ဒီရက်ပိုင်း Miss Grand International ကိစ္စကြောင့် ဖြစ်နေကြတဲ့ကိစ္စအပေါ် မရေးတော့ဘူးလို့ ရှောင်နေတာပါပဲ…ဒီနေ့တော့ရေးချင်စိတ်တွေရှိလာတဲ့ အတွက် ရေးဖြစ်ပါတယ် …

by

in

ဒီရက်ပိုင်း Miss Grand International ကိစ္စကြောင့် ဖြစ်နေကြတဲ့ကိစ္စအပေါ် မရေးတော့ဘူးလို့ ရှောင်နေတာပါပဲ…
ဒီနေ့တော့ရေးချင်စိတ်တွေရှိလာတဲ့ အတွက် ရေးဖြစ်ပါတယ် …

တကယ်က Miss ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ခံစားချက်တချို့ နဲ့ အချင်းချင်းအမုန်းတွေကိုရပ်တန့်စေဖို့ ရေးချင်တာပါ ….
ကျွန်မ 2012 ရှေ့ပိုင်းမှာ မြန်မာပြည်က Miss ပြိုင်ပွဲငယ်လေးတွေ ပြိုင်ဖူးခဲ့ပါတယ် .. ပြိုင်ပွဲဝင်တဲ့အကြိမ်ရေ၊ ပွဲအရေအတွက် နည်းနည်းရှိလာတော့ ပြိုင်ပွဲရဲ့နောက်ကွယ်ကအကြောင်းကို အနည်းငယ်သဘောပေါက်လာချိန်မှာ ဘာပွဲမှဆက်မပြိုင်တော့ဖို့ စဉ်းစားပါတော့တယ် .. အဲ့ဒီအခါ ကျွန်မရဲ့မိသားစုဝင်တွေက ဖောင်တင်ထားပြီးသားဖြစ်တဲ့ Miss Myanmar International 2012 ကိုနောက်ဆုံးပွဲအနေနဲ့ဝင်ပြိုင်ပါဆိုပြီး ပြောတဲ့အခါ ဒီပွဲမှာမှ ကျွန်မဆုတခုခု မရရင် ဆက်မပြိုင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချပြီးဝင်ပြိုင်ခဲ့ပါတယ် … title ဆုရခဲ့တဲ့အတွက် ကျွန်မရှေ့ဆက်လှမ်းရဖို့ ဖြစ်လာခဲ့ပါတယ် …
ဒီနေရာမှာစကားကြုံလို့ပြောပြရရင် အဲ့ဒီကာလမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ Miss ပြိုင်ပွဲတွေကို ပြိုင်ဖို့အခွင့်အလမ်းတွေ စပွင့်လာတဲ့အချိန်ကာလဖြစ်ပါတယ်… International မှာ ပြုလုပ်တဲ့ ပြိုင်ပွဲတွေ ကိုပြိုင်ဖို့ ကျွန်မ အင်တာနက်ကနေ ပြိုင်ပွဲတွေရှာပြီး လျှောက်လွှာတွေတင်ချိန်မှာ ပွဲတခုကနေလက်ခံတဲ့စာ ရောက်လာခဲ့တယ် … နောက်ပိုင်းမှာ ပြိုင်ပွဲကနေ Hints အနေနဲ့ ကျွန်မ Title ရနိုင်မယ့်လမ်းကြောင်းအခွင့်အလမ်းကိုပြခဲ့ပါတယ် … ဒါနဲ့ပဲ အဲ့ဒီ့ပွဲကို သွားပြိုင်ဖို့ ကျွန်မ ကြိုးစားကြည့်ပါတယ် .. ကျွန်မနောက်မှာ Support ပေးမယ့် Organization ကိုရှာတဲ့အခါ ကျွန်မ ဆုရခဲ့တဲ့ MMI ကနေ သွားပြိုင်တဲ့ခရီးစရိတ် Support လုပ်ပေးနိုင်ပေမယ့် ၊ Org: အဖြစ်တော့မလုပ်ပေးနိုင်ပါဘူး …
