ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးကြောင်ပိုကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်သည့်အပြင် အမျိုးသားလိင်အင်္ဂါကို ဖြတ်တောက်ကာ ဦးခေါင်းပြတ်၏ ပါးစပ်ထဲသို့ ထိုးထည့်ထားခဲ့

by

in

ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးကြောင်ပိုကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်သည့်အပြင် အမျိုးသားလိင်အင်္ဂါကို ဖြတ်တောက်ကာ ဦးခေါင်းပြတ်၏ ပါးစပ်ထဲသို့ ထိုးထည့်ထားခဲ့
ရန်ကုန်၊ အောက်တိုဘာ ၂၄
အကြမ်းဖက်စစ်တပ်က ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးကြောင်ပိုကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့်အပြင် ၎င်း၏ အမျိုးသားလိင်အင်္ဂါကိုပါ ဖြတ်တောက်၍ ဦးခေါင်းပြတ်၏ ပါးစပ်ထဲထိုးထည့်ကာ ခေါင်းပြတ်ကို ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့ကြောင်း ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ကျေးရွာပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာလုံးကျွတ်ကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသော ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် မီးရှို့မှုကြောင့် ပြာကျပျက်စီးခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာသွားပြီးနောက် အလွန်ရက်စက်စွာ သတ်ဖြတ်ထားသော ပြည်သူ ၆ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး ကျေးရွာသာ ဦးကြောင်ပို၏ ဦးခေါင်းပြတ်တွင် အမျိုးသားလိင်အင်္ဂါကို ဖြတ်တောက်၍ ဦခေါင်းပြတ်၏ ပါးစပ်ထဲသို့ ထိုးထည့်ချိတ်ဆွဲခဲ့ကြောင်း စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ရှင်းပြသည်။
“စစ်တပ်က ချိတ်ဆွဲခဲ့တဲ့ ခေါင်းပြတ်တစ်ခေါင်းက ကျနော်တို့ရွာက အသက် ၇၀ အမျိုးသားတစ်ဦးဖြစ်တဲ့ဦးတင်လှိုင် ဦးခေါင်း။ အလယ်က အသက် ၆၀ကျော် ဦးကြောင်ပိုရဲ့ ဦးခေါင်းပြတ်ဖြစ်ပါတယ်။ မျက်နှာကို ဓားနဲ့မွှန်းထားတဲ့ခေါင်းကတော့ က နာမည်အတည်ပြုလို့မရဘူး။ အလယ်က ဦးကြောင်ပိုရဲ့ ဦးခေါင်းပြတ်မှာ သူရဲ့လိင်အင်္ဂါကို ဖြတ်ပြီးတော့ ပါးစပ်ထဲကို ထည့်ထားခဲ့တာ” ဟု စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က
စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်ကောင်စီက ရက်ရက်စက်စက်သတ်ဖြတ်ထားပြီး သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ အလွန်ရက်စက်စွာ သတ်ဖြတ်ထားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်ခြင်း၊ လူ၏ အူနှင့် ကလီစာများကို ရွာနေရာအနှံ့တွင် စွန့်ပစ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူများမှာ စီပါကျေးရွာမှ ဦး‌တင်လှိုင် ၊ ဦးကြောင်ပို ၊ ဦးရာစိန်၊ ဦးဌေးလွင် နှင့်အမည်မသိသူ ၂ ဦးတို့ဖြစ်ကြကြောင်း သိရှိရသည်။
အောက်တိုဘာလဆန်းပိုင်းမှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ဘုတလင်မြို့နယ်တွင် ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး ဓားစာခံဖမ်းဆီးထားသည့် ပြည်သူ ၄၀ ကျော်ကိုပါခေါ်ဆောင်သွားခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းမှာ မုံရွာအခြေ စိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။