တရုတ်မှ ရောက်ရှိလာသော FTC 2000 G တိုက်လေယာဉ်သစ် ၆ စီးကို နမ့်စန်နှင့် မိတ္တီလာလေတပ်တို့တွင် ၃ စီးစီ ခွဲခြားထားရှိပြီး FTC လေယာဉ်အုပ်မှူးအဖြစ် ဒုဗိုလ်မှူးကြီး ဝင်းဟန်ဦးနှင့် ဒုအုပ်မှူးအဖြစ် ဗိုလ်မှူးဇေယျာထွန်းတို့က ဦးစီးနေ 🟥 နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်အများစုတွင် FTC 2000 G တရုတ်တိုက်လေယာဉ်များကို အဓိသုံးနေ

by

in

တရုတ်မှ ရောက်ရှိလာသော FTC 2000 G တိုက်လေယာဉ်သစ် ၆ စီးကို နမ့်စန်နှင့် မိတ္တီလာလေတပ်တို့တွင် ၃ စီးစီ ခွဲခြားထားရှိပြီး FTC လေယာဉ်အုပ်မှူးအဖြစ် ဒုဗိုလ်မှူးကြီး ဝင်းဟန်ဦးနှင့် ဒုအုပ်မှူးအဖြစ် ဗိုလ်မှူးဇေယျာထွန်းတို့က ဦးစီးနေ
🟥 နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်အများစုတွင် FTC 2000 G တရုတ်တိုက်လေယာဉ်များကို အဓိသုံးနေ
ရန်ကုန်၊ စက်တင်ဘာ ၃၀
အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံမှ ဝယ်ယူထားသော FTC 2000 G လေ ယာဉ်သစ် ၆ စီးသည် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အဆို ပါ တိုက်လေယာဉ်သစ်များကို နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အများစုတွင် အသုံးပြုနေကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံထုတ် FTC 2000G လေယာဉ်သစ် ၆ စီး ရောက်ရှိခဲ့ပြီး နမ့်စန်လေတပ်တွင် ၃ စီး၊ မိတ္တီလာလေတပ်တွင် ၃ စီး ထားရှိကြောင်း၊ FTC 2000G လေယာဉ်အုပ်မှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးကို စစ်ကောင်စီက ခန့်အပ်ထားပြီး နမ့်စန် လေတပ်တွင် ကြီးကြပ်ကွပ် ကဲနေကြောင်း၊ မိတ္တီလာလေတပ်ရှိ FTC 2000 G လေယာဉ်သစ် ၃ စီးကို ဗိုလ်မှူး ဇေယျာထွန်းက ဦးစီးလျက်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံတစ်ဝန်းမှ လေကြောင်းတိုက်ခိုက်မှုများကို FTC 2000 G လေယာဉ်သစ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။
“ဝင်းဟန်ဦး (ဒုဗိုလ်မှူးကြီး) ကအရင်က တရုတ် F7 တိုက်လေယာဉ်အုပ်က လာတာ။ အခုတေ့ FTC 2000 G အုပ်မှူးဖြစ်လာတာ။ နမ့်စန် လေတပ်မှာ သူက ထိုင်တယ်။ လေယာဉ်သစ် ၆ စီးကို နမ့်စန်မှာ ၃ စီးထားတယ်။ မိတ္တီလာမှာ ၃ စီးထားတယ်။ မိတ္တီလာမှာရှိတဲ့ FTC 2000G တွေကို DSA အပတ်စဉ် ၄၆ က သူရဘွဲ့ရထားတဲ့ ဗိုလ်မှူး ဇေယျာထွန်းက ဦးစီးတယ်။ ဝင်းဟန်ဦးအောက်ကပေါ့” ဟု လေတပ်သတင်းရင်းမြစ်က ဆိုသည်။
ယခင် ၂၀၂၂ ခုနှစ်အတွင်း ရောက်ရှိခဲ့သော FTC 2000 G လေယာဉ် ၆ စီးမှာ တိုက်ခိုက်ရေးတွင် အသုံးများပြားခဲ့ပြီး တစ်စီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးတွင် FTC 2000 G လေယာဉ်ကို KIA က ပစ်ခတ် ချခဲ့သဖြင့် ၅ စီးသာကျန်ရှိတော့ကြောင်း၊ ယခုနှစ်အတွင်း ထပ်မံ၍ FTC 2000 G လေယာဉ်သစ် ၆ စီးရောက်ရှိခဲ့သောကြောင့် စုစုပေါင်း လေယာဉ် ၁၁ စီး ရှိကြောင်း သိရှိရသည်။
“အရင် FTC လေယာဉ်က ၆ စီးရှိတာမှာ ၁ စီးက နမ့်ဖတ်ကာမှာ ပစ်ချခံရတယ်။ အဲဒါကြောင့် ၅ စီးကျန်တယ်။ အခု အသစ် ၆ စီးထပ်ရောက်တော့ စုစုပေါင်း ၁၁ စီးရှိတယ်။ အခု မြင်းခြံ တောင်သာ မတ္တရာ လားရှိူး တော်တော်များများ ဝင်းဟန်ဦးက နမ့်စန်ကနေ ကွပ်ကဲပြီး ခိုင်းနေတာ။ ဆီကလည်း အရမ်းခိုး။ လေ ယာဉ် က ပျံသန်းချိန် hour ပိုရလေ များများဆီခိုးရာင်းလို့ရလေဆိုတော့ သူပဲ ကွပ်ကဲနေတာ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- တရုတ်နိုင်ငံလုပ် FTC 2000 G မြန်မာ တိုက်လေယာဉ်များ။