ကျွန်မတယောက်ထဲ သွားပြိုင်မယ် လို့ စဉ်းစားပြီး ပွဲအကြောင်းကိုသေချာစုံစမ်းခဲ့ပါတယ် …. အသေးစိတ်အချက်အလက်တွေကို Internet ကနေ တဆင့် သိလာရတဲ့အခါ ပြိုင်ပွဲက ကျွန်မထင်ထားသလို ၊ မျှော်မှန်းထားသလို ကျွန်မအတွက်အဆင်ပြေစေမယ့်ပွဲမဟုတ်ဘူးဖြစ်နေပါတယ် … အဲ့ဒီပွဲရဲ့ပြသနာတချို့ ရှာဖတ်မိပြီး ကျွန်မတယောက်ထဲ သွားပြိုင်ဖို့ သတ္တိရှိရင်တောင် ၊ ဆုရဖို့ ကျော်ဖြတ်ရမယ့် ပေးဆပ်ရမှုက ကြီးမားမယ်လို့ သိရ တဲ့အခါ အရှေ့က ပြိုင်ပွဲဝင်ခဲ့သူအချို့ကို လိုက်ရှာပြီး သတင်းဆိုးတွေဟာ အမှန် ဟုတ်၊မဟုတ် အတည်ပြုချက်ရဖို့ကြိုးစားခဲ့ပါတယ် …
မပြိုင်ဖြစ်ခဲ့တဲ့ အဲ့ဒီပြိုင်ပွဲဟာ ကျွန်မအနေနဲ့ လက်မခံနိုင်၊ သဘောမတူနိုင်တဲ့ ကိစ္စတွေရှိခဲ့ပါတယ် … ပြိုင်ပွဲစီစဉ်သူကိုယ်တိုင်က ဆုရနိုင်မယ့် အခွင့်အရေးတွေပြောပြတဲ့ Email တွေရခဲ့ပါတယ် … အဲ့ဒီ အချက်အလက်တွေခုချိန်ထိရှိနေဆဲပါ… အဲ့ဒီလူရဲ့ အမည်ကိုလဲ ခုချိန်ထိ မှတ်မိနေဆဲ ပါ…
ပြိုင်ပွဲရဲ့နောက်ဆက်တွဲလုပ်ရမယ့်အချက်အလက်တွေနဲ့ ယခင် ပြိုင်ပွဲဝင်တွေဆီကရတဲ့သတင်းတွေကို နောက်ဆုံးသုံးသပ်တဲ့အခါ သွားပြိုင်လိုက်ရင် ဘာပဲဖြစ်ဖြစ် ဆုရနိုင်မှာ ကျိန်းသေဖြစ်ပါတယ် .. မြန်မာပြည်မှာ Miss နဲ့ ပတ်သက်ရင် မှတ်တိုင်တခု ဖြစ်သွားနိုင်ပါတယ် .. ဒါပေမယ့် အောင်မြင်မှုတခုရဖို့ ထက် ကိုယ့်ကိုကိုယ်ရှေ့ဆက် လေးစားနိုင်ဖို့ ကို ပဲ ကျွန်မရွေးချယ်ဖြစ်ပါတယ်… ကိုယ်မလုပ်နိုင်မယ့်အရာကို အောင်မြင်မှုတခုအတွက် မျက်စိစုံမှိတ်ပြီးလုပ်ဖို့ ကျွန်မမရွေးချယ်နိုင်ပါဘူး …
ဒီလိုနဲ့ပဲ မြန်မာနိုင်ငံအတွက်ရော International မှာပါ ပထမဆုံးဖြစ်ပြီး နိုင်ငံ ၈၀ ကျော်ပါတဲ့ပွဲကြီးဖြစ်တဲ့ Miss Grand International ကိုပဲ ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ် …
ပြိုင်ပွဲရဲ့ရလာဒ်က အားလုံးသိပြီးသားဖြစ်လို့ အကျယ်မရေးတော့ပါဘူး … ဒါပေမယ့် ပြိုင်ပွဲထဲ Organization နဲ့ ဖြစ်ခဲ့တဲ့ပြသနာတွေတော့ ရှိခဲ့ပါတယ် ..
