အသေးစား၊အလတ်စားလုပ်ငန်းများကိုငွေချေးရန်ဆိုကာ ဘဏ် ၁၅ခုကိုစစ်ကောင်စီက ကျပ်ဘီလီယံ ၁၅၀ ငွေဖြည့်ပေးဟုဆို
စောနွေဦး/People’s Spring
အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ချေးငွေဆိုင်ရာလုပ်ငန်းတို့အကြားပူးပေါင်းဆောင်
ရွက်မှု သဘောတူစာချုပ်များဟုဆိုကာ စစ်ကောင်
စီနှင့် ပြည်တွင်းဘဏ် ၁၅ ခုတို့ အောက်တိုဘာ ၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အသေးစား၊ အငယ်စားနှင် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)ဖွံဖြိုးတိုးတက်စေရန်ဟုဆိုကာ ကျပ်ငွေ ဘီလီယံ ၁၅၀ကို စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တို့အပါအဝင် ဘဏ်၁၅ခုကို ချေးငွေအဖြစ်ပေးမည်ဟု ဆိုထားသည်။
ထိုချေးငွေအတွက် ဘဏ်များက ချေးငွေထုတ်ချေးမည့် နည်းလမ်းများ၊ အဆိုပြုလွှာများကို စစ်ကောင်စီထံတင်ပြရသည်ဟုလည်းဆိုသည်။ ထုတ်ချေးသည့်ဘဏ်အမည်များကိုစစ်ကောင်စီကထုတ်ပြန်ကြေငြာခြင်းမရှိပေ။
“ဒီချေးငွေတွေက MSMEတွေစီကို ရောက်မှာမဟုတ်ဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးကောင်းနေတဲ့ အချိန်မှာတောင် ဒီလုပ်ငန်းတွေဆီကို ချေးငွေရောက်ဖို့ အရမ်းခက်တာ အခုချိန်မှာ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဏ်တွေအတွက်လိုအပ်တဲ့ ငွေကြေးကို ခေါင်းစဉ်တပ်ပြီး ဖြည့်ပေးလိုက်တာလိုပဲ သတ်မှတ်ရမှာပဲ”ဟု ပြည်တွင်းဘဏ်မန်
နေဂျာတစ်ဦးက ပြောသည်။
စစ်ကောင်စီက MSMEလုပ်ငန်းများအတွက် ကျပ်ငွေ ဘီလီယံ ၁၇၀ ကို ရန်ပုံငွေအဖြစ်တည်ထောင်ထားပြီး ထိုထဲမှ ကျပ် ဘီလီယံ ၁၅၀ ကို ယခုထုတ်ချေးခြင်းဖြစ်သည်ဟု စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
စစ်ကောင်စီက တိုင်းပြည်စီးပွားရေးနှင့်ဘဏ္ဍာရေးအကြပ်အတည်းဖြစ်လာချိန်တွင် ငွေစက္ကူအများအပြားရိုက်ထုတ်သောနည်းဖြင့်ဖြေရှင်းနေသည်။
သို့သော်သြဂုတ်ဘလယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီဝမ်ယိ ခရီးစဥ်ပြီးနောက် တရုတ်က စစ်ကောင်စီကို တရုတ်ယွမ် ၃ ဘီလီယံ(ဒေါ်လာ သန်း ၄၃၀ခန့်)ကို သဘာဝဓါတ်ငွေဖိုးခေါင်းစဥ်ဖြင့်ပေးခဲ့ကြောင်းစုံစမ်းသိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်အတွင်း ကျပ် ၃၀ ထရီလီယံ(၁ ထရီလီယံတွင် ၁၀၀၀ ဘီလီယံရှိသည်) ခန့် ရိုက်ထုတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောထားသည်။
ထိုအပြင် သြဂုတ်လတွင်စစ်ကောင်စီသည်တပါတ်
အတွင်းကျပ် ၃ ထရီလီယံရိုက်ထုတ်ခဲ့ကြောင်း
ဧရာဝတီသတင်းဌာနကရေးသားခဲ့သည်။