ကချင်ပြည်နယ်မှာ စစ်ကောင်စီသင်္ဘောတွေကို KIA နှင့်PDF ပူးပေါင်းတပ်များက ဘယ်လို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာလဲ (ရုပ်/သံ)

by

in

ကချင်ပြည်နယ်မှာ စစ်ကောင်စီသင်္ဘောတွေကို KIA နှင့်PDF ပူးပေါင်းတပ်များက ဘယ်လို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာလဲ (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၂၉

ကချင်ပြည်နယ်အတွင်း ဧရာ၀တီမြစ်ကြောင်းအတိုင်း သွားလာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက စက်တင်ဘာလ ၂၀ ရက်နေ့ဝန်းကျင်အချိန် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး အဆိုပါ စစ်သင်္ဘော ၄ စီးကို KIA က သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်သင်္ဘော ၇ စီးအနက်မှ ၁ စီးသာလျှင် ဗန်းမော်သို့ ရောက်ရှိလာကြောင်း၊ ထီးချိုင်မြို့နယ် မြတောင်တွင်လည်း စစ်သင်္ဘော ၂ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ရွှေကူအထက် မြစ်ကျဉ်းတွင်လည်း စစ်သင်္ဘော ၂ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။