“ သူ့အချိုး မပြင်ရင် အခုချက်ချင်း ထားထက်ထက်ကို စင်ပေါ်ကနေဆွဲချလို့ရတယ်” ဆိုပြီး ND က ပြောလို့ “လုပ်လို့ရရင် လုပ်ကြည့်လိုက်ပါ” လို့ တုန့်ပြန်တဲ့ ကျွန်မရဲ့ မိသားစုဝင်နဲ့ ND တို့ စကားများခဲ့ကြပါတယ် …
နောက်ပြသနာတခုက ND ဆိုသူတွေ Final ပွဲနေ့မှာ ပွဲခင်းထဲသူတို့ ထိုင်ခုံနေရာအတွက် ကျွန်မကို ပွဲလက်မှတ်ကိစ္စစီစဉ်ခိုင်းရာမှာ ကျွန်မက မလုပ်ပေးနိုင်လို့ စကားများခဲ့ကြပါသေးတယ်…
နောက်ပြသနာတခုကတော့ ပြိုင်ပွဲမသွားခင် မြန်မာပြည်မှာ ကတည်းက ကျွန်မက ပရိသတ်ထံကတိပေးခဲ့တယ် … ပရိသတ်အားနဲ့ ကျွန်မ Miss Popular Award ရခဲ့လျှင် ၊ ရသမျှ ဆုငွေအားလုံးကို ပြန်လှူပါ့မယ်ဆိုတဲ့ကတိပါ .. ပြိုင်ပွဲမှာ ဆုရခဲ့တဲ့အခါ ကျွန်မကတိအတိုင်း ဆောင်ရွက်ဖို့ စီစဉ်ထားချိန် (မြန်မာနိုင်ငံပြန်လာတဲ့) လေယာဉ်ပေါ်မှာထဲက Organization က Organization fees 30% ကို ပေးဖို့ပြောလာပါတယ် … အဲ့ဒီအခါ ကျွန်မ လက်မခံနိုင်တဲ့အတွက် အကုန်လုံးလှူလိုက်ပြီး Org: ကိုမပေးခဲ့ပါဘူး … အမျှ ၃ ခါ ပဲ ယူပါပေါ့လေ … အဲ့ဒီအချိန်က စလို့ နောက်ပိုင်း Org: နဲ့ အဆင်မပြေတော့တာပါပဲ … ထားပါတော့လေ ဒါက ငယ်စဉ်၊ နုစဉ်မှာ ဖြစ်ပျက်ခဲ့ကြတာ …
ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေအရ ပြောရရင် ကျွန်မတို့မြန်မာနိုင်ငံမှာ Org: တွေဟာ စီနီယာမှ ဂျူနီယာကို အတွေ့အကြုံမျှဝေဖို့ ၊ လိုအပ်တာ Support လုပ်ပေးဖို့အတွက် လက်ဆင့်ကမ်းဖို့ မသင်ပေးကြပဲ နောက်လူက ငါရခဲ့တဲ့အောင်မြင်မှုထက် ပိုမရဖို့ ကျိတ်ဆုတောင်းနေအောင် ၊ မနာလိုစိတ်များအောင်သာ လမ်းကြောင်းချပေးကြတာများပါတယ် …သွေးခွဲအုပ်ချုပ်တယ် ဆိုပြီးခေါ်လို့ရမယ်ထင်ပါတယ် …
ကျွန်မတို့ကာလမှာ Same Org: က ၂ ယောက်ထဲရှိတဲ့ Miss ကို မတည့်အောင် ND ကိုယ်တိုင်ဖန်တီးခဲ့ကြပါတယ် … အရင်ပြိုင်ခဲ့တဲ့ လူက နောက်လူကို တာဝန်အရ လူမြင်ကောင်းအောင်ကလွဲလို့ အပြည့်အဝ Support ပေးဖို့မဖြစ်နိုင်အောင် ဖန်တီးခဲ့ကြပါတယ် …
နောက်ပိုင်းမှရိပ်မိလာတော့ Miss နှစ်ယောက်ကအချင်းချင်း ချစ်ချစ်ခင်ခင်ဆက်ဆံရေး ဖြစ်လာကြတဲ့အခါ ကျမှသာ အဖြစ်မှန်တွေသိရပါတယ် …
ဒီတော့ Organization က သဘောမကျတော့ပဲ အပြစ်မရှိ အပြစ်ရှာပြီး ပြသနာပေါင်းစုံဖြစ်ခဲ့ကြတော့တာပါပဲ …
နောက်ပြိုင်မယ့် Miss ကို “ရှေ့က စီနီယာကို အားမကိုးနဲ့ ငါတို့ Org: ကိုသာအားကိုး” ဆိုတာမျိုးဖြစ်အောင် ဖန်တီးခဲ့ကြပါတယ်..
