နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ

by

in

နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ
ဆဏ်း / People’s Spring

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Miss Grand International(MGI) ပြိုင်ပွဲအပြီးတွင် မြန်မာအလှမယ် နှင့် National Directorတို့၏ အပြုအမှုအ​ပေါ် နိုင်ငံတကာမှ ပြိုင်ပွဲ ပရိတ်သတ်များက အပြင်းအထန် ​ဝေဖန်​နေကြသည်။
ပြိုင်ပွဲတွင် တတိယဆု (Second runner up)ရပြီး မ​ကျေမနပ်ဖြစ်​​နေ​သော MGI အတွက် မြန်
မာနိုင်ငံNational Director ထူးအံ့လွင်က မြန်
မာအလှမယ်စင်ပေါ်မှဆင်းလာစဥ်ခေါင်းပေါ်မှ တတိယဆု အတွက်​ပေး​​သော သရဖူကို ​ဒေါသတကြီးဖြုတ်ချခဲ့သည်။ ထို့အပြင် စလွယ်ကိုလည်း အတင်းဆွဲဖြုတ်ခဲ့သည်ကို အွန်လိုင်း၌ တင်ထားသည့် ဗီဒီယိုများ၌ တွေ့မြင်ရသည်။
ထို့​နောက် အလှမယ်ကို ပွဲမှအပြင်သို့အ​လောတကြီး ဆွဲ​​ခေါ်သွားပြီး ငို​နေ​သော အလှမယ်ကိုဓါတ်ပုံ ၊ဗီဒီယို ရိုက်​နေသည်ကိုလည်း ထူးအံလွင်က “အဲကင်မရာ ပိတ်ထားစမ်း”ဟု​အော်ဟစ်တားဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါအဖြစ်အပျက်အပျက်များကို နိုင်ငံတကာအလှမယ်ပြိုင်ပွဲများနှင့်ပတ်သက်၍ အသား​ပေး​ဖော်ပြ​ပေး နေသည့် Missology ဖေ့စ်ဘွတ်ခ်၌ ​ဖော်ပြပြီး နိုင်ငံတကာမှ ပရိတ်သတ်များက မြန်မာကိုပြင်းပြင်းထန်ထန် ​ဝေဖန်ပစ်တင်​နေကြခြင်းဖြစ်သည်။
“မြန်မာ ဒါရိုက်တာ နဲ့ မိန်းက​လေးတို့က အရှုံးကိုဘယ်လိုကိုင်တွယ်ရမှန်းမသိရင် ​နောင်ဘယ်ပြိုင်ပွဲမှ သူတို့ဝင်မပြိုင်တာ​ကောင်းပါတယ် ။ ဘယ်သူမဆို ကိုယ်နိုင်ငံအလှမယ် ဆုမရရင် ဝမ်းနည်းတက်ကြတာပါပဲ။ဒါ​ပေမယ့် အိန္ဒိယအလှမယ်က ထိုက်ထိုက်တန်တန်ရတာငါ​သေချာ​ပြောရဲတယ် “ဟု
Xiong Mai အမည်ရှိ ပရိတ်သတ်တစ်ဦးကမှတ်ချက်ပြုသည်။
Ningthem Mangangcha အမည်ရှိ ပရိတ်သတ် တစ်ဦးကလည်း “သူသာဆုရသွားမယ်ဆိုရင် စဥ်းစားသာကြည့်​ပေ​တော့ ။အဖွဲ့အစည်းလည်း သူ့ရဲ့ ရုန်ရင်းဆန်ခက် ဒရာမာ​တွေနဲ့ အ​တော်ကိုရိုကားယားဖြစ်သွားမှာ ။ပြီး​တော့ ဒါကပထမဆုံးအကြိမ်လည်းမဟုတ်ဘူး ။ National Costume ပွဲတုန်းကလည်းအခုလိုပဲ ။ဒါ​ပေမယ့် ငါတို့ကသူနဲ့ပတ်သက်ပြီး ဘာစာနာမှုမှ မ​ပေးနိုင်ဘူး ဘာလို့လည်းဆို​တော့ သူက သူ့နိုင်ငံကို အပြည့်အဝ ကိုယ်စားပြုနိုင်သူမဟုတ်လို့ပဲ ။ ဒါ​ပေမယ့် အခုဟာကြီးက​တော့အ​တော်များတယ်”ဟု ​ရေးသားမှတ်ချက်​ပြုသည်။
