင်အားစုတွေရဲ့စစ်ရေးရည်မှန်းချက်ဖြစ်ပြီး အမ်း-ပဒါန်းလမ်းပိုင်းထိန်းချုပ်နိုင်ရေးဟာ စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှုတွေလည်းဖြစ်တယ်။”လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို လူထုတော်လှန် ရေးမဟာမိတ်အင်အားစု (PRA-Mag way)၊အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊မင်းဘူးခရိုင်အမှတ် (၂)တပ်ရင်းတို့ပူးပေါင်းပြုလုပ်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ-အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်/BNA)