ဒီတော့မှ “နင်တို့ကို ငါတို့ကစင်တင်ထားတာ ကျေးဇူးမကန်းနဲ့ ၊ ငါတို့ပြောတာ ငါတို့ခိုင်းတာလုပ်ရမယ်” ဆိုတဲ့ ပါဝါသုံးလို့ရမှာကိုး …
Org: ကပြောတာမလိုက်နာနိုင်ရင် (2013 ခေတ်ကာလ) သိန်း ၉၀၀ လျော်ရမယ်ဆိုတဲ့ စာချုပ်ရှိခဲ့ပါတယ် .. ပြိုင်ပွဲဝင်သူ Miss အနေနဲ့ ပြိုင်ပွဲကို လေယာဉ်လက်မှတ်ကအစ ကိုယ့်စရိတ်နဲ့ကိုယ်ပြိုင်ခဲ့ရပြီး တခုခု ပြသနာဖြစ်ရင် ကျွန်မတို့ သိန်း ၉၀၀ (USD 90,000) လျော်ပစ်ဖို့အထိ မဖြစ်နိုင်ခဲ့တော့ မတရားတဲ့ ၊ ညစ်တဲ့ ပြသနာမျိုးတွေ ဖြစ်လာခဲ့တဲ့အခါ စာနယ်ဇင်းတွေအထိအသိပေးဖို့ မဖြစ်နိုင်ခဲ့ပါဘူး …
နောက်တက်လာတဲ့မျိုးဆက်သစ်တွေကို ကိုယ်ရခဲ့တဲ့ အောင်မြင်မှု ထက်ပိုသာအောင် ဖေးမတွဲကူရမယ်ဆိုတဲ့ အတွေးအခေါ်အစား အချင်းချင်း မျက်နှာမမြင်ချင်အောင် သင်ကြားပေးနေတဲ့ Mindset ကို ချေဖျက်ပစ်မှ ဘယ် Industry မှာမဆို ပိုတိုးတက်လာတဲ့ ရလဒ်ကောင်းတွေကို မြင်ရမယ်လို့ ကျွန်မယူဆပါတယ် …
“ဒီ ကိစ္စကြီးက ရှေ့ကလူလုပ်ခဲ့တာ ငါကလက်မခံဘူး”ဆိုတဲ့ အယူအဆတွေနဲ့ ရှေ့ဆက်နေသေးသမျှ ကျွန်မတို့တွေဟာ ကမ္ဘာကြီးမှာနောက်ကျန်နေခဲ့ရမှာပါပဲ …
ကျွန်မ လက်ရွေးစင်ဖြစ်တဲ့ အထိ တဘဝလုံးစာနီးပါး သွေးနဲ့ချွေးနဲ့ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အားကစားဆိုရင်လဲ “ ရှေ့ဥက္ကဌလက်ထက်က ကျွမ်းဘားနည်းပြတယောက်က နောက်ဥက္ကဌ လက်ထက်မှာ နည်းပြမဟုတ်တော့ဘူး ၊ နည်းပြဖြစ်ချင်ရင် ကိုယ့်ဘာသာကိုယ် သတင်းပို့ပြီး လျှောက်လွှာထပ်တင် “ ဆိုတဲ့ စနစ်ကြီးနဲ့ ရှေ့ဆက်နေကြတုန်းပါပဲ … ဒီလို mindset နဲ့ Industry ကြီးတွေဟာ မြန်မာပြည်မှာ ဘယ်လောက်များနေသေးတယ် ထင်ပါသလဲ … ဘယ်လောက်ရယ်စရာကောင်းလိုက်ပါသလဲ …
မှတ်မှတ်ရရဆိုရရင် ကျွန်မကိုယ်တိုင် ကျွန်မပြိုင်ခဲ့တဲ့ ပွဲကြီးမှာ ၁၁ နှစ်အတွင်း နောက်ပိုင်းပြိုင်ပွဲဝင်တွေအပေါ် ကျွန်မ အားပေး လက်ဆင့်ကမ်းနိုင်တာဆိုလို့ကျွန်မအပေါ် လေးစားမှုထားပြီး “သူက ဒီပြိုင်ပွဲဝင်ကိုဝင်ပြိုင်မယ့်သူပါ” လို့ မိတ်ဆက်ပြောလာတဲ့ 2015 ကညီမလေး တယောက်သာရှိခဲ့ပါတယ် … ကျွန်မ ရဲ့ ညံ့ဖျင်းမှုပါပဲ .. ဒီထက် ပိုပြီး ညီမငယ်တွေအပေါ် တခုခုအကြံပေး ၊ အတွေ့အကြုံမျှဝေပေးခဲ့သင့်ပါတယ် …နောင်တရမိပါတယ် …
