နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

by

in

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)
အောက်တိုဘာ ၂၂၊ ၂၀၂၄
နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်တန်းသားအသစ် ၂၀၀ ကို စစ်သင်တန်းပေးမယ်
အောက်တိုဘာ ၁၅

နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်တန်းသားအသစ် ၂၀၀ ကို စစ်သင်တန်းပေးမယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO) ရုံးအဖွဲ့မှူးက မြို့တော်ကို ပြောပါတယ်။
“လောလောဆယ်တော့ ရောက်လာတဲ့ သင်တန်းသားအသစ်တွေကို အခြေခံသင်တန်းတွေ ပေးနေတာတွေရှိတယ်။ ထပ်ပြီးတော့ တပ်ဖွဲ့ရဲ့ ဌာနကြီး ၄ ခုအတွက် သင်တန်းသား ၂၀၀ လောက်ကို သင်တန်းပေးဖို့ ရှိပါတယ်”လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO) ရုံးအဖွဲ့မှူးက ပြောပါတယ်။
နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ လက်နက်ကိုင် တိုက်ခိုက်ရေးအဖွဲ့၊ လက်နက်ငယ်တိုက်ခိုက်ရေးအဖွဲ့၊ လက်နက်ကြီး တိုက်ခိုက်ရေးအဖွဲ့၊ ဒရုန်းတပ်နဲ့ ရုံးပိုင်းဆိုင်ရာ ဆောင်ရွက်ဖို့ဆိုတဲ့ အဖွဲ့ဆိုပြီး ဖွဲ့စည်းထားတဲ့ဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် သင်တန်းသား ၂၀၀ ခေါ်ပြီး သင်တန်းပေးမယ်လို့ ရုံးအဖွဲ့မှူးက ရှင်းပြပါတယ်။
လက်ရှိ နေပြည်တပ်တွေဟာ မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲတိုက်ခိုက်
နေသလို နောက်တန်းရဲဘော်တွေကလည်း ပြင်ဆင်စုဖွဲ့ ဒီပုံစံတွေ ဆောင်ရွက်နေတာဖြစ်တယ်လို့
နေပြည်တော် ပကဖ(PDO)ရုံးအဖွဲ့မှူးက ပြောပါတယ်။
အာဏာရှင်စနစ်ဆိုးကို အတူဖြိုဖျက်တွန်းလှန်ဖို့ အတွက် နေပြည်တော်-ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ရဲဘော်သစ်တွေကို စိစစ်ရွေးချယ် ခေါ်ယူနေတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေး အဖွဲ့ရုံး အဖွဲ့မှူးက အောက်တိုဘာလ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြို့တော်