ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

by

in

ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်
ရန်ကုန်၊အောက်တိုဘာ ၇
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ၏ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) တိုင်းတာဝန်ခံ ရဲဘော်နောင်ရိုး တက်ရောက်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း၊ အကောင်းဆုံးသင်တန်းသားထူးချွန်ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းပကဖရဲဘော်များ သစ္စာရေသောက်ခြင်း၊ ချီတက်အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။