မညာတမ်းဝန်ခံရရင် ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကကျွန်မကိုယ်တိုင် (ဆုတော့မတောင်းပေမယ့်) ကျွန်မနောက်ပိုင်း ပြိုင်ပွဲဝင်က ဆုမရတဲ့အခါ စိတ်ထဲအဆင်ပြေသလိုရှိခဲ့ဖူးပါတယ်.. ပြန်တွေးပြီး ပြန်ရေးရင်းတောင် အားနာမိပါတယ် (ND နဲ့အဆင်မပြေခဲ့မှုတွေကြောင့်လဲပါမယ်ထင်ပါတယ်)
2014 နောက်ပိုင်းပြိုင်ပွဲတွေမှာတော့ အဲ့လိုမဟုတ်တော့ပါဘူး … ကိုယ်ရဲ့ နောက်ပိုင်းပြိုင်ပွဲဝင် Miss တွေ ဆုတွေရတာမြင်ရရင် ကျွန်မပျော်ပါတယ် … ကျွန်မရခဲ့တဲ့နေရာထက် ပိုရစေချင်ပါတယ် … ပိုအောင်မြင်စေချင်တယ် … Org: နဲ့လဲ အတူတူ ညီညီညွတ်ညွတ် ဆောင်ရွက်ပြီး တက်ညီလက်ညီ ဖြစ်စေချင်ပါတယ် …
ကျွန်မတို့ကာလမှာ ပံ့ပိုးမှုအားက ယခုခေတ်လောက်မကောင်းသေးပါဘူး … အမှတ်ရမိတာကတော့ ပြိုင်ပွဲကာလ ဝတ်စရာ အဝတ်အစားမရှိတော့လို့ နီးစပ်ရာ ၊လမ်းကြုံရာကနေ ကောက်ဝယ်ဝတ်ခဲ့ရတာမျိုးအထိရှိခဲ့ပါတယ်…
ယခုခေတ်မှာတော့ အဖက်ဖက်ကနေ ပံ့ပိုးမှုအား ပိုကောင်းလာပါတယ် … အဝတ်အစားအပြင်အဆင်ဆို ထင်းထွက်နေအောင် ပေါ်လွင်တယ် …
ဒီလိုပဲဖြစ်ရမှာပါ .. ရှေ့ကလူထက် နောက်လူတွေက ပိုသာ ၊ ပိုကောင်းရမယ် …
ဒါကိုလဲရှေ့လူတွေကလက်ခံပြီးပံ့ပိုးပေးနိုင်ရမယ် …
မိဘထက်သားသမီးကပိုတော်ရမယ် ဒီလိုဖြစ်
အောင်လဲ ပျိုးထောင်ပေးရပါမယ် …
နောက်ထပ်တက်လာမယ့် Generations တွေ ပိုတော် ၊ပိုကောင်း ၊ ပိုအောင်မြင်ဖို့ ၊ ကိုယ်ပြောချင်တဲ့စကား ပေးချင်တဲ့ မက်ဆေ့နဲ့ အရာရာကိုလွတ်လပ်စွာလုပ်ဆောင်နိုင်ဖို့ ၊ နယ်ပယ်အသီးသီးမှာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့အတွက်ကို အခုကျွန်မတို့တွေ ရှိသမျှ အကုန်ရင်းပြီး စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တိုက်ထုတ်နေကြတာပဲ ဖြစ်ပါတယ်…
အဓိကမြင်စေချင်တာကတော့ …
ပွဲတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေက စီးပွါးရေးအတွက် သီးသန့် လုပ်စား နေပြီး ၊ ဘယ်သူတွေကို အသုံးချ ငွေသဲ့ယူနေသလဲ ၊ ဘယ်သူက Miss ကို ကာကွယ်ပေးဖို့ ပိုတာဝန်ရှိပြီး ဘယ်သူတွေက မြေစာပင်ဖြစ်နေသလဲ … ဘယ်သူတွေက ဂျင်းထည့် စီးပွါးဖြစ်ကြသလဲဆိုတာ ကန်လန့်ကာ နောက်ဘက်ကိုလဲ မြင်အောင်ကြည့်စေချင်ပါတယ်… ရှိသမျှ Group တွေမှာ pop up ဖြစ်အောင် ဘယ်လို အောက်တန်းစားစိတ် ၊ တနပ်စားဉာဏ်နဲ့ လုပ်ဆောင်ခဲ့သလဲ ဆိုတာ ဆောင်ရွက်ခဲ့သူတွေ ပြန်ပြီး သုံးသပ်စေချင်ပါတယ်…
ကျွန်မရဲ့ ပုဂ္ဂလိက ခံစားချက်အနေနဲ့ ယခုနှစ် ပြိုင်ပွဲမှာ တတိယဆုရတဲ့ ပြိုင်ပွဲဝင်ညီမငယ်အတွက် မုဒိတာစိတ်ဖြစ်ပါတယ် … ဒါပေမယ့် နိုင်ငံရဲ့လက်ရှိအနေအထား ၊ အခြေအနေအရ ကျွန်မတကိုယ်ထဲသာ တိတ်
တိတ်လေး အားပေးချီးကျူးပြီး ဝမ်းထဲသိုထားဖြစ်ပါတယ်… ဘုတလင်ကိစ္စမှာ My day တင်တာတွေ့တာနဲ့တင် ရင်ဘက်တူသူညီမငယ် လို့ယူဆပါတယ် … အခုခေတ်လူငယ်လေးတွေက လက်ရှိအနေအထားတွေကို ပိုသိမြင်မယ် ထင်ပါတယ် …
အသက်တွေ ၊ ဘဝတွေ ပေးနေတဲ့ မိထော် ၊ ဟန်နီနွေဦး ၊ မနန်းဆယ်ဆယ် ကစလို့ ကျွန်မနာမည်မဖော်ပြနိုင်သော ၊ ဖော်ပြရန် ကျန်ရစ်သော ေ_တာ် လှ_န် ေ_ရး မှ လေးစားစရာ အမျိုးသမီးများကို ကျော်လွန်ပြီးနေရာပေး ၊ ချီးကျူးဂုဏ်ပြုမှု မလုပ်ပေးနိုင်တာ ကျွန်မရဲ့ အပြစ်လို့သာ ထားပါ …
စာလဲ အတော်ရှည်ပါပြီ …
ကျွန်မ မေတ္တာ ရပ်ခံချင်တာကတော့ ပွဲလဲ ပြီးပြီမို့
Miss Grand International အဖွဲ့အစည်းရဲ့ စီးပွါးရေးဆန်မှု ၊ နောက်ကွယ်က ပုံရိပ်အမြတ်ထုတ်ရန် ကြိုးစားမှု၊ Miss တွေကို လူထုအကျိုးပြုကိစ္စတွေဆောင်ရွက်ရမယ့်အစား MLM product တွေအရောင်းမြှင့်တင်ဝန်ထမ်းလို အသုံးချမှု စတာတွေကိုလဲ တွေ့မြင်ခံစားလိုက်ရပြီးလဲဖြစ်ပါတယ်.. ဒါကြောင့်မို့ မအလ အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူ အချင်းချင်း ဖြစ်နေတဲ့ စိတ်ဝမ်းကွဲမှုကို ဒီနေရာတင် ရပ်တန့်ပြီး ေ_တာ်လှ_န် ေ_ရး အောင်မြင်ဖို့ ၊ စ_စ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ ၊ အာဏာရှင်စနစ် ကျဆုံးဖို့ အတွက် အားထည့်ကြိုးစားကြသူတွေနဲ့ကူညီပူးပေါင်းဖို့မေတ္တာရပ်ခံလိုက်ရပါတယ် …3

ကိုဝေယံအောင် တင်ထားတာနဲ့ ပတ်သက်ပြီး ကျွန်မသိက္ခာ ကာကွယ်မှုပါ ..