“ဒီလို အမူအကျင့်နဲ့က​တော့ ဘယ်လိုဆုမှမရဘူး”ဟု ပရိတ်သတ်တစ်ဦးကလည်းမှတ်ချက်ပြုသည်။
နိုင်ငံတကာ ပရိတ်သတ် အများစုက အရှူံးကိုလက်မခံနိုင်သည့် National Director နှင့် အသက်ငယ်
ရွယ်သော‌ ကြောင့် ခံစားမှုကို မထိန်းနိုင်သည့်အလှမယ်ဟု မြန်မာကို တံဆပ်ကပ်ထားကြသည်။
“အ​ဖြေကပလက်စတစ်တဲ့။ငါတို့ဘာ​မျှော်လင့်နိုင်မှာလဲ ။အရှုံးသမား”ဟု Princess Rivera အမည်ရှိ​ဖေစ်ဘွတ် သုံးစွဲသူကလည်း​​ ပြောသည်။
နောက်ဆုံးအဆင့်ဆန်ခါတင်ငါးဦးက ကမ္ဘာပေါ်မှာ စိုးရိမ်စရာအကောင်းဆုံး ပြဿနာနှင့်ပတ်သက်၍ ဖြေဆိုရသည့် အချိန်တွင် မြန်မာအလှမယ်က ပလက်စတစ်ပြဿနာကိုရွေးချယ်‌ ပြောကြားခဲ့ခြင်းဖြစ်သည်။ Stop the W‌ar and Violence ကို ရည်ရွယ်သည့် ပြိုင်ပွဲတွင် အလှမယ်များ၏ ဖြေဆိုသည့်အကြောင်းအရာ များသည် အဓိကကျသည်ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက သုံးသပ်ထားသည်။
ထူးအံ့လွင်က ပြိုင်ပွဲပြီးပြီးချင်းတွင် ၎င်း၏ ​ဖေစ်ဘွခ်၌ Cooking Show (လုပ်ပွဲ ) ဟု​​ရေးသား
ခဲ့သလို ၊Bye Forever ဟုလည်း​ရေးသားခဲ့သည်။
နောက်ဆုံးပြိုင်ပွဲ မစတင်မီ Miss Grand International ၏ ပိုင်ရှင် နှင့် ရင်းနှီးသူတစ်ဦးက ဆုလိုချင်ပါက လာဘ်ထိုးရန် ကမ်းလှမ်းခဲ့သည်ဟု Live လွှင့်ပြောခဲ့​သေးသည်။
သို့သော်လည်း ၎င်းဘက်မှ လက်မခံခဲ့သောကြောင့် ပြိုင်ပွဲမှပေးအပ်သည့် ဆုများတွင် မြန်မာကိုချန်လှပ်ခြင်းဖြစ်နိုင်သည်ဟုလည်းဆိုသည်။
National Costumeနှင့်ပတ်သက်၍လည်း ယ
ခင်နှစ်များက Voting အများဆုံးဝတ်စုံကို ဆုပေးလေ့ရှိသော်လည်း ယခုနှစ်တွင် Voting အများဆုံးရရှိသည့် မြန်မာဝတ်စုံကို ချန်လှပ်ခဲ့သည်ဟု ၎င်းကစွပ်စွဲထားသည်။
​အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းတွင်လည်း မီဒီယာများနှင့် အင်တာဗျူးတွင် သရဖူကို ပြန်အပ်မည်ဖြစ်သလို Miss Grand နှင့်ဆက်လက်လက်
တွဲလုပ်ဆောင်‌တော့မည်မဟုတ်ကြောင်း ထူးအံ့လွင်က ဖြေကြားထားသည်။
Miss Grand International ပြိုင်ပွဲတွင် ၇၅ နိုင်ငံမှ အလှမယ်များ အနက်မြန်မာက တတိယဆုရရှိခဲ့ခြင်းဖြစ်သောကြောင့် ယင်းနေရာကိုကျေနပ်သင့်ကြောင်းပရိတ်သတ်အချို့ကလည်းထောက်ပြသည်။
နောက်တစ်ကြိမ် ပြိုင်ပွဲသို့စေလွှတ်ပါက အတွေ့
