အင်္ဂပူတွင် အသက်ပြည့်ပြီးလူငယ်များကို ပျူစောထီးခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူးက ကျပ်ငွေ နှစ်သိန်းကျော်တောင်းယူ

by

in

အင်္ဂပူတွင် အသက်ပြည့်ပြီးလူငယ်များကို ပျူစောထီးခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူးက ကျပ်ငွေ နှစ်သိန်းကျော်တောင်းယူ
ဧရာဝတီတိုင်းမ်

အောက်တိုဘာ ၂ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စုတွင် ပျုစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက အသက်ပြည့်ပြီး လူငယ်များကို ကျပ်ငွေ နှစ်သိန်းငါးသောင်း တောင်ယူနေကြောင်း ဒေသခံများထံကသိရသည်။
စစ်မှုထမ်းဆောင်ရန် လူငှားထည့်ရမည်ဟုပြောဆိုကာ အသက် ၁၈ နှစ်မှ ၃၅အတွင်း စစ်မှုထမ်းဆောင်ရန်အကြုံးဝင်သည့် လူငယ်များအားလုံးကို ငွေတောင်းယူနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့လူငယ်တိုင်း ငွေပေးရမှာ။ တစ်အိမ်မှာ တစ်ယောက်ရှိရင် တစ်ယောက်ဖိုးငွေပေးရမယ်။ အသက်ပြည်ပြီးသုံးရောက်ရှိရင်လည်း ခုနှစ်သိန်းခွဲအပြည့်ပေးရမယ်လို့ ပျူခေါင်းဆောင်က သူ့အိမ်အစည်းဝေးခေါ်ပြီးပြောပြီး အဓမ္မလိုက်ကောက်နေတာ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ပျူစောထီးခေါင်းဆောင်မှာ ဦးသိန်းဇော်ဖြစ်ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမှာ ဦးကိုဌေး ဖြစ်ကာ စစ်မှုထမ်းအကြောင်းပြ၍ ကိုယ်ကျ်ိုးအတွက်အသုံးပြုရန် ငွေအဆမတန်တောင်ယူသည့် လုပ်ရပ်သာဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော်၏ အမျိုးသမီးဖြစ်သူကလည်း ၎င်းတို့ကောက်ခံသည့် ငွေများ အပြည့်အဝမပေးပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ယူ၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် ဧရာဝတီတိုင်းရှိ လူငယ်များကို ပုသိမ်မြို့၊ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးကျောင်းနှင့် အင်္ဂပူမြို့နယ်ရှိ ကွင်းကောက် အမှတ်(၅)စစ်ကောင်စီ တန်းမြင့်သင်တန်းကျောင်းများကို စစ်မှုထမ်းသင်တန်းတက်ရန် အဆက်မပြတ်ပို့ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ-ပျုစောထီးခေါင်းဆောင် ဦးသိန်းဇော်နှင့် အုပ်ချုပ်ရေးမှူး ဦးကိုဌေး
#အင်္ဂပူ #အသက်ပြည့်ပြီးလူငယ်များ #ပျူစောထီး #ခေါင်းဆောင် #အုပ်ချုပ်ရေးမှူး #ကျပ်ငွေနှစ်သိန်းကျော်တောင်း #Ayeyarwaddy_Times