ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

by

in

ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)
အောက်တိုဘာ ၆၊ ၂၀၂၄

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ရှိ ဒီပဲယင်းရဲစခန်းနဲ့ ဒီပဲယင်းအထကကျောင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၅ ရက် က တော်လှန်ရေးတပ်တွေ ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့တယ်လို့ ရေဦးပကဖ ထံက သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေရဲ့ သေဆုံးမှုကို မြေ ပြင်အခြေအနေအရ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ်ပကဖ Galaxy Force(G F)၊ ရေဦးမြို့နယ်ပကဖ ဖီးနစ်တပ်ခွဲနဲ့
အဖြူရောင်အဖွဲ့ ဒီပဲယင်း ပကဖ အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။