အကြုံပြည့်ဝမှု ၊ ရင့်ကျက်မှု စသည့်အရာများနှင့်ပြည့်စုံသူကို ရွေးချယ်သင့်ကြောင်းပရိတ်သတ် အချို့ကလည်း အကြံပြုထားသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာသည် အဓိကဆုမရရှိခဲ့သည့်အပြင် Votingအတွက် သိန်းထောင် နှင့်ချီ၍လည်း ဆုံးရှူံးခဲ့သည်။
Voting နှင့်ပေးသည့် ဆုကို အင်ဒိုနီးရှားအလှမယ်က ရရှိခဲ့ပြီး Votingအများဆုံးရရှိသည့် National Costume ကို ပြိုင်ပွဲဘက်မှဆုရွေးချယ်ခြင်းမခံခဲ့ရပေ။
ယင်းပြိုင်ပွဲတွင် မြန်မာဆုမရသောကြောင့်​​ပေါက်
ကွဲသူများတွင် စစ်ကောင်စီထောက်ခံသူအများအပြားကိုလည်း တွေ့မြင်ခဲ့ရသည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်များ၌ ယင်း ပြိုင်ပွဲအပြီးတွင် Miss Grand International နှင့်သက်ဆိုင်သည့် ပေ့ခ်ျများကို Unfollow ပြုလုပ်ရန် တောင်းဆိုကြသည်။ဆုရ​သောအလှမယ်နှင့် MGI မ​ကောင်း​ကြောင်းကို
လည်းဆက်တိုက်​ရေးသားဝါဒဖြန့်ခဲ့သည်ကို​တွေ့ရသည်။
ပြိုင်ပွဲပြုလုပ်​နေချိန်တွင် နိုင်ငံအတွက်ဟု ခေါင်း
စဉ်တပ်ထားကြသူအများစုကလည်း ပွဲပြီးဆုမရ​​သောအခါ မြန်မာနိုင်ငံ၏ နိုင်ငံရေးမကောင်းသောကြောင့်ဆုမပေးခြင်းဖြစ်နိုင်သည်ဟုအကြောင်းပြလာသည်။
ယင်းကဲ့သို့ အကြောင်းပြလာသူများသည် ယခင်ကတည်းက နိုင်ငံရေးမကောင်းသည်ကို မသိကျိုးကျွံပြုနေသူများဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့ကမှတ်ချက်ရေးသားထားသည်။
ယခုနှစ် Miss Grand International ပြိုင်ပွဲစ
တင်ချိန်ကတည်းက နိုင်ငံအ‌ခြေအနေကို မျက်
ကွယ်ပြုကာ ထူးအံ့လွင်ကိုယ်တိုင်ဦးဆောင်၍ ငွေကြေးဖြင့် Voting ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။
တော်လှန်ရေးအင်အားစုများဘက်ကလည်း နိုင်ငံကိုယ်စားပြုဟု ခံယူထားပါက ကိုယ့်နိုင်ငံတွင် ဖြစ်နေသည့် အကြောင်းအရာကို နိုင်ငံတကာစင်မြင့်တွင် ပြောပေးသင့်ကြောင်း ထောက်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသို့ နှစ်စဉ်စေလွှတ်ယှဉ်ပြိုင်ခြင်းရှိသော်လည်းနိုင်ငံတကာစင်မြင့်၌ကိုယ့်နိုင်ငံအ
ကြောင်းပြောကြားဖူးသူမှာ သူဇာဝင့်လွင် နှင့်ဟန်လေးတို့ နှစ်ဦးသာရှိသည်။
ပြိုင်ပွဲတွင်သရဖူဆု မရသဖြင့် အလှမယ် နှင့် National Director တို့၏ အပြုအမူများနှင့် ပတ်သက်၍ “အခုချိန်ထိဒရာမာ​တွေ ရိုက်​နေတုန်းလား” ဟု ပရိတ်သတ်တစ်ဦး က​ပြောသည်။
“မြန်မာပြည်က ​နောက်ထပ် ဒရာမာတစ်ခု”ဟုနိုင်ငံတကာပရိတ်သတ်တစ်ဦးက​လည်း​ရေးသားသည်။
ရုပ်သံ- Missology