စရိုက်ဆန်တယ်
ကျွန်မသည်
(၁) မိသားစုအုပ်ထိန်းမှုအောက်ကသမီးထွေး
(၂) WYTU 1st Batch က BE (IT) ဘွဲ့ရ အင်ဂျင်နီယာ
(၃) နိုင်ငံကိုယ်စားပြု ကျွမ်းဘားအားကစားသမား
(၄) တဖက်သားအပေါ် ရန်သူပင်ဖြစ်လင့်ကစား ကိုယ်/နှုတ် ကြမ်းတမ်းမှုယနေ့အထိ မရှိ
ဘယ်ဘဝက လာသလဲ
Miss မဖြစ်မီ ဘဝကတည်းက
(၁) ယခုချိတ်ပိတ်ခံထားရသော သိန်း ၅ ထောင်ကျော်တန် မိဘပိုင် အိမ် ၁ လုံးရှိ
(၂) မိဘပိုင် (မိမိနာမည်မပါ) သိန်း ၄ သောင်း ကျော်တန် အိမ် နှင့် ခြံ ၁ လုံးရှိ
(၃) မိဘပိုင် ကား ၂ စီးရှိ ( တစ်စီးမှာ miss အ​နေနှင့် ထိုင်းမှ ပြန်လာပြီးချင်း ဖခင်ဖြစ်သူမှ ပွဲတက် သွားလာရာတွင် သုံးရန် အမေ့အမည်ပေါက် ဝယ်ယူပေးခဲ့ပြီး၊ အဆိုပါကားကို သိန်းထောင်ချီ ချမ်းသာပါသည်ဆိုသော ND များမှ မကြာခဏ လမ်းကြုံလိုက်စီးဖူးခဲ့၊ ယခု ထိုကားကို ရောင်းချပြီး ကိုဗစ်ဖြစ်ချိန် ဆေးရုံစရိတ်အဖြစ်သုံးခဲ့၊ ပုံတွင်ကြည့်ပါရန်)
ဟိုဘက် အသိုင်းအဝိုင်း က စပွန်ဆာမျိုးစုံယူတယ်
(၁) ကုန်ပစ္စည်းအမှတ်တံဆိပ်ကြော်ငြာခ ရရန် ခန္ဓာကိုယ်ကို ချရင်းခဲ့​သော သမိုင်း မိမိထံတွင်မရှိ
(၂) ခန္ဓာရင်း၍ ရသော ဝင်ငွေ နှင့် ဝယ်ယူခဲ့သော တိုက်ခန်း၊ ကား၊ ကွန်ဒို မိမိထံတွင် တခုမျှမရှိ၊ ထို့အတူ အနုပညာကြေးနှင့်ရလာသော ဝင်ငွေ နှင့်လည်း ဝယ်ယူခဲ့ခြင်းမရှိ၊
(၃) ရရှိသမျှ အနုပညာကြေးများကို Triple H Gym အတွက် သုံးခဲ့ပြီး ကလေးများ gymnastics သင်တန်းတွင် ရင်းနှီးမြှုပ်နှံခဲ့
(၄) အားကိုးစရာ စပွန် ယခင် လဲ မရှိခဲ့၊ ယခုလဲ မရှိ၊ နောင်လဲ ရှိလာမည်မဟုတ်
အဖော်အချွတ်ရေကူးဝတ်စုံ calendar ၊ မျက်နှာဖုံးပါချင်၊ စည်းကမ်းဖောက်ဖျက်
(၁) အဖော်အချွတ် ပုံ ဟုတ်/မဟုတ် ပုံတွင်ကြည့်ရှုဆုံးဖြတ်နိုင်ပါရန်
(၂) အဆိုပါ သဘောမတူသောပုံအတွက် အနုပညာကြေး ၃၀% ကို ND မှ လက်ခံခဲ့
သူ့ကိုယ်စား အုပ်ထိန်းသူပါဆိုပြီး Org ကိုလာညှိတဲ့
ဦးKKH (Smart C.o,Ltd.)
