မန္တလေးတိုင်းအတွင်းရှိ ‌နယ်မြေရဲစခန်းကို တော်လှန် ရေးတပ်ဖွဲ့များ တိုက်ခိုက်

by

in

မန္တလေးတိုင်းအတွင်းရှိ ‌နယ်မြေရဲစခန်းကို တော်လှန် ရေးတပ်ဖွဲ့များ တိုက်ခိုက်
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မင်းနေကုန်းနယ်မြေရဲစခန်းကို မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများတပ်စွဲထားသည့် နယ်မြေရဲစခန်းကို ယမန်နေ့ အောက်တိုဘာ ၅ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင်စတင်၍ ၆၀ မမ လက်နက် ကြီးများ၊ ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger-MBT အဖွဲ့ထံက သိရ သည်။
မင်းနေကုန်းနယ်မြေရဲစခန်းကို လက်နက်ကြီး ငါးလုံး၊ ဒရုန်းဗုံးသီး ၁၅ လုံးတို့ဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများလည်းရှိကြောင်း သိရသည်။
အဆိုပါ နယ်‌မြေရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာရာတွင် စစ်ကောင်စီဘက်မှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Myingyan Black Tiger-MBT၊ နောင်ရိုးတပ်ဖွဲ့၊ MGN-35၊ MGN Tiger၊ ဗိုလ်စားတပ်ဖွဲ့၊ ပြည်ချစ်သား၊ ဧရာဝတီမင်းသားတပ်ဖွဲ့၊ Myingyan Denger Dynamite၊ ABCDF၊ နွားထိုးကြီးပကဖ၊ မြင်းခြံခရိုင်တပ်ရင်း ၈၊ ဂျိုးဖြူစသည့်တပ်ဖွဲ့များက ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Myingyan Black Tiger-MBT
#မန္တလေး #ငါန်းဇွန်း #မင်းနေကုန်းရဲစခန်း #တော်လှန်ရေးတပ်များ #တိုက်ခိုက် #Ayeyarwaddy_Times