မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ စစ်ကောင်စီကို တရုတ် တိုက်တွန်း

by

in

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ စစ်ကောင်စီကို တရုတ် တိုက်တွန်း

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေး ဖို့နဲ့ မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ စီမံကိန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးတိုးမြှင့်ပေးဖို့ တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက သတင်းထောက်တစ်ဉီးရဲ့ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့မေးမြန်းချက်ကို သ တင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေကြားခဲ့တာပါ။

အောက်တိုဘာလ ၁၈ ရက်က မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ဖောက်ခွဲရေးပစ္စည်း နဲ့ တိုက်ခိုက်ခဲ့ရာ လူသေဆုံးမှုမရှိပေမယ့် အဆောက်အအုံမှာ အနည်းငယ် ထိခိုက်ခဲ့တယ်လို့ လင်ကျင်း က ပြောပါတယ်။

“တိုက်ခိုက်မှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက အလွန်အမင်း တုန်လှုပ်မိပြီး အဲလိုလုပ်ရပ်ကို အပြင်း အထန် ရှုတ်ချပါတယ်” လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံက အဆိုပါဖြစ်စဉ်အတွက် မြန်မာစစ်ကောင်စီကို ကန့်ကွက်ထားပြီး တိုက်ခိုက်မှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့၊ ဉပဒေနဲ့အညီ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးကာ အပြစ်ပေးဖို့ တိုက် တွန်းထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေ လုံခြုံရေးအတွက် တာဝန်ခံမယ့် အပြည် ပြည်ဆိုင်ရာဉပဒေပါ ကတိကဝတ်တွေနဲ့ တာဝန်တွေကို ဖြည့်ဆည်းပေးဖို့ မြန်မာစစ်ကောင်စီက ကတိ ပြုခဲ့ပါတယ်။

ကိုးကား – CGTN
Ref; China urges Myanmar to thoroughly investigate attack on Chinese Consulate-General in Mandalay