(၁) Swimsuits နဲ့ရိုက်သောပုံသည် Smart C.o, Ltd. အတွက်ရိုက်ကူးသော Calendar ပုံဖြစ်
(၂) ထိုကာလက ဖြစ်ခဲ့သော swimsuits ပုံနှင့်ပတ်သက်သည့် ငွေရေးကြေးရေးနှင့် Org:ရပိုင်ခွင့်၊ ပုံရိပ်တန်ကြေး စသည့်ပြသနာများကြောင့် Calendar ပိုင်ရှင် မှ Org: နှင့် တိုက်ရိုက်ဖြေရှင်းခဲ့
(၃) Commercial ရိုက်ကူးရေးဆောင်ရွက်ခဲ့သော Calendar၊ Billboards, posters များ များစွာရှိ၊ ထိုခေတ်ထိုအခါ အခြေအနေအရ ဟိုဘက် အသိုင်းအဝိုင်းက သူဌေး၊ ဒီဘက် အသိုင်းအဝိုင်းက သူဌေး ဆိုပြီး ခွဲခြားအလုပ်လက်ခံခဲ့သူ မည်သည့်အနုပညာရှင်မျှ မရှိ
(၄) မိမိ Commercial ကြော်ငြာရိုက်ခွင့်ရရန် မည်သည့် လုပ်ငန်းရှင်နှင့်မျှ ခန္ဓာကိုယ်အပေးအယူမလုပ်ခဲ့ ၊ နောင်လဲ လုပ်မည်မဟုတ် ၊
ဘဝမေ့တဲ့ မဗျိုင်း
(၁) ၂၀၁၃ ထိုင်း ပြိုင်ပွဲ မှ ပြန်ရောက်ချိန်မှစ၍ ဖခင် စီစဉ်ပေးခဲ့သော ၂၀၀၂ ခုနှစ်မော်ဒယ် Toyota RAV4 ကားတစီးတည်းကိုသာ ၂၀၂၁ ဧပြီ အိမ်မှထွက်လာချိန်ထိ မပြောင်းမလဲ စီးခဲ့၊
(၂) ချိတ်ပိတ်ခံရသော အိမ်တွင်မွေးစမှ ၂၀၂၁ ကိုဗစ်ကာလအထိ နေထိုင်ခဲ့၊
ကိုဝေယံအောင် ရေးထားတာလေးတွေမှာ သဘောထားကွဲလွဲစရာ၊ အမြင်မတူတာလေးတွေ ပါနေလို့သာ ပြန်ပြီး အချက်အလက်မှန်ကန်စေလိုတဲ့အတွက် ရေးရခြင်းဖြစ်ပါတယ်.. ယခုအချိန်ဟာ ကျွန်မတို့ ကိုယ်ရေးကိုယ်တာထက် အရေးကြီးသောကိစ္စများစွာရှိနေပါတယ်..
အသက်စွန့်ဆောင်ရွက်နေကြသောညီအကိုမောင်နှမများ၊ အိုးအိမ်စွန်ခွါရသောမိသားစုများ၊ ခြေလက်အင်္ဂါစွန့်လွှတ်ပြီးဖြစ်သော၊ အသက်စွန့်ဆောင်ရွက်ပြီးဖြစ်သောရဲဘော်ရဲဘက်မောင်နှများကို အလွန်နှိမ့်ချသောအားနာစိတ်နဲ့တောင်းပန်ပြီး ကျွန်မသိက္ခာကို ကာကွယ်လိုသောစိတ်တခုထဲနဲ့ ဒီစာစုကို ရေးဖြစ်ပါတယ်…
ယခုစာစုကြောင့် ကိုဝေယံအောင်၏ ဖြစ်တည်မှုအပေါ် နှိမ့်ချဆဲဆိုခြင်း၊ေ_တာ်လှ_န် ေ_ရးတွင်ဆောင်ရွက်နေမှု များအပေါ် တိုက်ခိုက်ခြင်း၊ ဆဲဆိုခြင်း၊ ယခင်ကာလ ကိုယ်ရေးကိုယ်တာကိစ္စများပြန်လည်ဖော်ပြမှုများ မဆောင်ရွက်ကြဖို့ ကျွန်မအနေနဲ့ တောင်းဆိုပါတယ်..
ကျေးဇူးပြု၍ ယခုကိစ္စ ဒီနားတင်ရပ်ပြီး အာဏာရှင်ပျက်သုဉ်းရေးကိုသာ ဆက်လက်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